Sunday, September 8, 2013

မိမိလက်ဝါးရာရိုက်နှိပ်ခြင်းဖြင့် လူကုန်ကူးခံရမှုအား ကာကွယ်နိုင်



စက်တင်ဘာလ ၁၃ရက်နေ့တွင် ကျရောက်မည့် မြန်မာနို်င်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် Wall of Pledge အစီအစဉ်ကို City Mart Holding Co.,Ltd ၏ CityLove & Hope Foundation မှ City Mart မြေနီကုန်းCity Mart ၊မန္တလေး CityMart နှင့် Ocean North Point Supercenterများ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါအစီအစဉ်မှာသတ်မှတ်စူပါမားကတ်များ၌ရံပုံငွေတစ်ထောင်ကျပ်ထည့်ဝင်၍မိမိလက်ဝါးတံဆိပ်များကိုWall of Pledge အစီအစဉ်၌ ထည့်သွင်းရိုက်နှိပ်ခြင်းဖြင့် လူကုန်ကူးမှုအား တစ်ဘက်တစ်လမ်းမှ ကာကွယ်နိုင်ခြင်း ဖြစ်သည်။

အဆိုပါအစီအစဉ်ကို City Love &  HopeFoundation မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (လူကုန်ကူးမှု တိုက်ဖျက်ရေး ဗဟို)နှင့်NGOအဖွဲ့များဖြစ်သည့် afxb,IOM,Jica,MTVExit,SavetheChildren, UNIAP,unicef, WALKFREE, World Vision တို့ပူးပေါင်း၍စက်တင်ဘာလ ၇ရက်နှင့်၈ရက်များ၌ ကျင်းပပြု လုပ်ခြင်းဖြစ်သည်။

 “လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပါဝင်ဖို့ MTV exit ကနေလာရောက်ချိတ်ဆက်ပြောကြားတဲ့အတွက် City Mart အနေနဲ့ပါဝင်ကူညီလုပ်ဆောင်သွားမှာပါ။

ဒီပွဲမှာရရှိတဲ့အလှူငွေတွေကိုလူကုန်ကူးမှုကာကွယ်တားဆီးတဲ့အဖွဲ့တွေကို လှူဒါန်းသွားမှာပါ”ဟု CityMart Holding Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေး၌အများပြည်သူပါဝင်ကူညီထောက်ခံနိုင်ရေး ဆေးသုတ်ထားသော လက်ဝါးရာများ ကို Wall of Pledge ပိတ်ကားပေါ်တွင် လက်ရာနှိပ်၍ လက်ဝါးရာတစ်ခုလျှင် ကျပ်

၁၀၀၀ နှုန်းရံပုံငွေအဖြစ် သတ်မှတ် ခံကာ အဆိုပါလက်ခံရရှိငွေများအား လူကုန်ကူးမှု ကာကွယ် တားဆီးတဲ့အဖွဲ့များသို့ လှူဒါန်းသွားမည်ဖြစ်သည်။

“လေ့လာမှုတွေအရ လူကုန်ကူးခံရမှုနှုန်းဟာ အာဖရိကဒေသတွေထက် အာရှပစိဖိတ်ဒေသတွေမှာ ၃ဆပိုများနေတယ်။လူကုန်ကူးမှုကာကွယ်တားဆီးရေးမှာ

ပြည်သူ့ဝန်ထမ်းတွေကလည်းပူးပေါင်းပါဝင်တားဆီးကြရမှာပါ။”ဟု လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှရဲမှူးချုပ် ဦးခင်မောင်စီကပြောကြားသည်။

ဇော်မျိုးဦး(မြစ်မခ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...