Wednesday, November 13, 2013

အပူပိုင်း မိုးနည်းရပ်ဝန်း ဒေသများတွင် မိုးခေါင်မှုကြောင့် လယ်ယာပျက်စီးမှုများနှင့် တိရ စ္ဆာန် အစာများ ရှားပါးမှုနှင့် သောက်သုံးရေ ခက်ခဲမှုများအတွက် ကျပ်သန်းပေါင်း ၆၇၂၂၇၁ ဒသမ ၆၇၅ အသုံးပြုရန် လျာထား

Wednesday, November 13, 2013



နေပြည်တော် ပျဉ်းမနားမြို့နယ်၊ သပြေတန်းကျေးရွာတွင် ရေရှားပါးမှုကြောင့် ရေကားတစ်စီးမှ ရေလာရောက် ပေးဝေနေသည်ကို ဧပြီလအတွင်းက တွေ့ရစဉ်

အပူပိုင်း မိုးနည်းရပ်ဝန်း ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင် မိုးခေါင်မှုကြောင့် သီးနှံများ ပျက်စီးမှု၊ တိရစ္ဆာန် အစာများ ရှားပါးမှု၊ သောက်သုံးရေ ခက်ခဲရှားပါးမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆက်နွှယ်သည့် အလုပ်အကိုင် ခက်ခဲမှုများအတွက် ကျပ်သန်းပေါင်း ၆၇၂၂၇၁ ဒသမ ၆၇၅ အသုံးပြုရန် လျာထားကြောင်း အပူပိုင်း မိုးနည်းရပ်ဝန်း၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံချက် အဆိုပြု တင်ပြချက်များအရ သိရသည်။

IHLCA survey ၂၀၁၀ အရ အစားအစာ ချို့တဲ့မှုနှုန်းနှင့် ဆင်းရဲနွမ်းပါးမှုနှုန်းမှာ မကွေးတိုင်းဒေသကြီး ၂၇ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီး ၂၆ ဒသမ ၆ရာခိုင်နှုန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ၁၅ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြီး တိုင်းဒေသကြီး သုံးခုအတွင်း ကျေးလက်ဒေသများတွင် သောက်သုံးရေ ရရှိရေး လုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးနှင့် သားငါးမွေးမြူရေးတို့အတွက် လိုအပ်သော ရေရရှိရေး၊ စားနပ်ရိက္ခာ ဖူလုံရေး လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများအား ကာလအတိုအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်များကို မြို့နယ် ၃၃ မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ၊ ကမ္ဘာ့ဘဏ်၏ လူထုအခြေပြု ဖွံ့ဖြိုးရေး စီမံကိန်း၊ အီတလီ ဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဆောင်ရွက်မှု အဖွဲ့၏ အတိုးမဲ့ချေးငွေ၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် ၀င်ငွေမြှင့်တင်ရေး စီမံကိန်း၊ UN-Habitat ၏ ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်း၊ IRD ၏ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး၊ သဘာဝ ဘေးအန္တရာယ် လျော့ချရေး စီမံကိန်း၊ JICA Grant Aid,Japan ODA Loan အစရှိသည်တို့အား ယခုစီမံချက်အတွင်း ပေါင်းစပ်ထည့်သွင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် UNDP ၏ Country Programme၊ Unicef၊ IFAD၊ BAJ တို့၏ စီမံကိန်းများကိုလည်း ယခုစီမံချက်အတွင်း ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်သည်။

တိုင်းဒေသကြီး သုံးခုတွင် မိုးခေါင်မှုကြောင့် သီးနှံများပျက်စီးမှု၊ တိရစ္ဆာန် အစာများ ရှားပါးမှုနှင့် သောက်သုံးရေ ခက်ခဲမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကျပ်သန်းပေါင်း ၁၇၄၆၀၀ ဒသမ ၄၄၉၊ မကွေးတိုင်းဒေသကြီး ကျပ်သန်းပေါင်း ၁၄၈၅၆၂ ဒသမ ၇၁၂ နှင့် မန္တလေးတိုင်း ဒေသကြီးတွင် ကျပ်သန်းပေါင်း ၁၈၅၄၄၅ ဒသမ ၈၃၄ စုစုပေါင်း ကျပ်သန်းပေါင်း ၆၇၂၂၇၁ ဒသမ ၆၇၅ လျာထားကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...