Sunday, September 15, 2013

မန်းမြန်မာဈေးချိုပလာဇာတွင် စိတ်ကြွဆေးပြား ကျပ်သိန်း၃၀၀ဝကျော်ဖိုး ဖမ်းမိ


Sunday, September 15, 2013

မန္တ လေးမြို့ မန်းမြန်မာဈေးချိုပလာ ဇာတွင် ကာလတန်ဖိုးငွေ ကျပ် သိန်း ၃၀၀ဝကျော်ဖိုး စိတ်ကြွရူး သွပ်ဆေးပြားများ စက်တင်ဘာ ၉ရက် ညနေ ၄နာရီက ဖမ်းဆီး ရမိကြောင်း သိရသည်။
ချမ်းအေးသာဇံမြို့နယ် ၂၇* ၂၈ လမ်းကြား၊ ၈၄*၈၅ လမ်း ကြားရှိ မန်းမြန်မာဈေးချိုပလာ ဇာမှာ မန္တလေးဈေးချိုတော်ကြီး ၏ အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် နေ့စဉ်ဈေးရောင်းဈေးဝယ်သူ များဖြင့် စည်ကားသည့်ဈေးကြီး ဖြစ်သည်။ ဈေးချိုပလာဇာရှိ ဝမ် ဝမ်(၂)အထည်ဆိုင်သို့ ပြည်ကြီး တံခွန်မြို့နယ် မူးယစ်ဆက်စပ် သတင်းအရ မန္တလေးတောင်ပိုင်း မူးယစ်(အထူး)အဖွဲ့မှ ဒုရဲအုပ်ချန် ထွန်း ဦးဆောင်သောပူးပေါင်း အဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ် ကြွဆေးပြား ၆၆၀၀၀ အလေး ချိန် ၆ဒသမ၆ကီလိုဂရမ်ခန့် တွေ့ ရှိဖမ်းဆီးရမိကြောင်း သိရသည်။

အထည်ဆိုင်အတွင်းရှိ ပိုင် ရှင် စိုင်းသိန်းဟန်(ခ)အားဝမ်ပိုင် သစ်သားဗီရိုအောက်ထပ်မှ စတင် ရှာဖွေရာ U-LOVEEIT စာတန်း ပါ ဂျပ်စက္ကူပုံးအတွင်း မိုင်းကိုင် စက္ကူဖြင့်ထုပ်ထားသော တိပ် အကြည်ပတ်အထုပ်မှ တစ်တောင့် လျှင် ၈၈နှင့် ၁ စာတန်းပါ နီညို ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝစီပါ အပြာရောင်ပလတ်စ တစ်ကပ်ခွာအိတ် ၁ဝအိတ်၊ စိတ် ကြွရူးသွပ်ဆေးပြား၂၀၀၀၊ အလေး ချိန် ၂၀ဝဂရမ်ခန့်စီပါ ၃၃တောင့် ရှာဖွေတွေ့ရှိကြောင်း သိရသည်။

အဆိုပါမူးယစ်မှုမှာ စက်တင် ဘာ၉ရက် နံနက်၁၁နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် သင်ပန်း ကုန်း (စ)ရပ်ကွက် ၅၄* ၅၅လမ်း ကြား ကျန်စစ်သားလမ်းမပေါ် တွင် မန္တလေးတောင်ပိုင်းမူးယစ် (အထူး)အဖွဲ့မှ ဒုရဲအုပ်ချန်ထွန်း ဦးဆောင်၍ သတင်းအရ စောင့် ဆိုင်းနေစဉ် ကျန်စစ်သားလမ်းမ အတိုင်း အနောက်မှ အရှေ့သို့ မဥမ္မာထွေး(ခ) အငယ်လေး မောင်း နှင်လာသည့် ၃၃ယ/---- Follow Me 125 ၁၂၅ စိမ်း၊ နက်ရောင် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာ ဖွေရာ လွယ်ထားသည့် AOTAN စာတန်းပါ အနက်ရောင်ဘေး လွယ်အိတ်အတွင်းမှ အနက်ရောင် ကြွပ်ကြွပ်အိတ် တိပ်အကြည်ပတ် ဖြင့်ပတ်ထားပြီး မိုင်းကိုင်စက္ကူ ဖြင့်ထုပ်ထားသည့်အိတ်ထဲမှ တစ် တောင့်လျှင် ၈၈နှင့် ၁စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေး ပြား ၂၀ဝစီပါ အပြာရောင်ပလတ် စတစ်ကပ်ခွာ အိတ်၁ဝအိတ်၊ စိတ် ကြွရူးသွပ်ဆေးပြား ၂၀၀၀၊ အ လေးချိန် ၁ဒသမ၂ကီလိုဂရမ်ခန့် နှင့် ဝ၉-၄၀----ကတ်ပါ G-Five အမျိုးအစား အဖြူရောင်လက် ကိုင်ဖုန်းတစ်လုံးတို့ကို စစ်ဆေး တွေ့ရှိကြောင်း သိရသည်။

မဥမ္မာထွေး(ခ)အငယ်လေး အား စစ်ဆေးမေးမြန်းရာ ချမ်း အေးသာဇံမြို့နယ် ပြည်ကြီးပျော် ဘွယ်အနောက်ရပ် လမ်း၃၀*၉၁ လမ်းထောင့်ရှိ စိုင်းသိန်းဟန်(ခ) အားဝမ်မှ ပို့ခိုင်းခြင်းဖြစ်ကြောင်း သိရသဖြင့် စိုင်းသိန်းဟန်၏နေ အိမ်ကို သွားရောက်ရှာဖွေရာ နေ အိမ်တွင် မူးယစ်ဆေးဝါးဆက်စပ် ပစ္စည်းတစ်စုံတစ်ရာ တွေ့ရှိခြင်း မရှိသဖြင့် စိုင်းသိန်းဟန်ကို ဖမ်း ဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရရှိသည့် မူးယစ် ဆေးဝါးမှာ တန်ဖိုးငွေကျပ်သိန်း ၃၀၀ဝဖိုးရှိသဖြင့် မူးယစ်ဆေးဝါး ရောင်းချသူ စိုင်းသိန်းဟန် (ခ) အားဝမ် ၃ဝနှစ် (ဘ) ဦးလုံးစုကို ချမ်းအေးသာဇံမြို့နယ် အမှတ် (၆)ရဲစခန်းမှ မယ(ပ)၆/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀ (က)/၂၁ဖြင့် အမှုဖွင့် အရေးယူ ထားပြီး မူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိသူ မဥမ္မာထွေး(ခ)အငယ် လေး ၁၈နှစ် (ဘ) ဦးလေးမောင် ကို ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်း မှ မယ(ပ)၂၀/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သိရ သည်။

လှိုင်ထွေးလှိုင် ၊ မန်းကိုကို ၊ မန္တလေး ၊ စက်တင်ဘာ(၁၃)
Yangon Media Group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...