Sunday, November 24, 2013

Snapdragon ချစ်ပ် မျိုးဆက်သစ်





လက်ရှိနောက်ဆုံးပေါ် စမတ်ဖုန်းတွေမှာ တပ်ဆင်ထားကြတဲ့ ချစ်ပ်တွေဟာ Qualcomm မှထုတ်လုပ်တဲ့ Snapdragon 800 ဆိုတာကို သတိထားမိကြမှာပါ။ အခုအခါ မှာတော့ အဆိုပါ ချစ်ပ်ရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ ‘Snapdragon 805’ ဆိုတာကို Qualcomm မှ ကြေညာလိုက်ပါတယ်။

မျိုးဆက်သစ် ချစ်ပ်ဟာ ပိုမိုကောင်းမွန်လာတဲ့ 2.5GHz Quad-Core ပရော်ဆက်ဆာနဲ့အတူ အမြင့်ဆုံး HD ဖြစ်တဲ့ 4K ဂရပ်ဖစ်လည်း ပါဝင်လာမှာ ဖြစ်ပြီး 4K အရည်အသွေးရှိ ဗီဒီယိုတွေ ရိုက်ကူးနိုင်ဖို့အတွက်လည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာက ဒီချစ်ပ်နဲ့အတူ Adreno 420 GPU (ဂရပ်ဖစ်)လည်း စီစဉ်ပေးထားပြီး အဆိုပါ ဂရပ်ဖစ်ဟာ လက်ရှိ Adreno 330 ချစ်ပ်ထက် ပရော်ဆက်ဆင်း ပါဝါ ၄၀% ပိုမိုသာလွန်လျက် ရှိပါတယ်။

ဒီမှာသုံးစွဲသွားမယ့် Processor ကတော့ 32-bit ပဲ ဖြစ်ပါသေးတယ်။ ဒါပေမယ့် Qualcomm မှ မကြာခင်မှာ 64-bit ပရော်ဆက်ဆာတွေကို ဆက်လက်ထုတ်လုပ်သွား နိုင်ဖွယ်ရှိပါတယ်။ Qualcomm ကုမ္ပဏီကတော့ ၎င်းတို့အနေနဲ့ ယခုချစ်ပ်တွေကို အမြောက်အမြား ထုတ်လုပ်သွားဖို့ အဆင်သင့်ပဲလို့ ကြေညာထားပါတယ်။ ဒါကြောင့် နောင်နှစ် ၂၀၁၄ နှစ်လယ်လောက်မှာ အဆိုပါ ချစ်ပ်တပ်ဆင် ထားတဲ့ Device တွေကို ကျွန်ုပ်တို့ သုံးစွဲရတော့မှာပါ။

Ref: Techspot

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...