
ကိုယ်ဝတ်နေကျ ဂျင်းဘောင်းဘီတွေက skinny လား၊ ဟိုးအရင်ကတည်းက ခေတ်စားခဲ့တဲ့ ဒဲ့ပွတွေလား၊ crop ဒီဇိုင်းတွေလား။ ကိုယ့်ဆီက ဘောင်းဘီဒီဇိုင်းတွေနဲ့ ခုပြောပြပေးမယ့် ဂျင်းဘောင်းဘီဒီဇိုင်းတွေအကြောင်း ယှဉ်ကြည့်လိုက်ရအောင်။ ခုပြောပြပေးမှာက နောက်ဆုံးပေါ် ဂျင်းဘောင်းဘီတွေနော်။
၁။ Boyfriend Jeans

အရမ်းမပွ၊ အရမ်းလည်း မကျပ်တဲ့အပြင် ဘောင်းဘီ အောက်နားက သိမ်သွားတာမျိုး၊ ကပ်သွားတာမျိုးမရှိတဲ့ ဘောင်းဘီဒီဇိုင်းမျိုးပေါ့။ အထာလည်း ကျသလို လက်ရှိဈေးကွက်ထဲ ရေပန်းအစားဆုံး ဒီဇိုင်းပါ။ သူနဲ့တွဲဝတ်ဖို့ဆိုရင်တော့ တီရှပ်၊ ရှပ်တွေနဲ့ အဆင်ပြေသလို ဖိနပ်ကိုတော့ ဒေါက်ဖိနပ်လို ဟာမျိုးနဲ့ တွဲစီးပေးရမှာပါ။ ကုတ်အင်္ကျံတွေဘာတွေ ထပ်ဝတ်မယ်ဆိုလည်း မိုက်နေမှာပါပဲ။
၂။Retro Denim

ဖက်ရှင်ရေစီးကြောင်းဆိုတာ တစ်ပတ်လည် စီးဆင်းလေ့ရှိတယ်ဆိုတဲ့ စကားအတိုင်း ဟိုးအရင်တုန်းက ခေတ်စားခဲ့တဲ့ Retro Denim တွေကို ပြန်လာဝတ်ဆင်လာကြပြီပေါ့။ ခေါင်းလောင်းဘောင်းဘီလို့ ဒီမှာ ခေါ်ဝေါ်လေ့ရှိကြတဲ့ Retro Denim တွေကို တီရှပ်တွေ၊ ဘလောက်စ်အင်္ကျံတွေနဲ့ တွဲဝတ်နိုင်ပါတယ်။
၃။Patchwork Denim

လူငယ်သိပ်ဆန်တဲ့ ဂျင်းမျိုးတေါ ၀တ်ဆင်ရတာ သဘောကျတဲ့သူဆိုရင်တော့ အပေါက်အပြဲတွေ၊ စတစ်ကာအမိုက်စားတွေ၊ တံဆိပ်လိုမျိုးဟာတွေနဲ့ ရောပြွန်းဒီဇိုင်းထွင်ထားတဲ့ Patchwork ဂျင်းတွေကို ကြိုက်မှာ သေချာပါတယ်။ သူ့ကိုတော့ ကိုယ့်စိတ်ကြိုက် ကာလာတွေ၊ အင်္ကျံဒီဇိုင်းတွေနဲ့ ရောဝတ်ပစ်လို့ရပါတယ်။
၎။Overalls

ဟိုးအရင်တုန်းက Overall ၀တ်ဆင်တဲ့လူငယ်တွေဟာ အားလုံးရဲ့ အပြောခံ၊ အဆိုခံခဲ့ရပါတယ်။ ခုများတော့ အဲ့လိုဝတ်ဆင်ထားတဲ့ သူတွေဟာ လူကြည့်ခံရသလို လူငယ်တွေကြားမှာလည်း အထာကျတာကြောင့် တစ်ဆက်တည်း ၀တ်ဆင်ရတဲ့ Overall ဖက်ရှင်ဟာ တွင်ကျယ်လာခဲ့ပါပြီ။ သူ့ကိုလည်း ဒေါက်ဖိနပ်နဲ့ပဲဖြစ်ဖြစ်၊ ရှုး စတာတွေ တွဲစီးနိုင်ပါတယ်။
၅။Mom Jeans

ဖြတ်ခနဲစဉ်းစားကြည့်လိုက်ရင် Boyfriend Jeans နဲ့ Mom Jeans ဘာများကွာသွားသလဲပေါ့။ သူတို့နှစ်ခုကြားက ကွဲပြားချက်ကတော့ Mom Jeans မှာ တင်းပါးက နည်းနည်းပိုပွားသွားတာလေး တစ်ချက်ပါပဲ။ သူ့ကိုလည်း boot၊ ဒေါက်မြင့်ဖိနပ်၊ ရှုး စတာတွေနဲ့ တွဲဝတ်နိုင်ပါတယ်။
၆။Distressed Jeans

မသိတဲ့လူကတော့ ဒီဘောင်းဘီကို ရှင်ပိုင်ဆိုင်ထားတာ ဆယ်နှစ်ကျော်လောက်ရှိပြီလို့ ထင်ရနိုင်ပါတယ်။ ရိသလိုလို၊ အပေါက် အပြဲတွေနဲ့မို့ ကိုယ့်ဘာသာကိုယ် မိုက်တယ်လို့ ထင်နေပေမယ့် အဲ့ဒီလို ဘောင်းဘီမျိုး ၀တ်တယ်ဆိုပြီး အကြည့်ခံရနိုင်ဖွယ်လည်း ရှိပါတယ်။ ဒါပေမယ့် လူငယ်တွေကြားထဲမှာတော့ တကယ့်အမိုက်စားပါပဲ။
၇။Fitted Capris

သူက skinny jeans နဲ့ ဆင်ပေမယ့် ခြေမျက်စိအထက်နားလောက်ထိပဲ ရှည်ပါတယ်။ တစ်ခါတစ်လေ ဘောင်းဘီနားလေးတွေက နည်းနည်းကားနေတာမျိုးတောင် ရှိပါတယ်။ သူနဲ့ဆိုရင်တော့ အပေါ်အင်္ကျံက ခပ်ပွပွဖြစ်မှ အထာကျမှာပါ။ တွဲစီးဖို့ဖိနပ်ကတော့ flat လိုဟာမျိုးကနေ ဒေါက်မြင့်ဖိနပ်အထိပါပဲ။
Ref:luckymag.com
0 comments:
Post a Comment