Tuesday, September 10, 2013

" ရုပ်ရှင်အစည်းအရုံးယခင်မူအရ ကာလာစုံ Lesson ကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ပြောင်းလဲခွင့်မပြုနိုင်ခြင်းဖြစ်ကြော င်း ဥက္ကဋ္ဌဦးလူမင်းပြောကြား"


Tuesday, September 10, 2013

လတ်တလောမှာတော့ မြန်မာနိုင်ငံရုပ်ရှင် အ စည်းအရုံးကနေ " ကာလာစုံ Lesson " ဇာတ် ကားကို ဗီဒီယိုမှ ရုပ်ရှင် ကားကြီးအဖြစ် ပြောင်း လဲခြင်းကို ခွင့်မပြုကြောင်းသိရပါတယ်။

အဆိုပါကိစ္စနဲ့ ပတ် သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းကိုမေး မြန်းကြည့်ခဲ့ရာ " ဒီကားက ၂ဝ၁၂ ခုနှစ်၊ ၈ လ ပိုင်းထဲက ဗီဒီယိုအဖြစ်ခွင့်ပြုထားတဲ့ ဗီဒီယိုကားတစ်
ကားဖြစ်နေတာကြောင့် ရုပ်ရှင် ကားကြီးကို ခွင့်မပြုကြောင်း အကြောင်းကြားတာပါ။ ၂ဝ၁၃ ခုနှစ်၊ ၇ လပိုင်း ၁၈ ရက်နေ့မှာ အကြောင်းပြန်လိုက်တာပါ။

သူတို့က ဗီဒီယိုအနေနဲ့ရိုက်ပေမယ့် ရုပ်သံကွာလ တီကောင်းတဲ့အတွက်ကားကြီးရဲ့ ပရိုစီဂျာအတိုင်း ထပ်မံလျှောက်ပြီး တင်တယ်လို့ပြောပါတယ်။ ဒါ သူတို့ဘက်ကပြောရင် မှန်ပါ တယ်။ ဒါပေမဲ့ ကိုယ်တို့ဘက် ကလည်း မူတစ်ခုအရ ဗီဒီယိုကို ကားကြီးခွင့်မပြုတဲ့မူက အရင်တုန်းက မူရှိခဲ့တာကိုယ့်လက်ထက်မှ ကိုယ်ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းမဟုတ်ဘူး။

သူတို့ဘက်ကိုလည်းရှင်းပြလာတဲ့အတိုင်း ရုပ်သံကွာ လတီကောင်းအောင်ရိုက်ထား တယ်ဆိုတာလေးကို ပြန်တင်ပေးပါ။ ထပ်ဆွေးနွေးပါ့မယ်လို့ ပြောထားပါတယ်။

ခွင့်မပြုဘူးဆိုတာအကြောင်း ပြန်ပြီးတော့ဒေါ်ခင်စန္ဒာမြင့်နဲ့ စိုင်းစိုင်းခမ်းလှိုင် လာတွေ့တဲ့ အတွက် ဒီအကြောင်းဆွေးနွေးပြီးပြီ။ ကိုယ့်အနေနဲ့ ဗီဒီယိုကားကို ရုပ်ရှင်ကားကြီးပြောင်းခွင့်မပြုဘူးဆိုတဲ့ မူအရပြောရတာ။ သူတို့လာရှင်းပြတဲ့ အခါ ဒါကို ထပ်ဆွေးနွေးပေးမယ်လို့ အကြောင်းပြန်ထားပါတယ်။ CEC အဖွဲ့မှာလည်းဆွေးနွေးမယ်။

ထုတ်လုပ်သူအလွှာ ကိုလည်းချပြမယ်။ အများ သဘောကိုပဲ ဆုံးဖြတ်ပါ့မယ်။ အမြင်အမျိုးမျိုးလည်းရှိတယ်။ ကိုယ်တို့ဆီမှာက ပြဿနာတစ်ခုကို ပုံကြီးချဲ့ကြတယ်။ စိတ်ဝင်စား ကြတဲ့အဲဒီ ပြဿနာ ရဲ့အရင်းအမြစ်ကို စိတ်ဝင် စားမှုအားနည်းတယ်။ အဲဒီ ပြဿနာကိုဖြေရှင်းဖို့ ဝိုင်းဝန်းကူညီဖို့အားနည်းကြတယ်။ ဒီလိုအရှေ့မှာဆန္ဒပြတာနဲ့ ပတ်သက်ပြီး ကိုယ်တို့အစည်း အရုံးက ဒီလို ရုပ်ရှင်ကားကြီးကို လိုက်ပိတ်ပင်တားမြစ်တယ်ဆိုတဲ့ အသံတွေ ညံစေ ချင်လား တော့မသိဘူး။ ဒီလိုအသံတွေပဲ ကြားနေရတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို သိဖို့လိုတယ်။

ဒီလိုခွင့်မပြုဘူးလို့ အကြောင်း ပြန်ရတာက တစ်ချိန်က ဗီဒီယို အဖြစ်တင်ထားပြီး ဗီဒီယိုအဖြစ် အသိအမှတ်ပြုထားတဲ့ကားမို့လို့ ကားကြီးပြောင်းလဲတာကို ခွင့်မပြုတဲ့သဘောပါ။

အခုက Digital Cinema အပြောင်းအလဲကာလမှာမူ တစ်ခုဖြစ်သွားခဲ့ရင်ဒီမူအတိုင်းပဲ သွားရတော့မယ်။ " အခုလိုကူးပြောင်းတာကိုလက်ခံရင်ကိုယ်တို့ဆီမှာတစ်နှစ်ကို
ဗီဒီယိုကားတစ်ထောင်လောက်ထွက်တာ။

ဒီမြောက်မြားစွာသော ဗီဒီယိုတွေအားလုံးကလည်း ဒီလိုကားကြီး ကို ချက်ချင်းပြောင်းလဲခွင့်ပြုမယ်ဆို ဒါမူတစ်ခုဖြစ်သွားတော့
ကိုယ်တို့သွားချင်တဲ့ Digital Cinema ဆိုတာ တကယ့်အဆင့် အတန်းကိုသတ်မှတ်နိုင်တဲ့ အခြေအနေလည်း မရှိသေးဘူး။ အကူးအပြောင်းကာလလေးမှာ နည်းပညာအရလည်း
အငြင်းပွားဖွယ်ရာကိစ္စတွေ အများကြီးဖြစ်နေတယ်။

ဒီလို ရိုက်ကူးမှုကိုရော၊ ရုပ်ရှင် လုပ်ငန်းကရိုက် ကူးခွင့်ချပေးလိုက်တာသိရဲ့သားနဲ့လား၊ မသိလို့လားလို့လဲ
မေးချင်ပါတယ်" လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...