Tuesday, September 10, 2013

Myanmar Mini Saloon ကားများ အစိုးရ အရာထမ်းများသို့ အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးမည်


နေပြည်တော် စက်တင်ဘာ ၉

အစိုးရ ဝန်ကြီးဌာန၊ ဗဟိုအဖွဲ့အစည်းများရှိ အရာထမ်းများအား အမှတ်(၁) အကြီးစား စက်မှု လုပ်ငန်းထုတ်  "Myanmar  Mini Saloon" (Basic- Model)812.CC အမျိုးအစား မော်တော်ယာဉ်အား တန်ဖိုး ကျပ်သိန်း ၆ဝဖြင့် အရစ်ကျ စနစ်နှင့် လက်ငင်း ငွေပေးချေ စနစ်ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာနမှ သိရသည်။          

ယင်းသို့ ရောင်းချပေးရာတွင် ဦးစားပေး အဆင့်(၁) လက်ငင်းငွေ ပေးချေစနစ်၊ ဦးစားပေး အဆင့်(၂) ငွေ ၁ဝသိန်းကို ပထမအရစ်ဖြင့် ပေးချေပြီး ကျန်ငွေ တစ်လနှစ်သိန်းခွဲ နှုန်းဖြင့် ၂ဝရစ် အရစ်ကျ ပေးချေသည့် စနစ်နှင့် ဦးစားပေး အဆင့် (၃)တစ်လ နှစ်သိန်းခွဲ နှုန်းဖြင့် ၂၄ရစ် အရစ် ကျ ပေးချေသည့် စနစ်များဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း စက်မှု ဝန်ကြီး ဌာနကို စာရင်းပေး လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။

လျှောက်ထားသူ အရာထမ်းများသည် ကိုယ်တိုင်လက်ရေး လျှောက်လွှာ၊ အနည်းဆုံး ရာထူး အဆင့်တူ အရာထမ်းနှစ်ဦး၏ အာမခံထောက်ခံချက် အပြင် ဌာနဆိုင်ရာ အကြီး အမှူးတို့၏ ထပ်ဆင့် ထောက်ခံချက်တို့ လိုအပ်မည်ဖြစ်သည်။ မော်တော်ယာဉ် ပိုင်ဆိုင်မှု စာအုပ် ကို ပေးသွင်းပြီး သည်အထိ အမှတ်(၁) အကြီးစားစက်မှု လုပ်ငန်းသို့ အပ်နှံထားရမည် ဖြစ်ကြောင်း သိရသည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...