Friday, October 4, 2013

လမ်းပေါ်က ကျောက်တုံး




တစ်ရက်မှာ လယ်သမား တစ်ယောက် ဟာ သူ့ရဲ့ လယ် ကနေ မြို့ကို ပြန်အလာ လမ်းလ ယ်ေ ကာင် တည့်တည့် မှာ ကျောက်တုံးကြီး တစ်တုံး ပိတ်ဆို့နေတာကို တွေ့လိုက် ရပါတယ်။ လမ်း ကလေး က ခပ်သေးသေး မို့ ပိတ်နေတဲ့ ကျောက်တုံး ကြောင့် ချောက်ကမ်းပါးနား ကနေ ကပ်ပြီးေ ကျာ်သွား ရပါတယ်။ လယ်သမား ဟာ အဲဒီ ကျောက်တုံးကြီး ဘေး ကနေ ကျော်ဖြတ် ရင်း ပါးစပ် က လည်း “ ဘယ်သူ ကများ ဒီကျောက်တုံး ကို လမ်း မလယ်ေ ကာင် ပိတ်ထား အောင် လုပ်ထား တာ ပါ လိမ့်။ လမ်းသွား လမ်းလာတွေ ခက်ခဲမယ် ဆိုတာ မသိဘူး လား မသိဘူး။ လူတွေ ဟာ ကိုယ် ချင်းစာ စိတ်ကို မရှိကြ ဘူး။ ဒီကျောက်တုံး ကြီး ပိတ်နေ တာကို ဘယ်သူ တစ်ယောက် က မှ လည်း ဖယ်ပစ် လိုက် ကြဖို့ စိတ်ကူး မရှိကြဘူး လား မသိဘူး” လို့ တစ်တွတ် တွတ် ရေရွတ် ရင်းေ ကျာက်တုံးကြီး ကို ကျော်ဖြတ် သွားလိုက် ပါတယ်။

နောက် တစ်ရက်မှာ ကုန်သည် တစ်ယောက် က အဲဒီ နေရာ ကို ရောက်လာ ပြန် ပါတယ်။ သူ ကလည်း လမ်းလယ်ကောင် က ကျောက်တုံးကြီး ကို ကြည့်ပြီး မနေ့က လူလိုဘဲ ပါးစပ် က မြ ည် တွန် ရေရွတ် ပါတယ်။ “ကျောက်တုံးကြီး က လမ်းပေါ်မှာ ပိတ်နေတော့ လမ်းကို ဖြတ်သွား ဖြတ် လာ လုပ်တဲ့သူေ တွ အတွက် အခက်အခဲ ဖြစ်ရတယ်။ ဘယ်သူ ကမှ လည်း ဒီ ကျောက်တုံး ကို မ ဖယ် ကြဘူး။ မတော် ချောက် ထဲ ပြုတ်ကျ ကုန်ရင် ဘယ်လို လုပ်မလဲ” စသဖြင့် ပါးစပ် က ပြော ဆို ပြီးနောက် ကျောက်တုံး ကို ကွေ့ပြီး ကမ်းပါးနား ကနေ ကပ် သွားလိုက် ပြန် ပါတယ်။

နောက်တစ်ခါ အဲဒီ နေရာကို လူငယ်လေး တစ်ယောက် ရောက်လာ ပြန်တော့ ကျောက်တုံး ကို မြင် လိုက် တယ် ဆိုရင်ဘဲ တစ်ခြား သူတွေ ဒီနေရာ ကို ဖြတ်သွား ဖြတ်လာ လုပ်လို့ ကျောက်တုံး က ပိတ်နေ တဲ့ အတွက် ချောက် ကမ်းပါး နား ကပ်ပြီး သွားရတဲ့အခါ မတော်တဆ ပြုတ်ကျမှာ ကိုေ တွး လိုက် မိပြီး ကျောက်တုံး ကို ဖယ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ သူဟာ အင်အား အကုန် ထုတ် သုံးပြီး ကျောက်တုံးကြီး ကို ချောက်ထဲ ကျသွားအောင် လမ်းပေါ်ကနေ တွန်းဖယ် လိုက်ပါတယ် ။ ကျောက်တုံး က အတော်ကြီး တာကြောင့် တော်တော်လေး ကို အင်အား စိုက်ထုတ် ရပါတယ်။ ဒါပေမဲ့ သူဟာ ဘာမှ ပြောဆို ငြီးတွား မနေဘဲ ကျောက်တုံးကြီး ကိုသာ လမ်းဘေး ကျသွားအောင် ဖယ်ထုတ်ဖို့ ကြိုးစား အားထုတ် ပါတယ်။ မကြာခင် မှာ ဘဲ ကျောက်တုံးကြီး လဲ ဘေးကို လိမ့်ဆင်း ကျသွား ပါတော့တယ်။

ကျွန်မ တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ ပုံပြင် ထဲက အတိုင်း သာ ဆိုရင်တော့ ကျောက်တုံး အောက်မှာ ရတနာ သေတ္တာလေး တွေ့ကောင်း တွေ့ရ ပါလိမ့်မယ်။ ဒါပေမဲ့ အခု ကတော့ ရတနာ သေတ္တာတွေ ဘာတွေ ရှိမနေ ပါဘူး။ အဲဒီ ကျောက်တုံး နေရာ လေးမှာ စာရွက်လေး တစ်ရွက် သာ ပေါ်လာတာ ကို တွေ့လိုက် ရပါသတဲ့။ လူငယ်လေး ဟာ စာရွက်လေး ကို ဖွင့်ကြည့် လိုက်တဲ့ အခါမှာ တော့ “ သင် ဟာ အပြောထက် လက်တွေ့ အလုပ် လုပ်တဲ့သူ တစ်ယောက် ပါ ” လို့ ရေးထား တာ ကိုေ တွ့လိုက် ရပါ တော့တယ်။

ဒီဇာတ်လေး ဖတ်ပြီး စဉ်းစား မိတာက ဇာတ်လမ်း ထဲက လူ ၂ မျိုး ၂ စား မှာ တစ်မျိုး က ကိုယ် တိုင် က အလုပ် မလုပ်ဘဲ သူတစ်ပါး ကိုသာ ကဲ့ရဲ့ အပြစ်တင် ပြောဆို တတ်တဲ့ အပြော သက် သက် သမား နဲ့ ဘယ်သူ့ ကိုမှ ပြောဆို မနေဘဲ လုပ်စရာ ရှိတာကို လုပ်သွား တတ်တဲ့ သူတွေ ပါ။ လမ်းပေါ်မှာ ကျောက်တုံး တွေ တွေ့ ခဲ့ရင် ကိုယ်တိုင် က ဘာမှ မလုပ်ဘဲ ပါးစပ်က ရေရွတ် ရင်းေ ကျာ်သွား တဲ့သူလား၊ ကျောက်တုံး ကို ဘေးကို တွန်းဖယ် မဲ့သူလား ဆိုတာ ကျွန်မ ကိုယ်တိုင် လ ည်း ဘယ်ထဲမှာ ပါနေမလဲ လို့ စဉ်းစား မိရင်း မိတ်ဆွေ တို့ကရော ဘယ်လို လူစား ထဲမှာ ပါနေ မလဲ လို့ စဉ်းစား ကြည့် ရအောင် လား။

ချော ( အစိမ်းရောင် လွင် ပြင် )

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...