Monday, February 10, 2014

ဂျာမနီနိုင်ငံသမ္မတ ဂျိုဝါချင်ဂေါက်ခ် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်



ရွှေတိ၈ုံဘုရားသို့ လာရောက်ကြည်ညိုသည့် ဂျာမနီသမ္မတ ဂျိုဝါချင်ဂေါက်ခ်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)


ဂျာမနီနိုင်ငံသမ္မတ မစ္စတာဂျိုဝါချင်ဂေါက်ခ်သည် ပထမဆုံးအကြိမ် လာရောက်မှုအဖြစ် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၉ ရက်က ရောက်ရှိလာခဲ့သည်။

ဂျာမနီနိုင်ငံသမ္မတသည် သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် နေပြည်တော်၌ သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။

ထို့နောက် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြုလုပ်မည့် ဂျာမနီ-မြန်မာ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး အဆိုပါနေ့တွင်ပင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ မိန့်ခွန်းပြောကြားသွားရန်ရှိကြောင်း သိရသည်။

ဂျာမနီသမ္မတ ဂျိုဝါချင်ဂေါက်ခ်သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် ရွှေတိဂုံဘုရားသို့လည်း သွားရောက်ကြည်ညိုခဲ့ကာ ဖေဖော်ဝါရီ ၁၂ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီသမ္မတ ဂျိုဝါချင်ဂေါက်ခ်သည် ဂျာမနီနိုင်ငံ၏ ၁၁ ဦးမြောက် သမ္မတဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက်တွင် ပြည်ထောင်စုအထွေထွေ ညီလာခံမှ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မစ္စတာ ဂျိုဝါချင်ဂေါက်ခ်နှင့်အတူ ၎င်း၏အတူနေ အမျိုးသမီးဖြစ်သူ အလွတ်တန်းသတင်းထောက်နှင့် အယ်ဒီတာဟောင်းတစ်ဦးဖြစ်သူ မစ္စစ်ဒါနီလာရှ်တ်လည်း ပါဝင်လာကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...