Thursday, February 6, 2014

ရှပ်အင်္ကျံတစ်ထည်တည်းနဲ့ ဒီဇိုင်း အမျိုးမျိုးရအောင် ဘယ်လိုဝတ်ဆင်မလဲ




ကိုယ့်မှာ ရှပ်အင်္ကျံ အကွက်တစ်ထည်ရှိရုံနဲ့ တစ်နေ့တစ်မျိုး မရရအောင် ဘယ်လိုဝတ်ဆင်လို့ရသလဲဆိုတာ စိတ်ဝင်စားစရာပါ။ ရှပ်တစ်ထည်တည်းနဲ့ပဲ ဖက်ရှင်ပေါင်းများစွာ ထွက်လာအောင် ပွားဝတ်နိုင်တယ်ဆိုတော့ ဖက်ရှင်ကို စိတ်ဝင်စားတဲ့ ပျိုမေတွေအတွက် အံ့ကိုက်ပဲမို့ ခုလို ဖော်ပြပေးလိုက်တယ်နော်။

၁။ကိုယ့်ဆီမှာ dress အမိုက်စားရှိတယ် ဒါမှမဟုတ် ရှပ်အကျီင်္ံတိုင်းနဲ့ လိုက်ဖက်တဲ့ အနက်ရောင် မတိုမရှည် ဂါဝန်တစ်ထည် ရှိတယ်ဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း boot လေးနဲ့ အားလုံးတွဲဖက် ၀တ်ဆင်လိုက်ရုံနဲ့ အထာကျသွားပြီဆိုတာ မမေ့ပါနဲ့။



၂။မိန်းကလေးဆန်တဲ့ floral ဒီဇိုင်းလေးတွေ ကြိုက်တတ်တယ်ဆိုရင်လည်း အဲ့ဒီ dress အပေါ်မှာ ရှပ်ကို ထပ်ဝတ်လိုက်ရုံပါပဲ။ ဖိနပ်ကတော့ Heel မဟုတ်ရင်တောင် မိန်းမဆန်တဲ့ ဖိနပ်မျိုးလေးတွေ ရှာတွဲစီးကြည့်ပါ။



၃။လွတ်လပ်ပေါ့ပါးတဲ့ ဒီဇိုင်းမျိုး ကြိုက်နှစ်သက်တဲ့ ပျိုမေတွေအတွက် ရှပ်ရယ်၊ Boyfriend ဂျင်းဘောင်းဘီ၊ ဖိနပ်ကိုတော့ ကိုယ့်စီးနေကျ ဒေါက်ဖြစ်ရင်ဖြစ်၊ မဟုတ်ရင်လည်း သက်သောင့်သက်သာရှိမယ့် ဖိနပ်မျိုးကို ကိုယ့်စိတ်ကြိုက်ရွေးချယ်ပါ။



၎။ထသွားထလာမျိုး၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်ကြမယ့်အချိန်မျိုး ဆိုရင်တော့ ရှပ်အင်္ကျံအောက်မှာ တစ်ထပ်ခံပြီး စကတ်လေးနဲ့ တွဲဝတ်ကြည့်ပါ။ ဒီဖက်ရှင်အတွက်တော့ လက်ကိုင်အိတ်ထက် ပိုလူငယ်ဆန်မယ့် ကျောပိုးအိတ်ကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။



၅။ကုမ္ပဏီ အသွားအပြန်အတွက် ခပ်မိုက်မိုက်လေး ၀တ်ချင်တယ်ဆိုရင်လည်း သိပ်မကားတဲ့ စကတ်မျိုးနဲ့ ရှပ်အင်္ကျံကို တွဲဝတ်နိုင်တာပါပဲ။ ပိုက်ဆံအိတ်လေးလွယ်၊ ဖိနပ်ကိုတော့ သူများတွေထက် ဆန်းသွားအောင် Boot လေးတွေသာ ရွေးချယ်လိုက်ပါ။



၆။Skinny ဂျင်းနဲ့ ရှပ်အင်္ကျံအကွက်ဆိုတာကတော့ ဘယ်တော့မှ မရိုးတဲ့ဖက်ရှင်မို့ တွဲဝတ်ကြည့်လိုက်ပါဦး။



၇။ပေါ့ပေါ့ပါးပါး ၀တ်ဆင်လို့ အဆင်ပြေမယ့်နေရာမျိုးဆိုရင်တော့ ဘောင်းဘီတို၊ တီရှပ်လေးကို အပေါ်က ရှပ်အင်္ကျံလေးထပ်ဝတ်ပြီး သွားလိုက်ပေါ့။ ဖိနပ်ကိုလည်း sneaker အမိုက်စားလေး ရွေးချယ်လိုက်မယ်ဆို အားလုံးငေးသွားမှာ သေချာတယ်နော်။



Ref:luckymag.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...