Wednesday, January 29, 2014

ပြိုင်ပွဲတွေ ၀င်မပြိုင်ဖြစ်တော့ပေမယ့် အနုပညာအလုပ်တွေကို ကြိုးစားဆက်လုပ်သွားမယ့် နှင်းယမုံဦး



Miss Now How ဆုရခဲ့ပြီးချိန်ကစလို့ မော်ဒယ်လ်လောကမှာ နေရာတစ်နေရာ ရရှိလာခဲ့တဲ့ နှင်းယမုံဦးက သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကို ခုလို ပြောပြပေးသွားပါတယ်။ ‘ခုလတ်တလောက မဂ္ဂဇင်းတွေ ရိုက်ဖြစ်တယ်။ အမ်တီဗီတွေ ရိုက်ဖြစ်တယ်။ ပြိုင်ပွဲတွေက မပြိုင်တော့ဘူး။ တော်ပြီ။ ပြီးရင် ကိုဂျွန်ပွဲတော့ လျှောက်ဖို့ရှိတယ်။’ လို့ သူမက ပြောပါတယ်။

လာမယ့် ချစ်သူများနေ့ကို သူမဘယ်လိုဖြတ်သန်းဖြစ်မယ် ဆိုတဲ့အကြောင်းကိုတော့ သူမက ‘အလုပ်လုပ်ဖြစ်မယ်။ အလုပ်မရှိရင် အိပ်မယ်ထင်တာပဲ။ နှစ်တိုင်းလဲ ချစ်သူများနေ့ဆို တိုက်ဆိုင်တာပေါ့နော်။ ပန်းခြံတွေမှာ ရှုတင်ရှိနေတတ်တယ်။ အဲ့ဒီမှာ အတွဲချောင်းလိုက်တယ်။ နှစ်တိုင်းတော့ ကိုယ့်ရှုတင်နဲ့ပဲ ပြီးသွားတာပါပဲ။ အရင်နှစ်တွေတုန်းကတော့ လူငယ်သဘာဝဆိုတော့ ကိုယ်ချစ်တဲ့ မိတ်ဆွေတွေနဲ့ အပြန်အလှန်ပေးကြတာမျိုးပဲ ရှိပါတယ်။ ဒီနှစ်က သူများကိုပေးဖို့ အစီအစဉ်မရှိပါဘူး။ သူများကို ရိုမန်တစ်ဖြစ်အောင် မလုပ်ပေးတတ်ဘူး။ ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေလောက်ပဲ မုန့်သွားစားဖြစ်တယ်။ ပစ္စည်းချင်းလဲတာလောက်ပဲ လုပ်ဖြစ်ခဲ့တာ။ ပန်းစည်းလေးတွေ၊ ချောကလက်လေးတွေတော့ ရဖြစ်တယ်’ တဲ့။

ရှေ့ဆက်ပြီးတော့ အနုပညာအလုပ်ကိုပဲ အားစိုက်လုပ်သွားမယ့်အကြောင်းကိုလည်း ‘ညီမ ဒီအလုပ်ကိုတော့ ကြိုးစားပြီး ဆက်လုပ်သွားမှာပါ။ ပြီးတော့ ဒီအလုပ်က သင်ယူလို့မဆုံးတဲ့အလုပ်၊ လေ့လာလို့မဆုံးတဲ့ အလုပ်ဆိုတော့ ကြိုးစားအားထုတ်သွားဖို့တော့ အစီအစဉ်ရှိပါတယ်။’ လို့ သူမက ပြောပြခဲ့ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...