Tuesday, September 10, 2013

အရေးယူခံရနိုင်၍ မျှစ်များ ဆေးဆိုး မရောင်းတော့


ရန်ကုန် ၊ ၉-၉-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ၊ အင်းစိန်မြို့နယ် အတွင်းရှိ ဒညင်းကုန်း ကုန်စိမ်းဈေး ၌ ရောင်းချလျက် ရှိသော မျှစ်များတွင် ယခင်က အရောင်လှ စေရန် ဆိုးဆေးများ အသုံးပြု ရောင်းချ ခဲ့သော်လည်း ယခုအခါတွင် ဆိုးဆေး သုံးထားသော မျှစ်များ ရောင်းချ နေခြင်းကို တွေ့ရှိပါက သက်ဆိုင်ရာ ၏ အရေးယူခြင်း ကို ခံရနိုင် သဖြင့် ယခုအခါတွင် သဘာဝ အရောင် အတိုင်း ရောင်းချလျက် ရှိကြောင်း ဒညင်းကုန်း ကုန်စိမ်းဈေးရှိ မျှစ်လက်လီ လက်ကား ရောင်းချ နေသူများ ၏ ထုတ်ဖော် ပြောဆိုမှုအရ သိရသည်။

တားမြစ် အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြု ထားသော မျှစ်နီ ၊ မျှစ်ဝါ ၊ ပုစွန်ချဉ်နီနီ ၊ အ၀ါရောင် ဆိုးထားသော ငါးပုဏ္ဏား ၊ ပုစွန်ခြောက် ၊ ပတ္တမြား ပြောင်းဖူး ၊ ငါးပိ ၊ ပဲနီလေး ၊ ပဲဝါလေး ၊ မက်မန်းသီး ၊ ဆီးထုပ် စသည် တို့သည်လည်း အသည်း နှင့် ကင်ဆာရောဂါ များကို ဖြစ်ပွားစေ၍ လုံးဝ ရှောင်ကြဉ် သင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ အသိပေး ထုတ်ပြန် ထားပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး ၏ ၂၀၁၁ ခုနှစ် အတွင်း ထုတ်ပြန် ခဲ့သော အစီရင် ခံစာအရ မြန်မာနိုင်ငံ သည် ကမ္ဘာပေါ် တွင် ကင်ဆာ အဖြစ်ဆုံး ၁၀ နိုင်ငံအနက် အဆင့်၂ နေရာတွင် ရှိနေကြောင်း သိရှိရသည်။

Myawady Daily

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...