Sunday, September 8, 2013

ဒိုင်ယာနာအဖြစ် သရုပ်ဆောင်ရန် အချိန်ယူ သုတေသနပြုခဲ့သည့် နာအိုမီ



Sunday, September 8, 2013

အသက်(၄၄)နှစ်ရှိ မင်းသမီးသည် Diana ဇာတ်ကားတွင် ကွယ်လွန်ခဲ့ပြီဖြစ် သည့် မင်းသမီး ဒိုင်ယာနာအဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။
ဗြိတိသျှ တော်ဝင်မင်းသမီး ဒိုင်ယာနာအဖြစ် ပါဝင်သရုပ်ဆောင်ရန် သူမအနေဖြင့် အချိန်ကြာမြင့်စွာ လေ့လာမှုများ ပြုလုပ်ခဲ့ရကြောင်း နာအိုမီဝတ်စ်က ဖွင့်ဟ ပြောကြားခဲ့သည်။ အသက်(၄၄)နှစ်ရှိ မင်းသမီးသည် Diana ဇာတ်ကားတွင် ကွယ်လွန်ခဲ့ပြီဖြစ်သည့် မင်းသမီး ဒိုင်ယာနာအဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။ စက်တင်ဘာလ (၂၀)ရက်နေ့တွင် ရုံတင်ပြ သမည့် ရုပ်ရှင်ဇာတ်ကား၏ အကြိုအဖြစ် အထူးပွဲ ပြသမှု အခမ်းအနားသို့ တက်ရောက်ရာ၌ နာအိုမီက သူမသည် ဒိုင်ယာနာအကြောင်း အတူးတလည် လေ့လာ အတုခိုးခဲ့ရကြောင်း ပြောဆိုသွားသည်။

"ကျွန်မက ဒိုင်ယာနာ ဖြစ်လာတဲ့ထိ လေ့ကျင့်ခဲ့ရတယ်။ သုတေသနပြုခဲ့ရ တယ်။ ဒိုင်ယာနာဟာ တကယ့်ကို စိတ်ဓာတ်ခိုင်မာပြီး ပျော်ပျော်နေတတ်တဲ့ အမျိုးသမီး တစ်ယောက်ပါ။ လူတကာကိုလည်း ကျီစယ် နောက်ပြောင်နေတတ် တယ်။ ဒီလို အရည်အသွေးမျိုးတွေကို ကျွန်မ ကိုယ်ပိုင် ဘဝအတွက်တောင် လိုချင်မိပါတယ်"ဟု နာအိုမီက ဆိုသည်။ ကြာသပတေးနေ့ ညနေပိုင်းက ဗြိတိန်ဖွား ဩစတြေးလျ ရုပ်ရှင်မင်းသမီး နာအိုမီသည် လန်ဒန်ရှိ လီဆက်စတာ ရင်ပြင်တွင် ပြုလုပ်သည့် ရုပ်ရှင်အထူးပွဲသို့ ဖြူလွသည့် ပွဲတက်ဝတ်စုံနှင့် တက်ရောက်လာခဲ့သည်။

ဝေလနယ်စားကတော် ဒိုင်ယာနာသည် (၁၉၉၇)ခုနှစ်၊ ဩဂုတ်လ (၃၁)ရက်နေ့က အသက်(၃၆)နှစ် အရွယ်တွင် ယာဉ်မတော်တဆမှုကြောင့် ပဲရစ်၌ ကွယ်လွန်ခဲ့ရှာသည်။ ယခုဇာတ်ကားသည် ဒိုင်ယာနာ၏ ဘဝ ဇာတ်ကြောင်း၊ ဒိုင်ယာနာ၏ လျှို့ဝှက် အချစ်ဇာတ်လမ်းများနှင့် မပြေ လည်ခဲ့သည့် အိမ်ထောင်ရေး အခြေအနေတို့ကို ပုံဖော် ရိုက်ကူး ထားခြင်း ဖြစ်သည်။ ဒိုင်ယာနာနှင့် နှလုံးအထူးကု ဆရာဝန် ဒေါက် တာ ဟတ်စ်နတ်ခန်း၊ ကုဋေကြွယ်သူဌေး ဒိုဒီအယ်လ်ဖာရတ်တို့၏ အချစ်ဇာတ်လမ်းများကို ယခုဇာတ်ကားတွင် ပြန်လည် ဖော်ကျူးထားပြီး နီဗန်အန်ဒရူးစ်က ဟတ်စ်နတ် အနေဖြင့်လည်းကောင်း၊ ကက်စ်အန်ဗာက ဒိုဒီအနေဖြင့်လည်းကောင်း အသီးသီး သရုပ်ဆောင်ထားကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...