Tuesday, February 25, 2014

Album အသစ်စလုပ်နေပြီဖြစ်တဲ့ One Direction



One Direction ဟာအဖွဲ့ကွဲဖို့အတွက်အစီအစဉ်မရှိဘဲ ဂီတအသစ်တွေရေးစပ်နေတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲကသူတို့ရဲ့နောက်ဆုံး album Midnight Memories ကိုထုတ်ခဲ့တဲ့ One Direction ဟာ စတုတ္ထမြောက် record အတွက်စတင်အလုပ်လုပ်နေတာဖြစ်ပြီး သူတို့ဝိုင်းဟာအချိန်အတော်အကြာအထိကွဲမှာမဟုတ်ကြောင်း Liam Payne ကအခိုင်အမာပြောဆိုပါတယ်။

“ကျွန်တော်တို့ နောက်ထပ် album ကိုရေးလာခဲ့တာဖြစ်ပြီး နယ်လှည့်ဖျော်ဖြေပွဲအတွက်လည်း မကြာခင် အစမ်းလေ့ကျင့်မှုတွေစလုပ်ဖို့ ရှိပါတယ်။ ကျွန်တော်တို့အဖွဲ့မကွဲပါဘူး။ ကျွန်တော်တို့ WhatsApp မှာတစ်ယောက်နဲ့တစ်ယောက် message တွေပို့နေပြီး သီချင်း idea တွေနဲ့ အတူတူရှိခဲ့စဉ်ကာလက ရယ်စရာကောင်းတဲ့အကြောင်းတွေပြောနေပါတယ်။ ကျွန်တော်တို့အတူရှိနေခဲ့တဲ့အချိန်က တော်တော်ကြာမြင့်ခဲ့ပြီဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက်ပြန်ပေါင်းစဉ်းရတာကို ပျော်ရွှင်နေပါတယ်” လို့ The Sun သတင်းစာကိုပြောပါတယ်။

Ref:starpulse.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...