Saturday, September 28, 2013

နိုင်ငံတွင်း ပဋိပက္ခများ တည်ငြိမ်အောင် လုပ်ဆောင်ရေးအပါအ၀င် အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက်ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိ

 Created on Saturday, 28 September 2013


Challenges Ahead: Myanmar's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေးပွဲ (ဓာတ်ပုံ-အောင်ဇော်ထွန်း)

နိုင်ငံတွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခများ တည်ငြိမ်အောင် ထိန်းသိမ်းရေး အပါအ၀င် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်၌ မြန်မာနိုင်ငံကကိုင်တွယ်ဆောင်ရွက်ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိကြောင်း စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော Challenges Ahead: Myanmar 's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတကာအာဆီယံရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ERIA (Economic Research Institute for ASEAN and East Asia) က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ဂျာနယ်လစ်များအတွက် သီးခြားရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံနှင့် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်၌ သိထားသင့်သော အချက်များ၊ ပုဂ္ဂလိကပိုင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံဒေသတွင်း ချိတ်ဆက်မှု၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကျယ်ပြန့်စွာ ဖြစ်ပေါ်လာရေး မျော်မှန်းချက်နှင့် အာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေးကျယ်ပြန့်စွာ ဖြစ်ပေါ်စေရေး စီမံကိန်းအစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

''မြန်မာနိုင်ငံဟာ လက်ရှိကြုံတွေ့နေရတဲ့ တိုင်းရင်းသားအရေး အပါအ၀င် ပဋိပက္ခတွေကို ဖြေရှင်းထားသင့်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရ နောက်ဆုံးမှာ ရှိခဲ့တဲ့ နိုင်ငံတစ်ခုအနေနဲ့ လက်ရှိအချိန်မှာ လျင်မြန်တဲ့ ခြေလှမ်းတွေနဲ့ အာဆီယံကို ဦးဆောင်နိုင်တဲ့ နေရာတစ်ခုကို ရောက်ရှိလာပါပြီ။ ဒီအချိန်မှာ ပြည်တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းထားသင့်ပါတယ်''ဟု ERIA Academic Advisory Council (AAC) ၏ ဥက္ကဋ္ဌ Dr. Hank Lim က ပြောကြားသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာ ဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်၌ ကိုင်တွယ်ဆောင်ရွက်ရမည့် အခြားသော ကိစ္စရပ်များမှာ အာဆီယံအသိုက်အမြုံ တည်ဆောက်ရေးကို သတ်မှတ်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော ASPC (ASE AN Political-Security Community) ကို သုံးသပ်ခြင်း၊ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သော အာဆီယံ စီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ ကျန်ရှိနေသည်များကို ဆက်လက်အကောင် အထည်ဖော်ရေး၊ ASCC (ASEAN Sociocultural Community) သုံးသပ်ချက်များကို ဆွေးနွေးခြင်း၊ ပုဂ္ဂလိကပိုင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှာ အာဆီယံနိုင်ငံများအကြား ချိတ် ဆက်စေမှုကို မည်သို့ အကူအညီပေးနိုင်မည် ဆိုသည်ကို ဆွေးနွေးခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏ လျောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး၊ အာဆီယံနိုင်ငံများအကြား နိုးကြားမှုရှိစေရန် ဆက်သွယ်မှု အစီအစဉ်များဆောင်ရွက်ရေး၊ အမေရိကန်၊ တရုတ်အပါအ၀င် အာဆီယံ မိတ်ဖက်နိုင်ငံများအကြား မျှခြေကို ထိန်းညှိ ဆောင်ရွက်ပေးခြင်း၊ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့အလယ် ပိုင်း ကိစ္စရပ်များအပြင် နိုင်ငံတွင်း ကိစ္စရပ် ဖြစ်သော ရခိုင်အရေးကိစ္စရပ်များကို ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုချင်းစီက အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်တွင် မှတ်တိုင်စိုက်ထူနိုင်သော ဦးဆောင်မှုများကို ပြုလုပ်ခဲ့ကြသည့်အတွက် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက မှတ်တိုင်ထူနိုင်မည့် ဆောင်ရွက်မှုမှာ AICHR(ASEAN Intergovernmental Commission on Human Rights) အား သုံးသပ်ခြင်းဖြစ်လာနိုင်ကြောင်း ERIA ၏ အကြံပေး အဖွဲ့ဝင်နှင့် အာဆီယံရေးရာ ကျွမ်းကျင်သူဂျာနယ်လစ် Mr. Kavi Chongkittavorn က ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အောက် တိုဘာလတွင် ဘရူးနိုင်ငံ၌ ပြုလုပ်မည့် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် လက်ခံရယူမည်ဖြစ်သည်။

EMG

Friday, September 27, 2013

ဒါဆိုရင်တော့သေချာပြီ


ဘဏ်တစ်ခုထဲသို.
ကျွန်ုပ်တို.၏ ချစ်လှစွာသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဝင်လာ၏။
ထိုအခါ ဘဏ်မန်နေဂျာမှ
“ငွေထုတ်မှာလား၊ ငွေလွှဲမှာလား ခင်ဗျာ”

“ငွေထုတ်ချင်လို.ကွယ်၊ သိန်း(100) လောက် ခုတော်တော်အရေးကြီးနေလို.”

“သြော်၊ ဟုတ်ကဲ.ပါခင်ဗျာ။ မှတ်ပုံတင်လေး တစိတ်လောက်ပြပါလား”

လူထုမှာ ဘယ်မှတ်ပုံတင် ပြရမလဲဟု စဉ်းစားရင်း ဟိုစမ်းဒီစမ်း ဖြင့်

“အေးကွယ် အရေးကြီးလို.အလောတကြီး ထွက်လာတာ မှတ်ပုံတင် ကျန်နေခဲ.တယ်”

“ကွန်တော်တို. တာဝန်ဝတ္တရားအရ၊ မှတ်ပုံတင်ပါမှ ငွေထုတ်ခွင့်ပြုပါတယ်ခင်ဗျာ”

“ကျွန်မ လူထု ခေါင်းဆောင်ပါ ၊ လူတိုင်းသိပါတယ်”

“ ဟုတ်ပါတယ်ခင်ဗျ၊ ဒါပေမဲ. တာဝန်နဲ.၀တ္တရား၇ှိလို.ပါ”

“ကျွန်မ လူထုခေါင်းဆောင် လေကွယ်”

“ဟုတ်ကဲ. ဒါဆို၊ လူထုခေါင်းဆောင် ဟုတ်ကြောင်းမှန်ကြောင်း အထောက်အထားတစ်ခုပြပါ ခင်ဗျာ”

မန်နေဂျာပြောစကားအား ကောင်းကောင်းနားမလည်သော လူထုခေါင်းဆောင်ကြီးမှာ

“ဘာလိုလဲ.၊ ကျွန်မ သိပ်နားမလည်ဘူး”

“ဒီလိုပါ ခင်ဗျာ၊ ကျွန်တော်တို.ဘဏ်ကို လွန်ခဲ.တဲ. အပတ် လောက်က စာရေးဆရာ ချစ်ဦးညိုလာပါတယ် ခင်ဗျာ၊ သူလည်းငွေလာထုတ်တာပါ ဒါပေမဲ. အခုလိုပဲ မှတ်ပုံတင်ပါမလာပါဘူး၊ အဲ.ဒါနဲ. ကျွန်တော်က စာရေးဆရာချစ်ဦးညိုဖြစ်ကြောင်း အထောက်အထား တစ်ခုပြပါဆိုတော. သူကရှေ. ထွက်ပြီး “မ နဲ.မောင်နဲ. ခုမှတွေ.တာxxxx လူပါးမ၀ခင်တုန်းက ပြောကြတော.ရယ်စရာပါxxxx ဟာ..ဟာ..ဟာ”
ဆိုပြီးတော. ကွေးနေအောင်ကပြပါတယ်၊ ဒါဆိုရင်တော. ကျွန်တော်တို.ကယုံပါတယ် ဘာလို.လဲဆိုတော. စာရေးဆရာထဲမှာ အဲ.လိုသီချင်းဆိုပြီး ကတတ်တာ ချစ်ဦးညို တစ်ယောက်ပဲရှိတာကိုး။ ကျွန်တော်တို.ငွေထုတ်ပေးလိုက်ပါတယ်”

