Tuesday, September 10, 2013

မီးပွိုင့်ပျက်များ ပြုပြင်ပေးစေချင်


မြစ်ကြီးနား ၊ ၁၀-၉-၂၀၁၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် မြို့မရပ်ကွက် သခင်နက်ဖေလမ်း နှင့် စည်ပင်သာယာ လမ်းဆုံ ၊ ဧရာရပ်ကွက် ဆွမ်ပရာဘွမ် လမ်းမကြီးနှင့် ရုံးကြီးလမ်းဆုံ တို့၌ လူနှင့်ယာဉ် တို့ လမ်းစည်းကမ်း ယာဉ်စည်းကမ်း လိုက်နာရေး ၊ ယာဉ်မတော် တဆမှုများ မဖြစ်ပွားရေး အတွက် ဒစ်ဂျစ်တယ် မီးပွိုင့်များ တပ်ဆင် ပေးထားသော်လည်း အလုပ်မလုပ် သည်မှာ နှစ်အကန့်အသတ် အတိုင်းအတာ အတွင်း ရောက်ရှိ နေပြီ ဖြစ်သည်။

ကျောင်းသား မိဘတစ်ဦးက '' မြို့ပေါ် မီးပွိုင့်တွေက တစ်ခုမှ မကောင်းဘူး ၊ ကလေးတွေ ကျောင်း သွား ကျောင်းပြန်ကို စိုးရိမ်ရတယ် ၊ ဆိုင်ကယ်နဲ့ ဆိုရင် မိဘတွေ ကိုယ်တိုင် လိုက်ပို့တယ် ၊ ဒါပေမယ့် လူငယ်တစ်ချို့က ဆိုင်ကယ် စီးရတဲ့အခါ သူရဲကောင်း ဆန်ဆန် လုပ်ပြီး ပုံစံအမျိုးမျိုး နဲ့ စတန့်ထွင် စီးကြတော့ တိုက်မိမှာ ကြောက်ရတာ တစ်မျိုး ၊ လမ်းဆုံမှာ ရှေ့နောက် ဘေးဘယ်ညာ မကြည့် ဘဲ မောင်းနှင်တာ တစ်မျိုးရှိတာ တွေများ လာတော့ ကလေးတွေ အတွက် ရင်လေးတယ် ... '' ဟုပြောကြားပြီး အထက်တန်း ကျောင်းသား တစ်ဦးက '' မြို့ပေါ်လမ်းမ ကျယ်တွေ ဆိုပေမယ့် ကျောင်း တက်ချိန် ထက် ကျောင်းဆင်းချိန် လမ်းမမှာ ကြပ်သိပ်ပြီး လမ်းဆုံမှာဆို သတိထားပြီး သွားလာ နေရတယ် ၊ မီးပွိုင့်တွေ ပြင်ပြီး သတ်မှတ် စည်းကမ်းအတိုင်း ဆိုရင် ယာဉ်အန္တရာယ် ကင်းကင်းနဲ့ သွားလာနိုင်မှာ ... '' ဟု ပြောကြား ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...