Monday, February 10, 2014

စင်ပေါ်မိုက်ကရိုဖုန်းအသုံးပြုရာမှာပြသနာအနည်းငယ်ရှိတဲ့ Britney Spears




ပေါ့ဂီတရဲ့ စူပါစတား Britney Spears ဟာ ပြီးခဲ့တဲ့အပါတ် Las Vegas မှာသူမရဲ့ဖျော်ဖြေပွဲအတွက်လေ့ကျင့်နေရင်း သူမရဲ့မိုက်ကရိုဖုန်းဟာ အကအဖွဲ့တွေကြားထဲပြုတ်ကျပြီး ပြသနာအနည်းငယ်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

Toxic သီချင်းရဲ့အဆိုတော်ဟာ Stronger သီချင်းကိုဖျော်ဖြေနေတုန်း audio ပစ္စည်းဟာ ရတနာစီချယ်ထားတဲ့အနက်ရောင် leotard ၀တ်ဆုံကနေပြုတ်ကျခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သီချင်းရဲ့ကျန်ရှိနေတဲ့အပိုဒ်တွေမှာ Britney ဟာ သူမရဲ့ကကြိုးကကွက်တွေထည့်ဖြည့်ပြီး professional ပီသကြောင်းပြသခဲ့ပါတယ်။

Britney ဟာ စတိပ်စင်ပေါ်မှာ အလွဲလွဲအချော်ချော်ဖြစ်တာတွေနဲ့စိမ်းသူတော့မဟုတ်ပါဘူး။

Planet Hollywood ဖျော်ဖြေပွဲမှာလည်း သူမနဲ့အကအဖွဲ့ဝင်တွေ ဆပ်ကပ်ပုံစံဖျော်ဖြေနေစဉ်အတွင်း သူမရဲ့ corset ၀တ်ဆုံပြုတ်ထွက်ခဲ့ပါတယ်။

ဒီအ၀တ်အစားကြောင်းဖြစ်တဲ့ပြသနာနဲ့ပါတ်သတ်ပြီး ပြီးခဲ့တဲ့လက “အကသမားတွေက ကျွန်မရဲ့ဝတ်ဆုံနောက်ပိုင်းနဲ့ပါတ်သတ်ပြီးအကူအညီပေးခဲ့ကြရပါတယ်။ ဒါဟာတကယ်ကိုကြောင်ပါတယ်” လို့ Britney ကပြောပါတယ်။

Ref:starpulse.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...