Sunday, February 9, 2014

မင်း၊ မင်း၊ ပြီးတော့ မင်း အားလုံးကိုထောက်လှမ်းနေနိုင်တဲ့ "စောင့်ကြည့်နည်းပညာသစ်"



ဒါဟာ သံသယလွန်လွန်ကဲ ဟောလီးဝုဒ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခုလိုပါပဲ။ တစ်ပြိုင်နက်တည်း လူပေါင်းများစွာကို နာရီပေါင်းများစွာကြာအောင် ထောက်လှမ်းနေနိုင်တဲ့ စောင့်ကြည့်နည်းပညာသစ် တစ်ရပ် ထွက်ပေါ်လို့လာပါပြီ။

Transformers ဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာ Michael Bay ရဲ့ ဇာတ်ညွှန်းတွေတော့ မဟုတ်ပါဘူး။ Washington Postကနေ စေ့စေ့စပ်စပ် ထုတ်ပြန်လာတဲ့ သတင်းတွေအရ ဒီနည်းပညာက တကယ်ကိုရှိတယ်ဆိုတာကို သိရပါတယ်။ ဒီစောင့်ကြည့်နည်းပညာကို ဆိုးဆိုးရွားရွား ရာဇ၀တ်မှုတွေကို ဖြေရှင်းဖို့လည်း အသုံးချပြီးဖြစ်ပါတယ်။

Persistent Surveillance Systems ဆိုတာကတော့ ဒီနည်းပညာရဲ့ နောက်ကွယ်က အဖွဲ့အစည်းပါ။ PSS ကုမ္ပဏီဟာ Ohio ပြည်နယ်၊ Dayton မြို့မှာ အခြေစိုက်ထားပြီး သူ့ကုမ္ပဏီရဲ့ အလုပ်လုပ်ပုံ၊ အလုပ်လုပ်နည်းတွေကို Washington Postကို ရှင်းလင်းတင်ပြသွားပါတယ်။ တတ်နိုင်သမျှ Privacy နဲ့မညိအောင် လုပ်နေတဲ့ တချို့သော လုပ်ငန်းအဆင့်တွေအကြောင်းလည်း ပါပါတယ်။

ကောင်းကင်က မျက်လုံးတစ်လုံးနဲ့ စတာပဲ။ Cessna လေယာဉ်ကုမ္ပဏီက ထုတ်တဲ့ Cessna လေယာဉ်ငယ်လေးဟာ အမြင့်ပေ ၈၀၀၀ နဲ့ ၁၀၀၀၀ ကြား အချင်း (၂)မိုင်ပတ်လည်မှာ ပျံသန်းနေပြီး တစ်ကြိမ်မှာ နာရီပေါင်းများစွာ ပျံသန်းနေနိုင်ပါတယ်။ အဲ့ဒီ့ လေယာဉ်ပျံအသေးစားလေးမှာ စက္ကန့်နဲ့အမျှ ဓာတ်ပုံတွေရိုက်ယူနေတဲ့ ပုံရိပ်ပြတ်သားမှုမြင့် ကင်မရာ (၁၂)လုံး တပ်ဆင်ထားပါတယ်။ အဲ့ဒီ့ကင်မရာတွေက လူတွေနဲ့ ယာဉ်တွေကို ဘယ်သူဘယ်ဝါမှန်း မစူးစမ်းနိုင်ပေမဲ့ လူတွေနဲ့ ယာဉ်တွေရဲ့ လှုပ်ရှားမှုမှန်သမျှကို အချိန်နဲ့တပြေးညီ ထောက်လှမ်းနေနိုင်ပါတယ်။ ရံဖန်ရံခါမှာ အဲ့ဒီ့ကတဆင့်မှ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသွားနိုင်ပြီး ဖမ်းဆီးမှုတွေလုပ်သွားနိုင်ပါတယ်။

အမေရိက အနှံ့မှာ ဒီစောင့်ကြည့်နည်းပညာသစ်ကို သုံးသွားချင်တယ် လို့ Persistent Surveillance Systems ရဲ့ ဥက္ကဋ္ဌ Ross McNutt ကပြောသွားပါတယ်။ Baltimore, Philadelphia, Compton, California တွေမှာ ဒီနည်းပညာကို သရုပ်ပြပြီးဖြစ်ပါတယ်။ Ohio ပြည်နယ်၊ Dayton မြို့က ရာဇ၀တ်မှုတစ်ခုကိုလည်း ဒီစောင့်ကြည့်နည်းပညာသစ်နဲ့ ဖြေရှင်းပေးလိုက်နိုင်ခဲ့သေးတယ်လို့ ဥက္ကဋ္ဌMcNuttက Washington Post ကို ပြောသွားပါတယ်။

Ref:washingtonpost.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...