Thursday, September 12, 2013

ကျွန်တော်ချစ်သော မီဒီယာ






ကျွန်တော်တစ်ခုတွေးမိတယ်။ကေအိုင်အေက မြန်မာ့တပ်မတော်အရာရှိတစ်ယောက်ကို ခေါင်းဖြတ်လိုက်တယ်ဆိုတဲ့ သတင်းက အတော့်ကို ပျံ့နေတယ်လေ။

၇ရက်သတင်း နေ့စဉ်သတင်းစာမှာ ဖေ့ဘုတ်တစ်ခွင်ဆိုပြီး ဖေ့ဘုတ်ပေါ်က နာမည်ကြီး သတင်းတွေကို ဖော်ပြပေးနေတာ ရှိတယ်။

သတင်းတိကျမှု ရှိတာ၊မရှိတာအသာထား။ ဖေ့ဘုတ်ပေါ်မှာ တက်လာတဲ့ နာမည်ကြီး သတင်းတွေကို ထည့်လေ့၇ှိတာကိုး။

ကျွန်တော်ဒီနေ့ အဲဒီသတင်းစာ မဖတ်ရသေးဘူး။ ဒါပေမယ့် သေချာတယ်။ဒီသတင်းပျံ့နှံ့နေတယ်ဆိုတာလေးတောင် သူတို့ ထည့်မှာ မဟုတ်ပါဘူး။

ပဲခူးတိုင်းဝန်ကြီးချုပ် လှေစီးတဲ့ သတင်းထည့်မယ်။ လွှတ်တော်ဥက္ကဌ အကုသိုလ်ကြီးတယ်ဆိုတဲ့ အကြောင်း ထည့်မယ်။ အရမ်းပျော်ကြပါတယ်။

တပ်ရဲ့ မကောင်းသတင်းဆိုရင်လည်း သူတို့ ထည့်လေ့ရှိပါတယ်။ နောက်မကျစေရပါဘူး။ ဒါပေမယ့် ဒီတစ်ခါကတော့ တပ်ရဲ့ထိခိုက်မှု သတင်း ဆိုပေမယ့် ကေအိုင်အေက ခေါင်းဖြတ်တာကြီးပါနေတာဆိုတော့ ထည့်မှာမဟုတ်ပါဘူး။

အနှစ်နှစ်အလလက ထိန်းချုပ်ခဲ့မှုတွေကြောင့် သတင်းမီဒီယာအဆင့်အတန်းဟာ အားနည်းခဲ့တယ်။ ပြန်လည်ပွင့်လင်းလာတော့လည်း အတိတ်က ခံစားခဲ့သမျှကို ပြန်လည်ဖော်ထုတ်ကြ၊ တပ်မကောင်းကြောင်းရေးကြပြောကြ၊ ဒါတွေနဲ့ပဲ လည်ပတ်နေကြတာတွေ့ရပါတယ်။

မျှတတဲ့သတင်းတင်ဆက်မှု၊ သတင်းဆောင်းပါးတွေကို မဖော်ပြနိုင်မချင်း ရွှေပြည်က သတင်းမီဒီယာအဆင့်အတန်းဟာ အဆင့်အတန်းတစ်ခုကို ရောက်လာလိမ့်ဦးမယ် မထင်ပါ။

လွတ်လပ်မှု၊မျှတမှု၊ တရားဥပဒေစိုးမိုးမှု၊ငြိမ်းချမ်းရေးစတာတွေကိ သတင်းမီဒိယာမဏ္ဍိုင်ကြီးဆီက အများကြီး မျှော်လင့်ထားခဲ့မိပါတယ်။

သို့ပေမယ့် အရင်က အာဃာတတွေကို ဆက်လက်ရှင်သန်ဖော်ထုတ်ဖို့ တည်ထောင်ထားကြတဲ့ သတင်းမီဒီယာတစ်ချို့ကြောင့် ကျွန်တော်တို့ မျှော်လင့်ထားခဲ့တာတွေ ပြန်လည်ဆုံးရှုံးပြီး သဲထဲရေသွန်ဖြစ်ရတော့မှာလား။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကြိုးပမ်းနေတာတွေကိုကေအိုင်အေခေါင်းဆောင်တစ်ချို့ရဲ့ ကိုယ်ကျိုးစီးပွားတွေကြောင့် ပျက်ဆီးရတော့မှာလား။

ကျွန်တော်တို့ မဖြစ်စေချင်တဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာရင်တော့ မီဒီယာအပေါင်းက လူနည်းစုလူ့အခွင်အရေးအတွက် မီဒီယာတိုက်ပွဲ ဆင်နွှဲကြပါလိမ့်မယ်။

တိုက်ပွဲတွေ ပြန်ငြိမ်သွားပြီဆိုရင်တော့ ခြေထောက်ကောင်းတဲ့သူတွေ လိုင်ဇာကို နိုင်ငံရေးအမြတ်ထုတ်၊လူ့အခွင့်အရေးအမည်ခံပြီး လမ်းလျှောက်ကြလိမ့်ဦးမယ်။

သမိုင်းဆိုတာ တစ်ပတ်ပြန်လည်တတ်တယ်တဲ့။ လူ့အခွင့်အရေးဆရာတွေ လူ့အခွင့်အရေးရဲ့ ဒဏ်ခတ်မှုကို ပြန်မခံစားကြပါစေနဲ့လို့ ဆုတောင်းပေးလိုက်ချင်ပါရဲ့။

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။

Reposted by SNNMG
Credit = ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...