Sunday, February 9, 2014

2014 မှာ သျှမ်းသျှမ်းတောက်လာနိုင်ခြေရှိတဲ့ K-Pop girl (၃)ဦး



Tiny G အဖွဲ့ဝင် Dohee ၊ Suzy နဲ့ IU တို့သုံးဦးကိုတော့ ဒီနှစ်အတွင်းမှာ အဓိကထား စောင့်ကြည့်ရမယ်ဆိုပါတယ်။ Dohee , Suzy နဲ့ IU တို့သုံးဦးဟာ အဆိုတော်အဖြစ်နဲ့ စတင်ပွဲထွက်ခဲ့ကြတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်တွေ ပိုင်ဆိုင်ကြတာချင်းလည်း တူကြပါတယ်။ ပြီးတော့ အသက်ချင်းကလည်း မတိမ်းမယိမ်းတွေဖြစ်ပါတယ်။



လွန်ခဲ့တဲ့ Dohee က “Respond 1994” ဆိုတဲ့ ဒရမ်မာဇာတ်ကားမှာ Jo Yoon Jin ဆိုတဲ့ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ရုပ်နဲ့ပတ်သက်ပြီး ကြည့်ရှုသူတွေရဲ့ အထင်ကြီးမှုကို အတော်လေး ရခဲ့ပါတယ်။



Suzy ကလည်း သူမရဲ့ ပထမဆုံးအချစ်ဇာတ်ရုပ်ပွားကို “Architecture 101” ၊ “Gu Family Book” တို့နဲ့ ပီပီပြင်ပြင် သရုပ်ဖော်ထားပါတယ်။



IU ကတော့ အဆိုတော်ဘ၀မှာ ကတည်းက “korea’s little sister” ဆိုပြီး နာမည်ပြောင်ရထားသူလည်း ဖြစ်ပါတယ်။ “You’re the Best , Lee Soon Shin” နဲ့ “Pretty Man” စတဲ့ ဇာတ်ကားတွေကို ကြည့်လိုက်ရင်တော့ IUရဲ့ သရုပ်ဆောင်မှု အရည်အသွေးကို အသိအမှတ်ပြု ၀န်ခံမိမှာပါ။

အဆိုတော်အဖြစ်နဲ့ ပရိသတ်အားပေးမှု ရထားပြီးဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ ဒရမ်မာအဖြစ် ပြောင်းလဲ သရုပ်ဆောင်ရာမှာ အားပေးမှု မခံရတာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် သူမတို့ သုံးဦးကတော့ လက်ရှိ နှစ်ဖက်လုံးမှာ အောင်မြင်နေသူတွေလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အခု ၂၀၁၄ အတွင်းမှာ သူမတို့ရဲ့ လှုပ်ရှားမှုတွေကို spotlight အနေနဲ့ စောင့်ကြည့်သင့်ပါတယ်လို့ ပြောရခြင်းပဲဖြစ်ပါတယ်။

Ref:kpopstarz.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...