
နိုင်ငံတကာ အနုပညာရှင်တွေကို ကြည့်လိုက်တိုင်း ပွဲတက်တွေကလွဲပြီး အလွန်အကျွံပြင်ဆင်တာမျိုး မတွေ့ရသလောက်ပါပဲ။ ထသွားထလာဆိုလည်း ကြည့်ကောင်း၊ ပြင်ဆင်ခြယ်သလိုက်ပြီဆိုရင်လည်း ကြည့်ကောင်းတဲ့အပြင် မပြင်ဆင်မီနဲ့ ပြင်ဆင်ပြီးနောက်ပိုင်း သိပ်ပြီးကွဲပြားမှုမရှိတာဟာ သူတို့မှာရှိပြီးသား နဂိုအလှတရားတွေကြောင့်ပေါ့။ အဲ့ဒီအလှတရားတွေကို ပံ့ပိုးပေးထားတဲ့ သူတို့သုံးတဲ့ အလှကုန်တစ်ချို့က ဘာများဖြစ်မလဲလို့ မသိချင်ဘူးလား။
၁။Karlie Kloss

နှုတ်ခမ်းသား ခြောက်တတ်တဲ့ အတွက် Vaseline lip balms ကို အမြဲဆောင်ပါတယ်။ ဒါလေးကို ပုံမှန်ဆိုးပေးခြင်းဟာ ကျွန်မရဲ့ အလှအပ လျို့ဝှက်ချက်ပါပဲ။
၂။ Emmy Rossum

ဆံပင်အတွက် L’Or’eal Elnett စပရေးကို အမြဲသုံးပါတယ်။ ဒါဟာ ကျွန်မအတွက် အကောင်းဆုံး လက်ဆောင်မွန်တစ်ခုပါပဲ။
၃။Naya Rivera

ဝယ်ဖူးတဲ့ အလှကုန်တွေထဲမှာ ဈေးမကြီးပေမယ့် သုံးလို့သိပ်ကောင်းတဲ့ နှုတ်ခမ်းနီရှိပါတယ်။ အဲ့ဒါကတော့ Pixi တံဆိပ်ပါပဲ။ ကာလာကလည်း အစုံ၊ ဈေးကလည်း ချိုပါတယ်။ ကျွန်မအကြိုက်ပေါ့။
၎။Zoey Deutch

ကျွန်မကတော့ အလှကုန်တွေမြင်ရင် အကုန်ဝယ်ချင်နေတာ။ ဒါပေမယ့် အများဆံုးဝယ်ဖြစ်တာကတော့ အသားအရေအတွက် သင့်တော်ပြီးကောင်းမွန်တဲ့ moisturizer နဲ့ cleanser တွေပါပဲ။ တံဆိပ်ကိုတော့ Cetaphil ကိုပဲ သုံးပါတယ်။ သုံးလို့အရမ်းကောင်းတာကြောင့် စွဲသုံးပါတယ်။
၅။Jamie Chung

ပွဲတစ်ပွဲကနေ နောက်တစ်ပွဲကူးဖို့ အလှပြင်ရပြီဆို ၀တ်မယ့်အ၀တ်အစားနဲ့လိုက်မယ့် လက်သည်းနီကလည်း ပြောင်းဆိုးရပြီလေ။ အဲ့ဒီလို အချိန်မျိုးတွေအတွက် အခက်အခဲ မဖြစ်ရအောင် ကျွန်မကတော့ Salley Hansen ရဲ့ Salon Effects ကလက်သည်းဖျက်ဆေးကိုပဲ သုံးတယ်။ လက်သည်းသားကိုလည်း မပျက်စီးဘူး။ မြန်မြန်လည်း လက်သည်းနီကို ဖျက်ပစ်လို့ရတာကြောင့်ပါ။
၆။Candice Swanepoel

အသားအရေဆိုတာ အမြဲထိန်းသိမ်းနေမှရတာလေ။ ကျွန်မရဲ့အသားအရေအတွက်တော့ Palmer ကထုတ်တဲ့ အလှကုန်တွေ သုံးတယ်။ အသားပေါ်မှာ ချောမွေ့ပြီး နေလို့ကောင်းတဲ့ skin care တွေ၊ လိုးရှင်းတွေပဲ ကြိုက်တယ်။
Ref:luckymag.com
0 comments:
Post a Comment