Sunday, September 8, 2013

ယာဉ်တိုက်မှုဖြစ်ပွားပြီး တိမ်းရှောင်နေသည့် ကျူးလွန်သူများကို ဖမ်းမိနိုင်ရေး ပြည်သူများ ပူးပေါင်းပါဝင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ပြောကြား




Created on Saturday, 07 September 2013
ရန်ကင်းမြို့နယ်အတွင်း အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် လမ်းဘေးပလက်ဖောင်းအား ကျော်လွန်ကာ မြောင်းထဲသို့ ပြုတ်ကျခဲ့သည့် ယာဉ်တစ်စီး (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

မြန်မာနိုင်ငံအတွင်း ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ကျူးလွန်သူများကို ဖမ်းဆီးရရှိမှု မရှိသည့် ဖြစ်စဉ်များ ရှိနေသဖြင့် ပြည်သူများ ပူးပေါင်းပါဝင်ရန် အထူးလိုအပ်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက စက်တင်ဘာ ၇ ရက် နံနက်က ပြောကြားသည်။ ယင်းကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ကျူးလွန်သူများကို ဖမ်းဆီးရရှိခဲ့သည့် ဖြစ်စဉ်များ ရှိနေသော်လည်း ထွက်ပြေးတိမ်းရှောင်နေသည့် ကျူးလွန်သူများကို ကာလရှည်ကြာစွာ မမိသေးသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

ပြည်သူတွေအနေနဲ့ ကားအရောင်၊ ကားရဲ့အက္ခရာနဲ့ ရှေ့ဂဏန်းနှစ်လုံးကို သိတယ်ဆိုတာနဲ့ ဒီကျူးလွန်တဲ့သူကို အမြန်ဆုံး ဖမ်းမိနိုင်ပါတယ်။ အချို့ဖြစ်စဉ်တွေက ပတ်ဝန်းကျင်မှာ လူတစ်ယောက်မှ မရှိတဲ့ အမှုမျိုးဆိုရင်တော့ ကျူးလွန်သူကို ဖမ်းမိဖို့ တော်တော်လေးကို စစ်ဆေးရပါတယ် . . . . .


"ယာဉ်တိုက်ပြီး ထွက်ပြေးသွားတဲ့ ကျူးလွန်သူတွေကို ဖမ်းမိတာတွေ ရှိသလို ဖမ်းမမိသေးတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ အချို့တရားခံတွေကိုလည်း နှစ်ချီပြီးတော့ မမိသေးတာတွေလည်း ရှိတယ်။ ဒီလိုထွက်ပြေးသွားတဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ ပြည်သူတွေ အနေနဲ့ တိုက်ပြီးထွက်ပြေးသွားတဲ့ ကားအရောင်၊ ကားအမျိုးအစားနဲ့ ကားနံပါတ်ကို သက်ဆိုင်ရာ ရဲစခန်းကို သွားရောက်ပြီးတော့ ရဲရဲဝံ့ဝံ့ သတင်းပေးပြီးတော့ ပူးပေါင်းပါဝင်ဖို့ လိုတယ်။ အချို့ဖြစ်စဉ်တွေမှာဆို ယာဉ်တိုက်မှု ဖြစ်သွားတဲ့ နေရာတွေမှာ နယ်မြေခံရဲတွေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ မရှိတဲ့ အခါကျရင်တော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပြည်သူတွေက ပူးပေါင်းပါဝင်ဖို့ အထူးလိုအပ်တယ်။ မျက်မြင်တွေ့လိုက်တဲ့ ပြည်သူတွေအနေနဲ့ ကားအရောင်၊ ကားရဲ့အက္ခရာနဲ့ ရှေ့ဂဏန်းနှစ်လုံးကို သိတယ်ဆိုတာနဲ့ ဒီကျူးလွန်တဲ့သူကို အမြန်ဆုံး ဖမ်းမိနိုင်ပါတယ်။ အချို့ဖြစ်စဉ်တွေက ပတ်ဝန်းကျင်မှာ လူတစ်ယောက်မှ မရှိတဲ့ အမှုမျိုးဆိုရင်တော့ ကျူးလွန်သူကို ဖမ်းမိဖို့ တော်တော်လေးကို စစ်ဆေးရပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးကျော်ထွေးက စက်တင်ဘာ ၇ ရက် နံနက်က ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ယခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ရှစ်လတာကာလအတွင်း ယာဉ်တိုက်မှုပေါင်း ၇၆၀၀ ကျော် ဖြစ်ပွားခဲ့ကာ သေဆုံးသူ အရေအတွက်မှာ ၂၀၀၀ ကျော်ထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၃၀၀၀ နီးပါး ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


Eleven Media Group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...