Thursday, September 12, 2013

ယောဂကျင့်စဉ် မှသင့်အတွက် ကောင်းကျိုး ၇ ချက်



ရုပ်လက္ခဏာ
ယောဂကျင့်စဉ်မှ လှုပ်ရှားမှုတွေဟာ သင့်ကို သွယ်လျ၊ အချိုးကျ စေရုံသာမက သန်မာပြီး ယုံကြည်မှုတွေအပြည့်ရှိနေတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေနိုင်ပါတယ်။

အတွင်းစိတ်
ယောဂကျင့်စဉ်မှ ရှိုက်ချက်ပြင်းပြင်း အသက်ရှူသံများဟာ သင့်စိတ်ကို ပကတိကြည်လင်စေရုံသာမက တည်ငြိမ်အေးချမ်းပြီး အာရုံစူးစိုက်နိုင်မှုများပိုစေကာ ထက်မြက်တိကျတဲ့ ဆုံးဖြတ်ချက်များ နောက်ရက်မှာ ချမှတ်နိုင်ရန် စွမ်းဆောင်စေနိုင်ပါတယ်။

စိတ်ဓါတ်ခွန်အား
အာရုံစူးစိုက် နိုင်စွမ်းအားများဟာ ကျွန်တော်တို့ခန္ဓာထဲမှာရှိတဲ့ အတွင်းသဘောများနှင့် ကျွန်တော်တို့ရဲ့ဦးတည်ချက်များကို ပိုမိုတောက်ပအောင်ထွန်းညှိုနိုင်စွမ်းပါတယ်။ ကျွန်တော်တို့ကို အားလုံးတန်းတူညီတဲ့ အကျင့်စရိုက်များ ပိုင်ဆိုင်နိုင်အောင်တွန်းပို့ပေးပါလိမ့်မယ်။ ဒါတွေကိုကျွန်တော်တို့ သိလာမယ်၊ မြင်လာမယ်၊ အသိဥာဏ်တွေ ပွင့်လင်းလာပြီး လွတ်လပ်စွာပေါ့ပါးစွာ ရွေးချယ်နိုင်စွမ်းတွေ ရရှိလာမယ်။ ကျွန်တော်တို့ဖြစ်ချင်တာဘာလဲ။ ကျွန်တော်တို့ ရဲ့ နေ့သစ်တွေကို ကိုယ်တိုင်ဖန်တီးနိုင်စွမ်း ၊ ပြန်လည် ချယ်မှုန်းနိုင်စွမ်းတွေ ဖြစ်ပေါ်လာမယ်။
နေ့စဉ်ပုံမှန်လေ့ကျင့်သွားခြင်းအားဖြင့် တည်ကြည်လေးနက်တဲ့ စိတ်အကြည်ဓါတ်များဟာ သင့်ဘ၀ တိုးတက်မြင့်မားလာဖို့ အထောက်အကူ ပြုသွားပါလိမ့်မယ်။

ဦးဏှောက် နှင့် အာရုံကြောစနစ်များ
ယောဂကို ပုံမှန်ကျင့်နေတဲ့ ဦးဏှောက်တစ်လုံးဟာ သူ့ရဲ့ ရဲဘော်တွေဖြစ်တဲ့ အာရုံကြောစနစ်ကို ထိန်းကျောင်းပြီး ကျန်းမာသန်စွမ်းတဲ့ဘ၀တစ်ခုထံသို့ သင့်ကိုခေါ်ယူသွားပါလိမ့်မယ်။ ယောဂကျင့်စဉ်ကို ကျင့်ရတာ လွယ်ကူလာတယ်လို့ သင်ထင်လာတဲ့အခါ နေ့စဉ်ပျက်စီးယိုယွင်းလာနေတဲ့ သင့်ခန္ဓာကိုယ်ဟာ သူ့ကိုယ်သူပြန်လည်ထိန်းသိမ်းပြီး သစ်လွင်အောင် ပြုပြင်ခြင်းကို ပုံမှန်လုပ်ဆောင် နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ပိုမိုလေ့ကျင့်နိုင်လေ ကျွန်တော်တို့ ပိုပြီး ကျန်းမာပေါ့ပါးစွာ နေနိုင်လေပဲပေါ့ဗျာ။

အလိုအလျောက်စနစ်
သင့်စိတ်မှာ ၊ သင့်ကိုယ်မှာ တင်းကြပ်မှုတွေ၊ မွန်းကြပ်မှုတွေ ခံစားရပြီဆိုတာနဲ့ ယောဂကျင့်စဉ်ကြောင့် အားကောင်းလာတဲ့ သင့် အလိုအလျောက် စနစ်ဟာ ထိုအရာတွေကို ဖုံးအုပ်ပြစ်လိုက်ပြီး လွတ်မြောက်ခြင်းဆိုတဲ့ ခလုပ်ကို ချက်ချင်းဖွင့်ပြီးသား ဖြစ်နေပါလိမ့်မယ်။ သင့်ယောဂကျင့်စဉ်ကြောင့်ဖြစ်လာတဲ့ အလိုအလျောက်စနစ်ဟာ လွတ်လပ်စွာ စီးမျောနိုင်ဖို့ သင့်ကိုယ်တွင်းမှာ နေရာနဲနဲလိုပါတယ်။ ဒါကိုယောဂကျင့်စဉ်က ကူညီပေးပါလိမ့်မယ်။

ဖန်တီးနိုင်စွမ်း
သင့်စိတ်ဟာ အတားအဆီးမရှိဘဲ လွတ်လပ်ပေါ့ပါးနေတဲ့အခါ ဖန်တီးနိုင်စွမ်းဆိုတဲ့ ချိုမြိန်လှတဲ့ ဖျော်ရည်လေးဟာ သင့်ကိုယ်တွင်းမှာ လှည့်ပတ်စီးဆင်းနေပါလိမ့်မယ်။ ကျွန်တော်တို့ထင်တာမှန်ပါတယ်ဗျာ၊ ကျွန်တော်တို့ရဲ့ ဖန်တီးနိုင်စွမ်းအား ဆိုတာ စိတ်ထဲမှာ တိမ်ညိုတွေ အုပ်ဆိုင်းနေတဲ့အခါ၊ ခန္ဓာကိုယ် နာကျင်ခံစားနေရတဲ့ အချိန်တွေမှာ ဟိုးအဝေးမှာ ငုပ်လျှိုးနေတယ်ဆိုတာကိုလေ။ အဲဒီတော့ ဒီလိုမျိုး စိတ်ရောကိုယ်ပါ ခံစားချက်တွေကို ယောဂနဲ့ ဖျောက်ဖျက်မပြစ်ချင်ကြဘူးလား။

ဆက်သွယ်မှုများ
ယောဂကျင့်စဉ်ဟာ ကျွန်တော်တို့လူသားတွေ အားလုံးကို ဆက်သွယ်သွားအောင်ပြုလုပ်ပေးပါလိမ့်မယ်။ ယောဂကိုသင်ကျင့်လေလေ၊ သင့်ကိုယ်တွင်းက အကြည်ဓါတ်ကို မြင်နိုင်စွမ်းလေလေ၊ ကျွန်တော်တို့အားလုံးတစ်ယောက်ကိုတစ်ယောက် ပိုမိုနားလည်နိုင်လေလေ ဖြစ်လာလိမ့်မယ်။ အဲဒီအခါမှာ လောကကြီးဟာ တစ်ဦးပေါ်တစ်ဦးဖေးမမှု၊ ကူညီမှုများနဲ့ ပြည့်စုံနေပါလိမ့်မယ်။

ဒေါက်တာ.H

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...