Monday, January 27, 2014

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည့် ပြည်တွင်းလေဆိပ်များအား ပြည်တွင်းလေကြောင်းလိုင်း အချို့မှ ရယူလုပ်ကိုင်ရန် စိတ်ဝင်စားမှုရှိနေ




ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရာတွင် ပါဝင်သည့် မြစ်ကြီးနားလေဆိပ်ကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးထက်ခိုင်)


ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည့် ပြည်တွင်းလေဆိပ်များအား ပြည်တွင်းလေကြောင်းလိုင်း အချို့မှ ရယူလုပ်ကိုင်ရန် စိတ်ဝင်စားမှုရှိနေကြောင်း လေကြောင်းလိုင်း အသိုင်းအဝိုင်းမှ သိရသည်။

“Air Bagan လေကြောင်းလိုင်းအနေနဲ့ ပြည်တွင်းလေဆိပ်တွေကို ပုဂ္ဂလိကအနေနဲ့ ရယူလုပ်ကိုင်ဖို့ စိတ်ဝင်စားမှု ရှိပါတယ်။ ဒါကြောင့်မို့ လိုအပ်တဲ့ (ROI) အချက်တွေကို တောင်းခံထားပါတယ်။ ဘယ်လေဆိပ်တွေကို ပုဂ္ဂလိကအနေနဲ့ ရယူလုပ်ကိုင်မယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး” ဟု Air Bagan လေကြောင်းလိုင်းမှ Deputy Director မဂရေစ့်ကဆိုသည်။

“ကျွန်တော်တို့ Air KBZ လေကြောင်းလိုင်းအနေနဲ့ ဟဲဟိုးလေဆိပ်ကို ရယူလုပ်ကိုင်ဖို့ Registry of Interest (ROI) တင်ပြထားပါတယ်” ဟု Air KBZ လေကြောင်းလိုင်းမှ GM ကိုမြတ်သူက ပြောကြားသည်။

Asian Wings လေကြောင်းလိုင်း၏ Executive Director ဦးလွင်မိုးက “ကျွန်တော်တို့ လေကြောင်းလိုင်းအနေနဲ့ ပြည်တွင်းလေဆိပ်တွေကို ရယူလုပ်ကိုင်ဖို့ (ROI) တင်ထားတာမရှိပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ စီးပွားရေးကဏ္ဍတစ်ခု အနေနဲ့ တွက်ခြေကိုက်ရင် ရယူလုပ်ကိုင်ဖို့ လေ့လာမှုတွေ လုပ်နေပါတယ်” ဟု ပြောကြားသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုမည့် ပြည်တွင်းလေဆိပ် ၃ဝ မှာ ပုဂံညောင်ဦး၊ ဟဲဟိုး၊ ထားဝယ်၊ ပူတာအို၊ မိုင်းဆတ်၊ ကော့သောင်း၊ မြစ်ကြီးနား၊ ပုသိမ်၊ မြိတ်၊ ဗန်းမော်၊ လားရှိုး၊ ဘုတ်ပြင်း၊ ကလေး၊ မကွေး၊ မော်လမြိုင်၊ ခန္တီး၊ ပခုက္ကူ၊ ဘားအံ၊ ဟုမ္မလင်း၊ ကျောက်ထု၊ အနီးစခန်း၊ လွိုင်ကော်၊ အမ်း၊ ကိုကိုးကျွန်း၊ မုံရွာ၊ စစ်တွေ၊ သံတွဲ၊ တာချီလိတ်၊ ကျိုင်းတုံနှင့် ကျောက်ဖြူလေဆိပ်များ ဖြစ်သည်။

ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရာတွင် နိုင်ငံတကာ လေဆိပ်အဆင့်သို့ တိုးမြ§င့်လုပ်ကိုင်ခွင့်ပြုမည် မဟုတ်ဘဲ ပြည်တွင်းလေဆိပ်များ အဖြစ်သာ အဆင့်မြှင့်တင် လုပ်ကိုင်ရမည်ဖြစ်သည်။

ယင်းပြင် ရာနှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုအား ခွင့်ပြုမည်မဟုတ်ဘဲ သက်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ဥပဒေအတိုင်းသာ လိုက်နာသွားရမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...