မန်နေ၈ျာက ဆက်လက်၍
“ အဲ.လိုပဲ ဟိုတစ်နေ.က ဦးဇင်ဝိုင်း ငွေလာထုတ်ပါတယ် အလားတူပါပဲ သူလည်း
အဲ.ဒါနဲ. အထောက်အထားပြခိုင်းရော သူက ရှေ.ထွက်ပြီး၊ “ ကျွန်တော်က ရုပ်ရှင်အစည်းအရုံး ဥက္ကဌ မဟုတ်ပါဘူးဗျာ၊ ကျွန်တော်က ဘုံကျွန်ကြီးပါဗျာ၊ ခိုင်းဖတ်ကြီးပါခင်ဗျာ” ဆိုပြီးငိုပါလေရော
သေချာပြီ ဒါဆို ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဇင်ဝိုင်းပဲ၊ ကျွန်တော်တို.ငွေထုတ်ပေးလိုက်ပါတယ်၊ ခု လူထု ခေါင်းဆောင်ကြီးဖြစ်ကြောင်းဘယ်လိုအထောက်ထားပြချင်ပါသလဲခင်ဗျာ”

လူထုခေါင်းဆောင်ကြီးမှာ ခေါင်းကုတ်၍
“ ကျွန်မ တို့ ဖေဖေ တို့တုန်းကပေါ့...” လို့ပြောဖို့ အစချီ လိုက်ယုံနဲ့ပဲ

“ရပြီ ရပြီ  ဒီလို အစချီ ရင် ဒါ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အစစ်ပဲ” ဟုဆိုကာ ငွေထုတ်ပေးလိုက်ပါသည်။


မွှေးညှပ်

http://shwenewnews.blogspot.com/2013/09/blog-post_6842.html

လျှပ်တပြက် ရန်ကုန်


(က)
ရန်ကုန်လို့ ပြောလိုက်တာနဲ့ အားလုံးက နှာခေါင်းရှုံ့သွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ မိုးတွင်းကာလ အခက်အခဲတွေကြောင့်ပါ။ ကျန်တာတွေကို ကျွန်တော်သေသေချာချာ မသိသလို၊ ပြောလည်းမပြောချင်ပါဘူး။ ကိုယ်တွေ့ကြုံရတဲ့ အခက်အခဲ တစ်ခုကတော့ ချိန်းဆိုထားတဲ့ နေရာတွေကို အချိန်မီ ရောက်ဖို့အတွက် ၂ နာရီလောက် ကြိုတင်ပြီး ထွက်နေရတာပါပဲ။ အချိန် ၂ နာရီဆိုတာ အမှန်တကယ် အလုပ်လုပ်မယ်ဆိုရင် ဘယ်လောက်အဖိုးတန်သလဲဆိုတာ အားလုံးအသိပါ။ အခုတော့ အဲဒီအချိန်တွေကို လမ်းတွေပေါ်မှာ၊ တက္ကစီတွေပေါ်မှာ၊ ဘတ်(စ်)ကားတွေပေါ်မှာ၊ ဖယ်ရီတွေပေါ်မှာ အလဟဿ ဖြုန်းတီးပစ်လိုက်ကြရတယ်။ ရန်ကုန်မှာ နေထိုင်လုပ်ကိုင် ရှင်သန်ရပ်တည် နေကြသူတွေဟာ နေ့စဉ်နဲ့အမျှ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကြားမှာ အချိန်တွေ၊ စိတ်ရှည်မှုတွေ၊ သည်းခံမှုတွေ၊ နားလည်မှုတွေကို စတေးပစ်နေကြရတာ အင်မတန်မှကို နှမြောဖို့ကောင်းလှပါတယ်။

(ခ)
ဘတ်(စ်)ကားစီးဖို့ ဘယ်လိုမှကို သတ္တိမွေးလို့ မရတဲ့အတွက် တက္ကစီငှားစီးပြီး MICT ထဲကို သွားခဲ့ပါတယ်။ အဲဒီနေရာကို မရောက်ခင် ဖြတ်သန်းခဲ့ရတဲ့ လမ်းကွေ့တစ်နေရာကို ကျွန်တော်ဖြင့် အခုစာရိုက်နေရင်းနဲ့ ပြန်မြင်ယောင်နေမိတယ်။ အိမ်စီး၊ တက္ကစီ၊ ဖယ်ရီ စသဖြင့် ကားအမျိုးမျိုး အထွေထွေဟာ လှေငယ်လေးတွေအလား ရေပြင်ကျယ်ကြီးထဲမှာ ကူးခတ်ခုတ်မောင်းနေကြတာ၊ ရုံးသွားတာ ဖြစ်ပုံရတဲ့ အမျိုးသား၊ အမျိုးသမီးအချို့ဟာ ထီးလေးတွေဆောင်း၊ ထမင်းချိုင့်လေးတွေမပြီး သူတို့ပေါင်လယ်လောက်ရှိတဲ့ ရေပြင်ကျယ်ကြီးကို တစ်စက်ကလေးမျှ ဂရုမစိုက်ဘဲ ဖြတ်သွားနေကြတာကို မြင်ခဲ့ရတာ ကျွန်တော်ဖြင့် အံ့သြလွန်းလို့ တွေ့တဲ့လူတိုင်း၊ ကြုံတဲ့လူတိုင်းကို ပြန်ပြောဖြစ်ပါတယ်။ ခက်တာက ရန်ကုန်မှာ ဘယ်သူကမျှ ကျွန်တော်ပြောတာကို အထူးအဆန်း မဖြစ်ကြဘူး။ သူတို့ရဲ့ နေ့စဉ်လူနေမှုဘ၀မှာ ဒီလိုအရာတွေဟာ ဘာမျှမဆန်းတော့တဲ့ သာမန်ကိစ္စရပ်လေးတွေ ဖြစ်ကုန်ကြတယ်။ မြို့ရောက်တဲ့ တောသားကျွန်တော်က အဲဒီရေထဲကနေ ကားဖြတ်တော့ လန့်ဖြန့်ပြီး ခြေထောက်ကလေးကို ကြွလိုက်မိတယ်။ တက္ကစီမောင်းတဲ့လူက အကင်းပါးတယ်။ ရေမ၀င်ပါဘူးဆရာ တဲ့။ ပြတင်းပေါက်ကနေ ခေါင်းထွက်ကြည့်လိုက်တော့ ရေတွေက ကားတစ်ဝက်လောက်မှာ ဘောင်ဘင်ခတ်လို့။

(ဂ)
ကျွန်တော်သာ ရန်ကုန်တိုင်းဒေသကြီး အစိုးရဆိုရင် ကျန်တာတွေကို လုပ်တာမလုပ်တာ အပထား။ အရင်ဦးဆုံး ယာဉ်ကြောပိတ်ဆို့မှု ပြဿနာနဲ့ မိုးနည်းနည်းရွာတာနဲ့ ရန်ကုန်မြို့ကြီး ရေထဲမျောတဲ့ ကိစ္စရပ်ကို ဖြေရှင်းမိမှာ အမှန်ပဲ။ ဘာမှ ထွေထွေထူးထူး စည်းရုံးစရာမလိုပါဘူး။ ရန်ကုန်မြို့ကြီးကို မိုးရွာရင် ရေလုံးဝမမြုပ်အောင်၊ ဘယ်မီးပွိုင့်ကိုမျှ ယာဉ်ကြောပိတ်ဆို့မှု ၃မိနစ်ထက်ပိုပြီး မကြာစေရအောင် ဆောင်ရွက်မှာပါပဲ။ အော်... လက်တွေ့မဟုတ်ဘူးနော်၊ ကျွန်တော် စိတ်ကူးမိတာလေးတွေ ပြောတာပါ။ လက်တွေ့လုပ်နေသူတွေက ဒါတွေမသိဘဲ နေမှာမဟုတ်ပါဘူး။ မသိချင်ယောင် ဆောင်တာလည်း မဖြစ်နိုင်ပါဘူး။ အကြောင်းတစ်ခုခု ရှိလို့ဖြစ်မယ်ထင်ပါတယ်။

