Monday, January 27, 2014

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင်ပြုလုပ်သည့် မဟတ္တမဂန္ဒီ ငြိမ်းချမ်းရေးနိုင်ငံတကာ ဖိတ်ခေါ် ပန်းပုပြပွဲတွင် ပန်းပုဆရာ ဦးစူးမြင့်သိန်း ပါဝင်ခဲ့






အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ပြုလုပ်သည့် မဟတ္တမဂန္ဒီငြိမ်းချမ်းရေး နိုင်ငံတကာဖိတ်ခေါ် ပန်းပုပြပွဲတွင် မြန်မာနိုင်ငံမှ ပန်းပုဦးစူးမြင့်သိန်းသည် ၁၅ ရက်ကြာ သွားရောက်ပါဝင်ပြီး ထုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ နိုင်ငံတကာဖိတ်ခေါ် ပန်းပုပြပွဲတွင် အိန္ဒိယနိုင်ငံမှ ပန်းပုဆရာ ၃၀ နှင့်အတူ အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ မြန်မာ၊ ဂျပန်၊ တိဗက်၊ ဘူဂေးရီးယား၊ သီရိလင်္ကာ တို့မှ ပန်းပုဆရာ ၁၀ ဦးတို့ ပါဝင်ခဲ့ပြီး အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မဟတ္တမဂန္ဒီ ငြိမ်းချမ်းရေးအဖွဲ့တို့မှ ပူးပေါင်းစီစဉ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ဖိတ်ကြားမှုအရ သွားရတာပါ။ ၁၉၃၀ ၀န်းကျင်မှာ မဟတ္တမဂန္ဒီနဲ့အတူ လူပေါင်း ၈၀ ဟာ ဗြိတိသျှအစိုးရရဲ့ အုပ်ချုပ်မှုကို ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြခဲ့ကြတာကို ဒီပွဲမှာ ပန်းပုဆရာတွေအားလုံးက ၁၅ ရက်ကြာ ထုလုပ်ခဲ့ကြတာပါ။ အခုကျွန်တော်တို့ ထုထားတဲ့ ပန်းပုတွေကို ကြေးသွန်းပြီးရင် ဆန္ဒပြခဲ့တဲ့ အဆုံးသတ်မြို့ဖြစ်တဲ့ အိန္ဒိယရဲ့ ဒန်တီဆိုတဲ့ ပင်လယ်ကမ်းခြေမြို့မှာ အမှတ်တရ ထားသွားမယ်လို့သိရပါတယ်” ဟု ပန်းပုဦးစူးမြင့်သိန်းက ပြောပြခဲ့သည်။ ယင်းပန်းပုထုပွဲတွင် ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် အိန္ဒိယနိုင်ငံသားတစ်ဦးနှင့် နီပေါနိုင်ငံသားတစ်ဦး၏ ပုံတူများ ထုလုပ်ခဲ့ကြောင်း သိရသည်။ -

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...