Tuesday, January 14, 2014

အမေရိကန်၊ ဂျပန်၊ ဂျာမနီနှင့် ဗြိတိန်ထုတ်ကားများ ဖြန့်ဖြူးရောင်းချသည့် ထိုင်းအခြေစိုက် RMA မော်တော်ကား လုပ်ငန်းမှ မြန်မာတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လာရောက်

Tuesday, January 14, 2014

ချမ်းမြေ့သူ

မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်သော ဂျာမနီအခြေစိုက် Merecedes-Benz ကားအရောင်းပြခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)


အမေရိကန်၊ ဂျပန်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံထုတ် ကားများအား ကိုယ်စားလှယ်ရယူ ဖြန့်ဖြူးရောင်းချနေသည့် ထိုင်းအခြေစိုက် RMA မော်တော်ကား လုပ်ငန်းမှ မြန်မာနိုင်ငံတွင် ဖက်စပ်ရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန် လာရောက်ခဲ့ကြောင်း သိရသည်။

အကျိုးတူ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့် အခွင့်အလမ်းများ အကြောင်းကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်၍ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် RMA မော်တော်ကား လုပ်ငန်းမှ Senior Strategic Programme Planning Manager ဖြစ်သူ Stanley Chan နှင့် အဖွဲ့က တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

RMA မော်တော်ကား လုပ်ငန်းကို ၁၉၈၆ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စတင်တည်ထောင်ခဲ့သည်ဟု သိရပြီး အမေရိကန်၊ ဂျပန်၊ ဂျာမနီ၊ အိန္ဒိယနှင့် ဗြိတိန်နိုင်ငံထုတ် ကားများဖြစ်သည့် Ford၊ Mazda၊ Land Rover၊ GM၊ Mercedes- Benz၊ TATA နှင့် Mitsubishi-Fuso ကားကုမ္ပဏီများ၏ တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် ရရှိထားပြီး အာဖရိက၊ အမေရိက၊ အာရှပစိဖိတ်၊ ဥရောပနှင့် အရှေ့အလယ်ပိုင်း ဒေသတို့တွင် ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ဂျပန်အခြေစိုက် ကားကုမ္ပဏီများဖြစ်သော Nissan၊ Missubishi၊ Suzuki၊ အမေရိကန်အခြေစိုက် Ford၊ Chevrolet၊ ဂျာမနီအခြေစိုက် Merecedes-Benz တို့အပြင် တောင်ကိုရီးယား အခြေစိုက် K.I.A နှင့် Hyundai ကားကုမ္ပဏီများ၏ အရောင်းပြခန်းများ၊ Original Spare Parts နှင့် ၀န်ဆောင်မှု စင်တာများကို ဖွင့်လှစ်ထားပြီး ဂျပန်အခြေစိုက် Toyota နှင့် Mazda ကားကုမ္ပဏီများမှလည်း လာရောက်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...