(ဃ)
ရန်ကုန်မှာ အခုအချိန်အထိ ကျွန်တော်နဲ့ သဟဇာတ မဖြစ်တာက ဈေးဝယ်ရတာပါပဲ။ အရောင်းစာရေးမတွေကို ဆိုင်ရှင်တွေ၊ မန်နေဂျာတွေက ဘယ်လိုများ လေ့ကျင့်ပေးထားလဲ မသိပါဘူး။ ဆိုင်ခန်းထဲကို ၀င်လိုက်တာနဲ့ သူတို့မျက်စိထဲမှာ ဈေးဝယ်လို့ မြင်ပုံမရဘူး။ အလစ်သမားတွေပဲ ၀င်လာသလိုလို၊ အကြမ်းဖက်သမားတွေပဲ ရောက်လာသလိုလို မျက်နှာပေးတွေနဲ့ ဟိုဟာမေးလည်း မဖြေချင်၊ ဒီဟာမေးလည်း နှာခေါင်းရှုံ့နဲ့ ကိုယ့်ဘာသာကိုယ်တောင် သံသယဖြစ်မိတဲ့ အထိပါပဲ။ ဆိုင်ရှင် သို့မဟုတ် မန်နေဂျာများ ရှိလို့ကတော့ ၀င်လာတဲ့ဈေးသည်ကို ထန်းလျက်ခဲလို ၀ိုင်းလျှက်ကြတာပါပဲ။ တစ်ခုခုကို ကိုင်လိုက်တိုင်း ဈေးနှုန်းအရင်စပြောတာဟာ ရန်ကုန်စတိုလ်ပဲ ထင်ပါရဲ့ဗျာ။ အဲဒီလို ပြောလိုက်တော့လည်း ကိုယ်မ၀ယ်နိုင်တဲ့ ဈေးနှုန်းဆိုရင် ကိုင်ကြည့်မနေနဲ့လို့ သွယ်ဝိုက်ပြီး သတိပေးပြီးသား ဖြစ်တာပေါ့။ မယ်မင်းကြီးမများ ကျန်းမာချမ်းသာကြပါစေ။

(င)
မြင်တွေ့ရသမျှ လူအားလုံးဟာ စိတ်ပျက်အားငယ်မှုကို မြိုသိပ်ပြီး ဘ၀ရည်မှန်းချက်တွေအတွက် သူတို့ရဲ့ စိတ်ခံစားချက်တွေကို လမ်းခင်းထားကြပုံ ရပါတယ်။ ဘယ်လောက်ပဲ အခက်အခဲတွေ ရှိနေပါစေ... အားလုံးဟာ ရန်ကုန်မြေကို မက်မောတွယ်တာ နေကြတုန်းပါပဲ။ ရန်ကုန်ဟာ အားလုံးအတွက် စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေကို တစ်ပွေ့တစ်ဝိုက်ကြီးနဲ့ အမြဲရင်ဖွင့်ထားဆဲ ဖြစ်နေပုံရပါတယ်။

ရန်ကုန် ကျန်းမာပါစေ...
ရန်ကုန် သန့်ရှင်းပါစေ....
ရန်ကုန် ဘေးကင်းပါစေ....
ရန်ကုန် ရန်ကင်းပါစေ....
ရန်ကုန် မေတ္တာလွှမ်းခြုံနိုင်ပါစေ....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၅၄ မိနစ်တွင်ပြီး၏

ချိုးဖြူလေးကို အားနာပါ


------------
ရေးသားသူ- ဘစီ

ငြိမ်းချမ်းရေးဆိုတဲ့ စကားကို ကျုပ်တို့တိုင်းပြည်မှာ ပြောလာလိုက်ကြရတာ လွတ်လပ်ရေးရပြီး ကတည်းကပဲနော်။ ဒါပေမဲ့
ကနေ့အထိ မငြိမ်းချမ်းနိုင်သေးဘူးဖြစ်နေတာလည်း အားလုံးအသိပဲ။ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုရဲ့ တပ်ဦးမှာရှိခဲ့တဲ့ဆရာ
ကြီးသခင်ကိုယ်တော်မှိုင်းဆိုရင်လည်း သူမသေခင်မှာ တိုင်းပြည်ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်လို့ တဖွဖွပြောခဲ့ရတယ်။ ဒါ
ပေမဲ့ သေသာသွားရော မြင်မသွားရပါဘူးဗျာ။

ငြိမ်းချမ်းရေးစကား ပြောသာပြောရ မငြိမ်းချမ်းနိုင်သေးတာမို့ သူ့လေးချိုးကြီးတစ်ပုဒ်ထဲ မှာ “ပြေ(ပြည်)ရွာမှာ သေတာ လောက် မကောင်းချိန်မို့” ဆိုပြီး တောင်မှ ဆရာကြီးက ထည့်ရေးသွားတာတွေ့ရဖူးသဗျ။ အခုအချိန်ထိလည်း ကျုပ်တို့ဟာ ဆရာကြီး ကလိတိတိနဲ့ ညည်းခဲ့သလို ပြေရွာမှာ သေတာလောက် မကောင်းချိန်ထဲမှာ ရှိနေကြတုန်းပါပဲ။ ငြိမ်းချမ်းပြီးတော့ ရေကန်သာ ကြာ တိုင်းအေးနိုင်မယ့် ရွှေပြည်တော်ဟာ မျှော်တိုင်းဝေးနေရတုန်းပဲဆိုပါတော့လေ။

ပြီးခဲ့တဲ့တစ်ရက်ကတော့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လို့ဆိုတယ်ခင်ဗျ။ အဲဒီနေ့တုန်းက ကျုပ်တို့တိုင်းပြည်မှာလည်း အ ခမ်းအနားတွေ လွှတ်လုပ်ကြသပေါ့ဗျာ။ လမ်းလျှောက်ကြ၊ ချီ တက်ကြ။ ငြိမ်းချမ်းရေးအကျိုးဆောင်များကလည်း ချိုးငှက်တွေ လွှတ်ကြ၊ ဖယောင်းတိုင်မီးတွေ ထွန်းကြနဲ့လုပ်နေလိုက်ကြတာ ဗျာ။ ငြိမ်းချမ်းရေးကို ကျုပ်တို့ပြည်သူတွေ ဘယ်လောက်လိုချင်စိတ် ပြင်းပြနေကြတယ်ဆိုတာကို ပြသတဲ့ သက်သေသာဓကတစ်ခုအ ဖြစ် ကျုပ်ကတော့ ရှုမြင်သဗျ။

ငြိမ်းချမ်းရေးနေ့ဆိုလို့ ကျုပ်ခေါင်းထဲ အမှတ်ရလာတာက ဟိုလွန်ခဲ့တဲ့ လအနည်းငယ်လောက်တုန်းက “စစ်ပွဲတွေရပ်”ဆိုပြီး ငြိမ်း ချမ်းရေးကိုလိုလားတဲ့ တက်ကြ အင်အားစုများက ဦးဆောင်ပြီး သကာလအင်လျားကန်ပေါင်မှာ အထိမ်းအမှတ် ကျောက်တိုင် လေးတစ်ခု စိုက်ထူခဲ့ကြသေးတယ်မို့လား။ အနှီငြိမ်းချမ်းရေး ကျောက်တိုင်ခမျာ ၂၄ နာရီတောင် မခံရှာဘူး။ အာဏာပိုင်တွေလာ ပြီး တူးဖြိုသွားတာ မှတ်မိသေးတယ်။ ငြိမ်းချမ်းရေးကျောက်တိုင် ခိုင်ခိုင်မာမာဖြစ်မှာ မလိုလားသူ တွေရှိနေတယ်ဆိုတာအဲဒီကတည်းက ကျုပ်တို့ သံသယ၀င်မိတယ်။

