Tuesday, January 14, 2014

ကြိုးတံတားအပြီး မြေရှင်တွေမြေပြန်ရမှု NLD ရပ်ကျေး နှောင့်ယှက်နေဟု မျက်လှည့်ဆရာ တိုင် (+Video Clip)



ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တို ကြိုးတံတားဆောက်ပြီးတဲ့အခါမှာ စီမံကိန်းနဲ့လွတ်တဲ့ မူလမြေပိုင်ရှင်တွေကို မြေပြန်ပေးတဲ့အပေါ် NLD ရပ်ကျေးအဖွဲ့ဝင်တွေ အနှောင့်အယှက်ပေးနေသလို ခြိမ်းခြောက်နေတယ်လို့ မြေပိုင်ရှင်တစ်ဦးဖြစ်တဲ့ မျက်လှည့်ဆရာ Mr. Top က ဇန်နဝါရီ ၁၃ရက်နေ့မှာ ထုတ်ပြောလိုက်ပါတယ်။

တံတားမဆောက်ခင် ၂ဝ၁၂မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးအပါအဝင် ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ တံတားဖြတ်သန်းသွားမယ့် ဧရိယာထဲက မြေပိုင်ရှင်တွေကြားမှာ စီမံကိန်းနဲ့လွတ်တဲ့မြေတွေကို ပြန်ပေးမယ်လို့ နှုတ်ကတိရှိခဲ့လို့ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ကြိုးတံတားဖွင့်လှစ်ခဲ့ပြီးတဲ့နောက် NLD ပါတီရဲ့ ရပ်ကျေးအဖွဲ့ဝင်တွေက အုပ်စုဖွဲ့ပြီး စတင်တားဆီးခဲ့တာလို့ ဆိုပါတယ်။

အစိုးရသိမ်းတဲ့မြေ ဘယ်သူမှ ပြန်မရစေရဘူးဆိုပြီး ဆပ်ကြီးခနောင်တိုက NLD ရပ်ကျေးခေါင်းဆောင် ဦးမြင့်သန်းနဲ့အဖွဲ့က ခြံစည်းရိုးတွေ ဖျက်စီးတဲ့အပြင် မူလမြေပိုင်ရှင်တွေ မြေမရအောင် ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

ဒီလှိုင်းစာစောင် အတွဲ၂ အမှတ် ၄၉မှာလည်း ဆိပ်ကြီးခနောင်တို၌ အိပ်ပျော်နေကြပြီလားခေါင်းစဉ်နဲ့ မှားယွင်းတဲ့ အချက်အလက်တွေနဲ့ စွပ်စွဲမှုတွေကို ပေးစာအဖြစ် ဖော်ပြခဲ့တာကြောင့် NLD ပါတီရဲ့ တာဝန်ရှိသူတွေ နားလည်စေချင်လို့ သတင်းမီဒီယာနဲ့တွေ့ဆုံရှင်းလင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...