Thursday, September 12, 2013

ဗြိတိသျှအောက်လွှတ်တော်ဒုဥက္ကဋ္ဌ လိင်ကိစ္စကြောင့် ထပ်မံအဖမ်းခံရပြန်






ဗြိတိန်အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သူအား လိင်မှု ကိစ္စ မဖွယ်မရာကျူးလွန်မှုနှစ်ခု ကိုပြုလုပ်ခဲ့သည်ဟု သံသယမှုဖြင့် အင်္ဂါနေ့က ထပ်မံဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက် အရ သိရသည်။

နစ်ဂျဲလ်အီဗန်စ် ၅၅နှစ်မှာ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ကွန်ဆာဗေးတစ်ပါတီမှ အမတ် တစ်ဦးဖြစ်ပြီး လွန်ခဲ့သောမေလ က မုဒိမ်းမှုနှင့် လိင်မှုဆိုင်ရာကျူး လွန်မှုအတွက် ဖမ်းဆီးခံခဲ့ရဖူး သည်။ ၎င်း၏ကျူးလွန်မှုများမှာ ၂၀၀၉ခုနှစ်နှင့် ယခုနှစ် မတ်လ အကြား ဖြစ်ခဲ့သည်ဟုဆိုသည်။ ၎င်းအား ၂၀၀၂ခုနှစ်က လိင်ကျူးလွန်မှုသုံးကြိမ် ပြုလုပ် ခဲ့မှုဖြင့် ဇွန်လတွင် ပြန်လည်ဖမ်း ဆီးခဲ့ခြင်းဖြစ်သည်။ ဤစွပ်စွဲမှု အတွက် သက်သေခံအမျိုးသား များရှိသည်ဟု ဆိုသည်။

လန်ကရှိုင်းယာရဲတပ်ဖွဲ့၏ ကြေညာချက်၌ ဖော်ပြသည်မှာ လန်ကရှိုင်းလားနယ် ပင်ဒလီကန် မှ အသက် ၅၅နှစ်အမျိုးသားအား မုဒိမ်းမှုနှင့် လိင်မှုဆိုင်ရာကျူး လွန်မှုအတွက် မေလထဲ၌ ဖမ်းဆီး ခဲ့ခြင်းနှင့် လိမ်မဖွယ်မရာပြုလုပ် မှုဖြင့် ဇွန်လအတွင်းဖမ်းဆီးမှုများ အား အာမခံပေးခဲ့သည်။

''ယနေ့နှောင်းပိုင်း၌ ၎င်း အား မဖွယ်မရာပြုလုပ်မှုနှင့် ထိ ခိုက်ခံရသူနှစ်ဦးအား လိင်မှုကိစ္စ ရယူ၍ ကျူးလွန်မှုတို့ဖြင့် ဖမ်းဆီး ခဲ့သည်ဟုဆိုသည်။

မူလစွပ်စွဲစဉ်ကာလက အီ ဗန်က ''လုံးဝလိမ်ညာခြင်း''အဖြစ် ပြောကြားခဲ့ပြီး ဤကိစ္စမှာ သူ ငယ်ချင်းအဖြစ်လေးစားရသော လူနှစ်ဦးက လုပ်ကြံခြင်းဖြစ်သည် ဟုဆိုခဲ့သည်။

ယခုနှစ်နောက်ပိုင်းတွင်မူ ၎င်းအား ''ဂေး''ဟုပြောဆိုခဲ့သည်။

လန် ဒန် ၊ စက်တင်ဘာ(၁၀) ၊ Ref-AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...