ဒါပေသိ ငြိမ်းချမ်းရေးအကျိုးဆောင်တဲ့ ၀န်ကြီးတစ်ဦးကတော့ တစ်နေ့တုန်းက ပြောရှာတယ်။ သူဟာ ငြိမ်းချမ်းရေးလိုချင် လွန်းအားကြီးလို့ အိမ်ရောင်း၊ ကားရောင်းပြီးတောင်မှ လုပ်နေသတဲ့။ ဘယ်အိမ်တွေ ရောင်းထားသလဲ။ သိချင်ရင် လိပ်စာပေးလိုက်မယ်။ သွားကြည့်ကြတဲ့ဗျ။ (သူ့မယ် အိမ်ဘယ်နှလုံးတောင်မှ ရှိနေသလဲတော့ မသိဘူးပေါ့ဗျာ)

အနှီလို ငြိမ်းချမ်းရေးအတွက် ကိုယ့်အိတ်ကိုယ်စိုက် လုပ် နေရှာတဲ့ အစိုးရ၀န်ကြီးများရှိတာကို သိရတော့ ကျုပ်သိပ်ပြီး ၀မ်း သာတာပဲဗျာ။ ကျုပ်တို့မှာ ငြိမ်း ချမ်းရေးကိုလိုလားတဲ့ ပြည်သူ တွေလည်း ရှိနေပြီ။ ငြိမ်းချမ်းရေးကိုလိုလားတဲ့ သမ္မတကြီးလည်း ရှိ နေပြီ။ ၀န်ကြီးတွေလည်း ရှိနေပြီ။ နိုင်ငံရေးအင်အားစုတွေလည်း ရှိ နေပြီ။ ငြိမ်းချမ်းရေးလိုလားတဲ့ တပ်မတော်ကြီးလည်း....။ ကဲ ဗျာ ဘာလိုသေးလဲ။

အခု တစ်နိုင်ငံလုံး အပစ်ရပ် ပါ့မယ်လို့ သမ္မတကြီးရော၊ ငြိမ်းချမ်းရေးအကျိုးဆောင်များရော၊ တက်ကြွလှုပ်ရှား ငြိမ်းချမ်းရေး သမားများရော အတူတကွ တိုင်းပြည်ကို ကြေညာမောင်းတီးပြီး ဆော်သြသမှုပြုနေကြတဲ့အခါမှာပဲ ငြိမ်းချမ်းရေးတေးသံအစား သေ နတ်သံများကို ပြန်ကြားလာရတာကတော့ တစ်ခုခုဖြင့် မှားလို့များ နေပြီလားခင်ဗျာ။

ငြိမ်းချမ်းရေးဆိုတဲ့စကား အစိုးရအဆက်ဆက် ပြောတော့ ပြောခဲ့ကြတာပဲ။ ဟိုးရှေးက ဖဆပလအစိုးရကလည်း ငြိမ်းချမ်းရေးစကား ပြောခဲ့တယ်ဗျာ။ နောက် တော်လှန်ရေးကောင်စီကလည်း ငြိမ်းချမ်းရေးကို ပြောခဲ့တာပဲ။ ကဲတော်လှန်ရေးကောင်စီတစ်
ဖြစ်လဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအပြီးမှာ တက်လာတဲ့ တပ်မတော်အစိုးရဆိုတာကလည်း ဘာဆက်ပြောခဲ့သလဲ။ အားလုံးအသိပါ။ပြည်တွင်းငြိမ်းချမ်းရေးပါပဲ။

ဒါပေမဲ့ ငြိမ်းချမ်းရေးရတယ် လို့တော့ ကြားခဲ့ကြသလားဗျ။ ငြိမ်းချမ်းရေးဆိုတာထက် ပစ်ရခတ်ရလွန်းလို့ လက်ညောင်းတဲ့အချိန်မှာ ခဏတဖြုတ်အနားရအောင် အပစ်ရပ်ကြတာလို့ ပြော စမှတ်တွင်အောင် နားလိုက်၊ ပစ် လိုက်ပဲ ရှိနေခဲ့တာ မဟုတ်လားဗျာ။ “နားနားပြီးပြော” ဆိုတဲ့ သီချင်းနာမည်လိုပဲ နှစ်ဖက်စစ်တပ် များဟာ “နားနားပြီး ပစ်” နေရကြ တယ်လို့ပဲ ဆိုရမလိုပေါ့ခင်ဗျ။

အခု ဒီနေ့ဒီအချိန်မှာလည်း ငြိမ်းချမ်းရေးသံစုံတီးဝိုင်းကြီးဟာ ဘယ်ခေတ်အခါနဲ့မှ မတူအောင်ကို ဆူလောင်မြည်ဟည်းနေတယ် ခင်ဗျ။ ငြိမ်းချမ်းရေးအတွက် အစိုးရအပါအ၀င် နိုင်ငံရေးပါတီများ၊ အရပ်သားလူမှုအဖွဲ့အစည်းများနဲ့ အနုပညာရှင်များပါမကျန် တစ် သံတည်းထွက်နေကြတဲ့အချိန် ပေါ့ခင်ဗျာ။ တကယ့်လက်တွေ့မှာ ဘယ့်နှယ်လုပ်ကြမလဲတော့ မသိဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ရွာဘုန်းကြီးပျံမှာ မဏ္ဍပ်ဆောက်သလိုတော့ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရပါသဗျ။

ဒီလိုလေဗျာ။ ကျုပ်တို့ရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဆရာတော်ကြီး ပျံလွန်တော်မူတော့ကာ ရွာမှာဧည့်ခံမဏ္ဍပ်ကြီး ဆောက်ဖို့ ကိုစံလှနဲ့ ကိုအုန်းဖေ (နာမည်ရင်းများမဟုတ်) ဆိုတဲ့ ရွာနေပြည်ထိုင် လက်သမားနှစ်ယောက်ကို ရပ်ရွာက တာဝန်ပေး လိုက်တယ်ဗျာ။ ခက်တာက အဲဒီ ကိုစံလှနဲ့ ကိုအုန်းဖေဟာ အချင်း ချင်းကပ်ပြီး ပညာပြိုင်နေတဲ့သူတွေဗျ။ ဒီမှာတင် အနှီလက်သမား ဆရာနှစ်ယောက်ရဲ့ အားပြိုင်မှုဟာ ဘုန်းကြီးပျံတော်မူလို့ ပူဆွေး နေတဲ့ တစ်ရွာလုံးက ဒါယကာ ဒါယိကာမတွေရဲ့အကြားမှာ ပွက် လောရိုက်စရာဖြစ်လာတယ်ဗျာ။

ဖြစ်ပုံကတော့ သူတို့နှစ် ယောက်စလုံးက ရွာဦးကျောင်းဆရာတော်ရဲ့ ဈာပနမဏ္ဍပ်ကို အကြောင်းပြုပြီး သူ့နည်းသူ့ဟန်နဲ့ အစွမ်းပြချင်နေကြတာပေါ့ဗျာ။ ခပ်တိုတိုဆိုရရင် သူတို့နှစ်ယောက်က သူ့အစွမ်း၊ ငါ့အစွမ်းပြချင်နေတော့ကာ အတူတွဲလုပ်ဖို့ဆိုတာ ညှိမရဘူးခင်ဗျ။ ကိုစံလှဘက်ကလည်း သူ့တစ်သက်မှာ ဆရာတော် ရဲ့ ဈာပနမဏ္ဍပ်ကြီးကို ဟည်းဟည်းထအောင် တည်ဆောက် ပေးခဲ့တာလို့ သူ့ရဲ့သားစဉ်မြေးဆက်အကြားမှာ ဂုဏ်ယူဝင့်ကြွားရအောင် လုပ်မယ်တကဲကဲနဲ့ မှန်းနေတာ။

ကိုအုန်းဖေကလည်းထိုနည်းလည်းကောင်းပဲ။ နောင်အခါ ရွာထဲက မျိုးဆက်သစ်တွေက ရွာ ဦးကျောင်းဆရာတော်ရဲ့ ဈာပန ရာဇ၀င်ကို ခြေရာခံကြတဲ့အခါ အနှီဆရာတော်ရဲ့ နောက်ဆုံးခရီးအတွက် ဧည့်ခံမဏ္ဍပ်ကြီးဟာ လက်သမားဆရာကြီး ကိုအုန်းဖေ တည်ဆောက်ပေးခဲ့တာဖြစ်တယ်လို့ နှောင်းလူများ တဖွဖွနဲ့ အံ့သြခြင်းကြီးစွာ ထောပနာပြုရစေ့ မယ်ဆိုပြီး ကြိတ်ကြံနေတာကလား။

