Friday, October 4, 2013

Coca-Cola ကိုကျော်တက်ကာ ကမ္ဘာ့အအောင်မြင်ဆုံး အမှတ်တံဆိပ်အဖြစ် Apple ရပ်တည်

iPhoneနှင့် iPadတို့ကဲ့သို့ ထုတ်ကုန်များကြောင့် အလွန်အောင်မြင်လာသည့် အမေရိကန် နည်းပညာ ကုမ္ပဏီကြီးသည် Coca-Colaကို ကျော်တက်ကာ ယခုနှစ်၏ အအောင်မြင်ဆုံး အမှတ်တံဆိပ် ပိုင်ရှင်အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

တစ်နှစ်တာအတွင်း ကမ္ဘာ့ အအောင်မြင်ဆုံး လုပ်ငန်း အမှတ်တံဆိပ်များ စာရင်းတွင် Appleက ထိပ်ဆုံးနေရာ၌ ရပ်တည်ခွင့် ရရှိလာကြောင်း သိရှိရသည်။ iPhoneနှင့် iPadတို့ကဲ့သို့ ထုတ်ကုန်များကြောင့် အလွန်အောင်မြင်လာသည့် အမေရိကန် နည်းပညာ ကုမ္ပဏီကြီးသည် Coca-Colaကို ကျော်တက်ကာ ယခုနှစ်၏ အအောင်မြင်ဆုံး အမှတ်တံဆိပ် ပိုင်ရှင်အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ ယင်းမတိုင်မီက အချိုရည် အမှတ်တံဆိပ် Coca-Colaက ယခုဘွဲ့ထူးကို (၁၃)နှစ်ဆက်တိုက် ဦးဆောင် ရယူထားသည်။ Appleသည် Googleနှင့် အပြင်းအထန် ယှဉ်ပြိုင်ခဲ့ပြီး ယင်းအခြေအနေက ကုမ္ပဏီကြီး နှစ်ခုလုံးအတွက် အကျိုးဖြစ်ထွန်းစေခဲ့သည်။ Google၏ မိုဘိုင်းလ်OSဖြစ်သည့် Andriodကို အသုံးတွင်ကျယ်လာခြင်းနှင့်အတူ Googleကလည်း Coca-Colaကို ကျော်တက်ကာ အအောင်မြင်ဆုံး အမှတ်တံဆိပ် ဒုတိယနေရာကို ပိုင်ဆိုင်လာခဲ့သည်။

Interbrand၏ တစ်နှစ်တာ အကောင်းဆုံး ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များ စာရင်းတွင် ယခုအခါ နည်းပညာ လုပ်ငန်းစုကြီး နှစ်ခုက အဓိက ဦးဆောင်နေခြင်းလည်း ဖြစ်လာသည်။ အခြား နည်းပညာ အမှတ်တံဆိပ်များ ဖြစ်ကြသည့် IBM၊ Microsoft၊ Samsungနှင့် Intelတို့သည်လည်း ထိပ်ဆုံး(၁၀)နေရာ စာရင်းတွင် ပါဝင်နေကြသည်။ "နည်းပညာ အမှတ်တံဆိပ်တွေထဲမှာ Appleကတော့ အတောက်ပဆုံးပါပဲ။ ကုမ္ပဏီ တစ်ခုဟာ ကျွန်တော်တို့ရဲ့ ဘဝတွေကို ပြောင်းလဲစေခဲ့တယ်။ သူတို့ရဲ့ ထုတ်ကုန်တွေ တစ်ခုတည်းကြောင့်တင် မကပါဘူး။ ကုမ္ပဏီရဲ့ သီးခြားရပ်တည်မှုကပါ သက်ရောက်မှု ရှိခဲ့တာပါ"ဟု Interbrand အမှုဆောင်ချုပ် ဂျက်ဇ်ဖရမ်တန်က မှတ်ချက်ပြုခဲ့သည်။

၎င်းက "ဒါကြောင့်လည်း Coca-Colaဟာ (၁၃)နှစ်ကြာ ထိပ်ဆုံးနေရာ ရပ်တည်မှုကနေ ဖယ်ပေးလိုက်ရတာပါ။ ခုချိန်မှာ Interbrandဟာ နံပါတ်(၁) နေရာပိုင်ရှင် အသစ်ကို တွေ့ရှိခဲ့ပါပြီ။ အဲဒါကတော့ Appleပါပဲ"ဟုလည်း ပြောကြားခဲ့သည်။ Interbrandသည် ကုမ္ပဏီ အသီးသီး၏ ရပ်တည်မှုပုံရိပ်၊ ငွေကြေးကဏ္ဍ၊ သုံးစွဲသူများအပေါ် ဩဇာသက်ရောက်မှုနှင့် အမှတ်တံဆိပ်၏ နာမည်ကျော် ထုတ်ကုန်များအပေါ် အခြေခံကာ ယခုစာရင်းကို နှစ်စဉ် ပြုစု ကြေညာခဲ့ခြင်း ဖြစ်သည်။ Appleသည် ယခုအခါ ဒေါ်လာ (၉၈.၃)ဘီလျံမျှ တန်ကြေးရှိနေပြီး (၂၀၁၂)ခုနှစ်ကထက် (၂၈)ရာခိုင်နှုန်း မြင့်တက်လာသည်။ Coca-Colaကမူ ဒေါ်လာ (၇၉.၂)သန်း ရှိပြီး ယမန်နှစ်ကထက် (၂)ရာခိုင်နှုန်းသာ တန်ဖိုးပိုမြင့်လာခြင်းဟု သိရသည်။ နာမည်ကျော် Social Networking ဝက်ဘ်ဆိုက်ဖြစ်သည့် Facebookမှာ (၁၂)လအတွင်း တန်ဖိုး (၄၃)ရာခိုင်နှုန်း တက်လာသော်လည်း Interbrand၏ စာရင်းတွင် အဆင့်(၅၂) နေရာ၌သာ ရှိနေခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...