ဆိုတော့ကာ ကိုစံလှနဲ့ ကိုအုန်းဖေကို ရွာထဲက ဘယ်လိုမှ ညှိမရဘူးပေါ့ခင်ဗျာ။ ကိုစံလှကို ဆောက်ခိုင်းရင်လည်းကိုအုန်း ဖေက မကျေနပ်ဘူး။ အလားတူ ကိုအုန်းဖေကို ဆောက်ခိုင်းရင်လည်း ကိုစံလှက ကန့်ကွက်မယ် တကဲကဲဗျ။ နှစ်ယောက်အတူ ဆောက်ပေးပါလို့ ရွာက မေတ္တာ ရပ်ခံတော့လည်း မဟုတ်ဘူး။

သို့ကလို ညှိမရ၊ နှိုင်းမရဖြစ် နေတုန်းမှာ ဈာပနပွဲကလည်း နီးလာပြီ။ ဒီမှာ လက်သမားနှစ်ယောက်လည်း သူဆောက်မယ်၊ ငါဆောက်မယ်ဆိုပြီး ငြင်းခုံလို့ မပြီးသေးဘူး။ နောက်ဆုံးမှာတော့ ရွာက ကာလသားတွေက တိုက်ကရိုက်ဝိုင်းဆောက်လိုက်ကြတဲ့ သက်ငယ်တစ်ဝက်၊ ရိုးပြတ်တစ်ဝက်၊ ကောက်ရိုးတစ်ဝက်ရောထားတဲ့ ခနော်ခနဲ့ လေးတိုင်စင်မဏ္ဍပ်လေးနဲ့ပဲ အရပ်လေးမျက်နှာက ဒါယကာ၊ ဒါယိကာမတွေကိုပဲ ဧည့်ခံကျွေးမွေးလိုက်ရတော့တယ်။

ကိုစံလှနဲ့ ကိုအုန်းဖေတို့ရဲ့ သဲဖြူခင်း၊ ရာဇမတ်ကာ၊ ငှက်ပျောပင်စိုက်ထားတဲ့ ဈာပနဧည့် ခံမဏ္ဍပ်ကြီးကိုတော့ကနေ့အထိ ရွာက မမြင်ကြရသေးဘူး။ ရွာထဲက လူကြီးတွေကတော့ ပြောရှာတယ်။ သြော်.. တို့ဆရာတော်ကြီး ၀ဋ်ကြွေးကြီးပုံများ ဈာပနမှာ အုန်းဖေနဲ့ စံလှတို့နဲ့မှ တွေ့ရပလေတယ်လို့ သွားလေသူ ရွာဦးဘုန်းကြီးရဲ့ အတိတ်ကံကိုပဲ ယိုးမယ်ဖွဲ့ကြရုံမှတစ်ပါး အခြားဘာမှ မတတ်နိုင်ခဲ့ဘူး။

အခုလည်း ငြိမ်းချမ်းရေးကို အဖွဲ့အစည်းအသီးသီးက ကိုယ့် နည်းကိုယ့်ဟန်နဲ့ ပြောနေဆိုနေလုပ်နေကိုင်နေကြတဲ့အချိန်မျိုး ဆိုတော့ပေါ့ခင်ဗျာ။ ငြိမ်းချမ်းရေး ဗိမာန်ကြီးတည်ဆောက်ကြတဲ့ နေရာမှာ ကျုပ်ရွာက လက်သမားနှစ်ယောက်လိုတော့ မဖြစ်ပါစေနဲ့ ဆုတောင်းနေရသဗျာ။

ငြိမ်းချမ်းရေးအတွက် အိမ်ရောင်းပြီးတောင်မှ လုပ်နေပါတယ်ဆိုတဲ့ ၀န်ကြီးကိုလည်း တကယ်ဟုတ်တယ်ဆိုရင် ကျုပ်တို့ က ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ငြိမ်းချမ်းရေးအထိမ်းအမှတ် ရန်ပုံငွေပွဲများ လုပ်တာလည်း ကြိုက်ပါတယ်။ လမ်းလျှောက်တာလည်း ကောင်းပါတယ်။ မီးထွန်းတာလည်း သင့်မြတ်ပါတယ်။ ဒါပေသိ အပြောထက် အလုပ်တွေက အရေးကြီးတယ်ခင်ဗျ။ နှစ်ဖက်တပ် မကြီးတွေကလည်း “နားနားပြီးပစ်” နေချိန်မှာ ငြိမ်းချမ်းရေးလှုပ် ရှားသူတွေရဲ့ ငြိမ်းချမ်းရေးစကားများဟာလည်း “ပြောပြောပြီးပြီး” နဲ့ ဇာတ်မျောကြီး မဖြစ်ဖို့လိုပါတယ်ဗျို့။

ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် အရပ်ဘက်အဖွဲ့အစည်းအချို့က ပုဂ္ဂိုလ်ကြီးများဟာ ပြီးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့မှာ ချိုးဖြူငှက်များ လွှတ်နေတာတွေ့ရတော့ ကျုပ် တို့သိပ်ပြီး ကြည်နူးအားတက် ဖြစ်ရပါတယ်ဗျာ။ အလားတူ မြန်မာ့ တပ်မတော်ကြီးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်သားများလည်းပါဝင်ပြီးတော့မှ ချိုးဖြူငှက်ကလေးတွေ လွှတ်ကြရင် သိပ်ကောင်း
မှာပဲ။

ငြိမ်းချမ်းရေးနေ့မှာ ချိုးငှက်လွှတ်တာတွေ့ရတော့ ကာတွန်းဖေသိန်းရဲ့ ကာတွန်းတစ်ကွက်ကို ကျုပ်ဖြင့် အမှတ်ရနေမိသေးတယ် ခင်ဗျာ။ ဟိုး...ရှေးရှေးကာလ ၁၉၅၀ တစ်ဝိုက်လောက်ကဖြစ် မှာပေါ့။ ပြည်တွင်းစစ်မီး အရှိန်မြင့်ပြီး ဒလဘက်ကမ်းမှာတောင် တိုက်ပွဲတွေ ဖြစ်နေချိန်ပေါ့။ ဆ ရာဦးဖေသိန်းကလဒ (လင်းတ) ပုံကြီးဆွဲပြီး အောက်မှာ အခုလိုရေးထားသဗျ။

“ရန်ကုန်ဘက်ကမ်းမှ ပျံ သန်းလာသော ချိုးငှက်ကလေး သည် ဒလဘက်ကမ်းသို့ ရောက်သောအခါ လဒ (လင်းတ) ဖြစ် သွားလေတော့သတည်း”ပါတဲ့ ခင်ဗျ။ အခုလည်း ရန်ကုန်မှ ငြိမ်း ချမ်းရေးလိုလားသူများ လွှတ်လိုက်သော ချိုးငှက်ကလေးဟာ မြန်မာပြည်မြောက်ပိုင်းနဲ့ နယ်စပ်ဒေသ တောင်တန်းများအကြားသို့ ရောက်သောအခါ လဒ (လင်းတ) ဖြစ်မသွားပါစေနဲ့လို့ ကျုပ်ဖြင့် ရင် တမမနဲ့ ဆုတောင်းနေရသဗျ။ လဒဖြစ်သွားတဲ့ ချိုးဖြူတွေလည်း ရှေ့မှာ မနည်းတော့ပဲကိုး။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်)

မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆိုင်ရာ သတင်းဖလှယ် ပူးပေါင်း ဆောင်ရွက်ရေး အလယ်အလတ် အဆင့် အစည်းအဝေး ကျင်းပ




ကျိုင်းတုံ ၊ ၂၇-၉-၂၀၁၃
       
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မူးယစ် (အထူး) တပ်ဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက် ၈ နာရီ အချိန်က မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးဆိုင်ရာ သတင်းဖလှယ် ပူးပေါင်း ဆောင်ရွက်ရေး အလယ်အလတ် အဆင့် အစည်းအဝေး အခမ်းအနား ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်နယ် ဒုတိယ ရဲမှူးကြီး ကျော်ထွန်း ကျိုင်းတုံခရိုင် မူးယစ် (အထူး) အဖွဲ့နှင့် တာချီလိတ် ခရိုင်မူးယစ် (အထူး) အဖွဲ့တို့မှ တာဝန်ရှိ သူများ ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး တားဆီး တိုက်ဖျက်ရေး ဌာန ၊ ပြည်ပ ဆက်ဆံရေး ဌာန ညွှန်ကြားရေးမှူး ကျူရှီးမင် နှင့် စစ်ဆောင်ပန်နား ပြည်နယ်ခွဲ ပြည်သူ့ လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြသည်။

အစီအစဉ် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်နှင့် တရုတ်နိုင်ငံ ကိုယ်စားလှယ် ခေါင်းဆောင် တို့က အဖွင့် အမှာစကား ပြောကြား ခဲ့ကြသည်။ ထို့နောက် အစည်းအဝေး တက်ရောက် လာသည့် နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ဝင် များက အပြန်အလှန် မိတ်ဆက် ကြပြီး မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဧရိယာ အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင်မှု အခြေအနေ များနှင့် တားဆီး နှိမ်နင်း ဆောင်ရွက်မှု အခြေအနေ များအား ရှင်းလင်း သည်။

ဆက်လက်၍ တရုတ် နိုင်ငံမှ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်း ဆောင်ရွက်မှု အခြေအနေ များအား ရှင်းလင်း တင်ပြသည်။ ¤င်းနောက် မူးယစ်ဆေးဝါး ကိစ္စဆိုင်ရာ များအား ဆွေးနွေးကြပြီး တရုတ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်နှင့် မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်တို့ က နိဂုံးချုပ် အမှာစကား များ ပြောကြား ကြသည်။ အစည်းအဝေး အပြီးတွင် မြန်မာ - တရုတ် နှစ်နိုင်ငံ ကိုယ်စားလှယ်များ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်၍ အမှတ်တရ ဓာတ်ပုံများ စုပေါင်း ရိုက်ကူး ခဲ့ကြောင်း သိရှိရသည်။

ပြည်ချစ်သား

အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦး အုပ်စုဖွဲ့ အဓမ်္မပြုကျင့်ခြင်းခံရသဖြင့် အရေးယူပေးရန် စက်တင်ဘာ ၂၅ ရက်က အမှုဖွင့် တိုင်တန်းထားသည်။

အမှုတွင် စက်တင်ဘာ ၂၀ ရက်နံနက် ၈ နာရီက မင်္ဂလာဒုံမြို့နယ်နေ ဦး-----(၅၃)နှစ်က အိပ်ရာထစဉ် အတူနေ သမီး ဖြစ် သူမ----(၁၈)နှစ်၏ လုံချည်တွင် သွေးများပေနေသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာမှ အဓမ္မပြုကျင့်ခြင်း ခံရသည်ကို သိရှိခဲ့ကြောင်း တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သမီးဖြစ်သူက ပြောပြရာတွင် စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီအချိန်က နေအိမ်တွင် မီးပျက်နေသဖြင့် လမ်း အတွင်းရှိ ဈေးဆိုင်သို့ ဖယောင်းတိုင် သွားဝယ်ရာမှ ဈေးဆိုင် မရောက်ခင် လမ်းတွင် ပြစ်မှုကျုးလွန် ခံရခြင်း ဖြစ်သည်ဟုလည်း ဖခင်က ရဲကို ထွက်ဆိုထားသည်။

သူမမှာ လမ်းအတွင်းတွင် မျိုးမင်းထိုက် (၃၂)နှစ် မင်္ဂလာဒုံမြို့နယ်နေသူ ပါသုံးဦးကို အရက်မူးလာသည်ကို တွေ့ရှိ ခဲ့ရသည်ဟု ဆိုထားသည်။ ထို့နောက် အမည်မသိသူ နှစ်ဦးက သူမအား လမ်းဘေးသို့ ဆွဲချ၍ မျိုးမင်းထိုက်က သားမယားပြုကျင့်ခဲ့ပြီးကျန်နှစ်ဦးကလည်း ဘေးမှ နေ၍ မဖွယ်မယာပြုလုပ်ခဲ့ကြသည်ဟု ရဲအား တိုင်တန်းထွက်ဆို ထားသည်။

ထို့ကြောင့် မျိုးမင်းထိုက် အပါအ၀င် သုံးဦးစလုံးကို အရေးယူပေးရန် ကာယကံရှင်၏ ဖခင်ဖြစ်သူက စွပ်စွဲ တိုင်တန်း လိုက်ခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကြောင့် မင်္ဂလာဒုံ ရဲစခန်းက စက်တင်ဘာ ၂၅တွင် (ပ)၅၉၅/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲခံထား ရသူ မျိုးမင်းထိုက်ကို ဖမ်းဆီးစစ်ဆေးနေကာ ကျန်နှစ်ဦးကိုလည်း ဖမ်းဆီးရမိရေး စုံစမ်းနေသည်။

ယင်းတို့ကို ပြစ်မှုကျူးလွန်ကြောင်း မှန်ကန်ပါက ပုဒ်မ ၃၇၆/၁၁၄ဖြင့် တရား စွဲတင်မည်ဟုလည်း တိုင်းရဲဌာနက ဆိုထားသည်။

ယင်းနေ့တွင်ပင် အသက် (၁၁)နှစ်အရွယ် ကလေးငယ်အား အသက်(၂၈)နှစ်ရှိ အိမ်ထောင်သည် အမျိုးသားတစ်ဦး က အဓမ္မပြုကျင့်ဟုဆိုကာ တိုင်တန်းထားမှု တစ်ခုကိုလည်း တာမွေရဲစခန်းက(ပ) ၄၁၈/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရုံး၏ မှတ်တမ်းများအရ သိရသည်။

From : ..mizzima

ထောင်ထဲမှာ အမျိုးမျိုး နှိပ်စက်တယ်လို့ဆိုပေမယ့် ၈၈ ကိုမြအေးမှ သီချင်းများရေးခဲ့ပြီး စီရီးထုတ်





၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက သူအကျဉ်းထောင်တွေထဲမှာ ရေးစပ်ထားတဲ့ သီချင်းတွေကို “အပြာရောင်သက္ကရာဇ်များ” အမည်နဲ့ သီချင်းခွေထုတ်ဝေပြီး စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ Central Hotel မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
အဲဒီ သီချင်းခွေထဲမှာပါဝင်တဲ့ သီချင်းစာသားတွေဟာ ထောင်ကျနေတဲ့နှစ်တွေကို ရည်ညွှန်းရေးသားထားတာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။
"ညွှန်းချင်တာက အပြာရောင်ဆိုတာဟာ ထောင်ကျတဲ့အခါ အပြာရောင်ဝတ်စုံ ဝတ်ရပါတယ်၊ သက္ကရာဇ်ဆိုတာ နှစ်တွေကို ရည်ညွှန်းပါတယ်၊ ထောင်ကျနေတဲ့နှစ်တွေကို ရည်ညွှန်းတဲ့အတွက်ကြောင့် အပြာရောင်သက္ကရာဇ်များ လို့ ပေးထားခြင်းဖြစ်ပါတယ်၊ အပြာရောင်သက္ကရာဇ်များဆိုတဲ့ သီချင်းကိုယ်တိုင်ပင်လျှင် ထောင်ကျနေတဲ့လူသားတွေရဲ့ တစ်နေ့တာဘဝကို ထိုးပြထားခြင်းပဲဖြစ်ပါတယ်"
ကိုမြအေးရေးသားထားတဲ့ သီချင်းစာသားတွေကို အဆိုတော် ဒီမွန်၊ ဇောင်းနဲ့ နိုးဝေး တို့ကသီဆိုထားပြီး ရွှေသံစဉ်အဖွဲ့က တီးခတ်ပေးထားတာဖြစ်ပါတယ်။
“အပြာရောင်သက္ကရာဇ်များ” သီချင်းခွေမိတ်ဆက်ပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့လည်း တက်ရောက်ခဲ့ပါတယ်။ ကိုမြအေးဟာ တောင်ကြီးမြို့၊ တောင်လေးလုံး အကျဉ်းထောင်ထဲမှာ ရေးသားထားတဲ့ “မိုးကောင်းကင်၌ တိမ်တိုက်များ” ဆိုတဲ့ လုံးချင်းဝတ္တုစာအုပ်ကိုလည်း များမကြာခင်က ထုတ်ဝေခဲ့ပြီးလည်း ဖြစ်ပါတယ်။

RFA

အစ္စလာမ်မစ် အစွန်း ရောက် ၀ါဒီများ သိမ်းပိုက် ထားသည့် မြို့ အား အီဂျစ် အစိုးရ တပ်ဖွဲ့များ ပြန်လည် သိမ်းပိုက်



September 17, 2013

အီဂျစ် အစိုးရ တပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့ ၀င်များသည် အစ္စလာမ် မစ် အစွန်း ရောက် ၀ါဒီ သမားများ တစ်လ ကြာ သိမ်းပိုက် ထားသည့် မင်ယာ ပြည်နယ် အတွင်းရှိ ဒဲလ်ဂါမြို့ ကို စက်တင်ဘာလ ၁၆ ရက် တွင် စီးနင်း ၀င်ရောက် ခဲ့ပြီး ၄င်းမြို့ကို ပြန်လည် သိမ်းပိုက် ခဲ့ကြ သည်ဟု ဒေသတွင်း အရာရှိများ ၏ ပြော ကြားချက် အရ သိရသည်။


ရဲတပ်ဖွဲ့ ဝင် များနှင့် စစ်သည် များ သည် ဒဲလ်ဂါမြို့အတွင်းသို့ စင်တင်ဘာ ၁၆ ရက် မွန်းလွဲ ပိုင်း တွင် ဝင်ရောက် ခဲ့ပြီး မျက်ရည်ယို ဗုံးများ ဖြင့် ပစ်ခတ်ခဲ့ ကြကြောင်း နှင့် အစ္စလာမ်မစ် အစွန်း ရောက် ဝါဒီသမား များကို တစ်အိမ်တက် ဆင်း ရှာဖွေမှု များ ပြုလုပ် ခဲ့ကြကြောင်း ၊ အစွန်းရောက် ၀ါဒီ သမား ၅၆ ဦးကို ဖမ်းဆီး နိုင်ခဲ့ပြီး လက်နက်များ ကိုလည်း သိမ်းဆည်း ရမိခဲ့ ကြောင်း ဒေသတွင်း အရာရှိ များက ပြောကြားသည်။

အစ္စလာမ်မစ် အစွန်း ရောက် ဝါဒီသမား များ သည် ၄င်းတို့ သိမ်းပိုက်ထား သည့် ၃၁ ရက်အတွင်း ဒဲလ်ဂါမြို့ အတွင်းရှိ ခရစ်ယာန် ဘုရားကျောင်း သုံးခု ကို မီးရှို့ဖျက်ဆီး ခဲ့သည့်အပြင် ခရစ်ယာန် ဘာသာဝင် များ၏ နေအိမ် များ ကိုလည်း ဖျက်ဆီး ခဲ့ကြကြောင်း ၊ မိသားစု အနည်းဆုံး ၁ဝဝ ခန့်သည် ၄င်းတို့၏ အသက် ရှင်သန် နိုင်ရေး အတွက် ဒဲလ်ဂါမြို့ အတွင်းမှ ထွက်ပြေး ခဲ့ရကြောင်း လူ့ အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့မှ အီရှက်ခ်အီဗရာဟင် ၏ ပြောကြားချက် အရ သိရသည်။


အီဂျစ် ရဲ တပ်ဖွဲ့ ဝင်များနှင့် စစ်သည် များ သည် လူဦးရေ ၁၂ဝဝဝဝ ဦး နေထိုင်သည့် ဒဲလ်ဂါမြို့သို့  ပြန်လည် သိမ်းပိုက် ခဲ့ပြီး နောက် တွင် မြို့တွင်း ဝင် ပေါက် ၃၂ ပေါက်ကို ပိတ်ပစ် ခဲ့ပြီး နေ့ဘက် တွင် မထွက်ရ အမိန့် ကို ချမှတ် ခဲ့ သည် ဟု သိရှိရ သည်။

ပဒူကောင် ကိုက်ခံရ၍ လူပေါင်း ၂၁ ဦးသေဆုံး


Friday, September 27, 2013


ပဒူကောင် (ပျားတူ) အကိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ကြောင်းတရုတ်နိုင်ငံအလယ်ပိုင်းဒေသဆိုင်ရာ ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံအလယ်ပိုင်း #Shaanxi ပြည်နယ် #Angkang မြို့နှင့် အနီးဝန်းကျင်ဒေသတွင် လူပေါင်းတစ်ရာကျော်မှာ အဆိုပါ အင်းဆက် အကိုက်ခံခဲ့ရသည်။

ထိုဒေသတွင် ယခုလပိုင်းအတွင်း အင်းဆက်များ ရုတ်တရက် စုပြုံရောက်ရှိလာကြောင်း သိရသည်။ ဒေသခံသတင်းစာ Huashangbao ၏ အဆိုအရမူ ပဒူကောင် အကိုက်ခံရသူ ၂၁ ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။
By Planet Myanmar Network

လျှပ်စစ်မီး ၂၄ နာရီအပြည့်လာသောကြောင့် ၀ါယာရှော့ခ်ဖြစ်ပြီး အိမ်မီးလောင်ဟုဆို



ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် မီး၂၄နာရီ ရရှိပြီးနောက် ဝါယာရှော့ဖြစ်၍ မီးလောင်မှုတစ်ခု စိမ်း ရတနာမွန်(မြောက်)ရပ်ကွက် အိမ်အမှတ် စမ-၇တွင် ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။



မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့(မိုးညှင်း)မှ မီးသတ်ကား(၃)စီးနှင့် အရန်မီးသတ်ကား(၁)စီးတို့ သွားရောက်ခဲ့ရာ သန္ဓေမီး သတ်(၇)နှစ်ဦးတို့က မီးငြိမ်းသတ်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး မီးလောင်မှုအား (၁၀) မိနစ်ခန့် အကြာတွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်အရာရှိ တစ်ဦးထံမှ သိရသည်။

“မဟာဓာတ်အားလိုင်းက လျှပ်စစ်ဗို့အား ပြည့်ဝလို့ ဆွေးမြေ့နေတဲ့ လျှပ်စစ်ဝါယာကြိုးများအစား ၀ါယာကြိုး အသစ်ကြီးကြီးနဲ့ ပြောင်းလဲ အသုံးပြုသင့်ပါတယ်”ဟု လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာန တာဝန်ရှိသူက ပြော သည်။

ယင်းကဲ့သို့ မီးလောင်မှုများကို အချိန်မီ တားဆီးနိုင်ရန် “မီးလောင်မှု ဖြစ်ပွားတာ သိသိချင်း ကား(၃)စီးနဲ့ ထွက်ခဲ့ တာပါ။ အချိန်မီသတင်း ပို့ပေးခဲ့ကြလို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို အချိန်မှီကာကွယ် ပေးနိုင်ခဲ့ ပါတယ်။ ဘာအတွက်ကြောင့်ပဲ မီးလောင်လောင် စသိတာနဲ့ မီးသတ်ရုံးဖုန်း ၀၇၄-၆၀၂၁၀ကို ဆက်သွယ်ပေးစေ လိုပါတယ်”ဟု မီးသတ်ဦးစီးက ပြောသည်။

ယင်းမီးလောင်သည့် နေအိမ်ပိုင်ရှင် ဦးနိုင်စိုးအား မီးလောင်မှု ဖြစ်ပွားခြင်းအတွက် မီးပေါ့ဆမှု ပုဒ်မ၂၈၅ဖြင့် ဒုရဲအုပ်ကြည်စိုးမှ တရားလိုပြုလုပ်၍ အရေးယူထားကြောင်း သိရသည်။

သီဟအောင်(ကချင်)
By မြန်မာ့ခေတ်

စစ်တပ်က ပြည်သူကို ကူညီချိန် မီဒီယာသမားက ပြည်သူကို ဒုက္ခပေး


 

THURSDAY, SEPTEMBER 26, 2013

အရင်သတင်းတွေမှာ တွေ့ တာတော့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်
လှေစီးတယ် ဟုဆိုကာ ဓါတ်ပုံတွေထွက်လာခဲ့ပါတယ်။
ဒီတစ်ခေါက်ကတော့ လှေစီးတဲ့ မီဒီယာသမားတွေ အလှည့်ပါ။
တပ်မတော်သားများကတော့ ရေလည်ပင်းနီးပါး အနစ်ခံကာ
ကယ်ဆယ်ရေးတွေလုပ်နေကြပေမယ့် စတုတ္ထမဏ္ဍိုင်ခေါ်
မီဒီယာသမားများကတော့ လှေပေါ်မှ ဇိမ်ကျကာ ရိုက်ထားတဲ့
ပုံတွေကို အမှန်အကန် ကြည့်နေလေရဲ့ ။

သို့ ပေမယ့် သူ့ ရှေ့ မှာဒုက္ခခံကူညီနေကြတဲ့ တပ်မတော်သားတွေရဲ့ 
ပုံများကတော့ ပေါ်ထွက်လာခြင်းမရှိခဲ့ပေ။သို့ ပေမယ့် စိတ်ပျက်ငြီးငြူခြင်း
အလျင်းမရှိဘဲ ပြည်သူ့ အတွက် စိတ်ရင်းစေတနာအမှန်နဲ့ 
ကူညီနေကြတဲ့ တပ်မတော်သားတွေကိုတော့ အင်မတန်
လေးစားမိပါဘိ။

အော...ကျနော်တို့ မြန်မာနိုင်ငံက အစိုးရဘာလုပ်လုပ် အမှား
လိုက်ရှာတတ်ကြတဲ့ စတုတ္ထမဏ္ဍိုင် မီဒီယာသမားဆိုသူတွေက
ဒါမျိုးလေလား။


From : ..ဒီမိုလုပ်စား သူတောင်းစား

ရန်ကုန်က အလုပ်ရှင်ကို ဆန္ဒပြချိန်က NLD ဒေါ်စန္ဒာမင်းတို့ ဝင်ပါခဲ့သော်လည်း ထိုင်းအလုပ်ရှင်ကို မြန်မာအလုပ်သမား ၁၈၆ ဦး ဆန္ဒပြချိန် NLD ဝင်မပြော


THURSDAY, SEPTEMBER 26, 2013 MYANMAR EXPRESS GROUP


ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ နန်းကျန်းရပ်ကွက်ရှိ Prove Garment ကုမ္ပဏီ အထည်ချုပ်စက်ရုံ၌ လုပ်အားခ ပုံမှန်ရရှိမှုမရှိခြင်းအပြင် လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများနှင့် ကြုံတွေ့နေရ၍ အခက်အခဲဖြစ်ပေါ်နေသော မြန်မာအလုပ်သမား ၁၈၆ ဦးထံ တာချီလိတ်မြို့ရှိ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ" မှ ကော်မတီဝင် ၁၃ ဦး နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် ဒုတိယ မြို့ပိုင် Mr.Wiwat Jeansawan ဦးဆောင်သောအဖွဲ့ အပါအ၀င်၊ မြန်မာဘက်နယ်ခြားကော်မတီမှ ဦးဘိုလေးနှင့် ထိုင်းဘက်နယ်ခြားကော်မတီမှ တာဝန်ရှိသူများက စက်တင်ဘာလ ၂၆ရက်၊ နံနက်ပိုင်းက သွားရောက်၍ ကုမ္ပဏီမှ ကြော်ငြာထားသည့်အတိုင်း အထည်ချုပ်စက်ရုံ ပြန်လည်ဖွင့်လှစ်မှု ရှိမရှိနှင့် အလုပ်သမားများ၏ အခြေအနေအား သွားရောက်ကြည့်ရှု့ကာ အလုပ်ရှင်နှင့်အလုပ်သမား ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။

စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၉နာရီ ၁၅မိနစ်အချိန်က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အလုပ်သမားများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှူးရုံး၌ ပြုလုပ်ခဲ့သော ဆွေးနွေးမှုတွင် Prove Garment ကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာ Mr.Stephen Falkiner က စက်ရုံအတွင်းဖြစ်ပေါ်နေသော အခြေအနေများကို ကုမ္ပဏီ၏ အကြီးအကဲထံ ဆက်လက်တင်ပြနိုင်ရန်နှင့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် ကုမ္ပဏီအား ၇ ရက် သို့မဟုတ် ၁၀ ရက်ခန့် ပိတ်ထားရမှာဖြစ်ကြောင်း ပြောဆိုပြီး စက်ရုံအား စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ ပိတ်ထားခဲ့ပြီး စက်ရုံတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကြော်ငြာစာ၌ စက်တင်ဘာလ ၂၆ရက်တွင် စက်ရုံအားဖွင့်လှစ်မှာ ဖြစ်ကြောင်း ကြော်ငြာထားသည့်အတွက် မြန်မာအလုပ်သမားများမှ အလုပ်လုပ်ရန် စက်တင်ဘာလ ၂၆ရက် နံနက်ပိုင်းက စက်ရုံရှေ့၌
ရောက်ရှိနေကြသည်ဖြစ်ရာ မြန်မာဘက်မှ ကော်မတီဝင်များက ကုမ္ပဏီ၏ သဘောထား နှင့် အလုပ်သမားများ၏ အခြေအနေအား သိရှိရန်အတွက် သွားရောက်ကြတာဖြစ်ကြောင်း သိရသည်။

Prove Garment ကုမ္ပဏီ တွင် အထည်မချုပ်တတ်သေးသော မြန်မာအလုပ်သမားများအား အထည်ချုပ်တတ်ရန်အတွက် အခမဲ့ သင်ကြားပေးမည်ဟု ဆိုသော်လည်း ပညာသင်ပေးခအဖြစ် ဘတ် ၃၀၀၀ တောင်းယူကြောင်း နှင့် ထိုသို့ သင်ကြားပေးမှုမှ တတ်မြောက်သွားသူများကိုလည်းမဲစနစ်ဖြင့်ရွေးချယ်ကာ အလုပ်ခန့်ပြီး မဲမပေါက်သော မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ဝင်လိုပါက နောက်ထပ် ၃၀၀၀ ဘတ်ပေးမှ အလုပ်ဝင်နိုင်ကြောင်း သိရသည်။

"မန်နေဂျာနဲ့ ပိုင်သူတွေက မြန်မာအလုပ်သမားတွေကို ခေါင်းပုံဖြတ်နေတာတော့ ကြာပါပြီ၊ ကျွန်တော်တို့လည်း မတတ်သာလို့သာ မပြောတာပါ၊ အခုတော့ တော်တော်လွန်လာပြီ၊ လုပ်အားခကလည်း ပုံမှန်မရ၊ ရပြန်တော့လည်း ဟိုကြေးဖြတ် ဒီကြေးဖြတ်နဲ့ဗျာ၊ ဘာမှမကျန်တော့ဘူး"ဟု မြန်မာအလုပ်သမားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"သူတို့က ချုပ်ပြီးသား အထည်တွေကို စစ်တာက အဆင့်ဆင့်ကို စစ်တာ၊ စက်ရုံမှာ ပထမတစ်ယောက်က စစ်လို့ အစထွက်နေတာတွေ တွေ့ရင် ငွေဖြတ်တယ်၊ အဲ့ဒါနဲ့မပြီးပြန်ဘူး၊ နောက်တစ်ယောက် ထပ်စစ်သေးတယ်၊ အဲ့လို စစ်ပြီး အစထွက်တာတွေ့တာနဲ့ လစာထဲ ဖြတ်တော့တာပဲ၊ အဲ့လို ဖြတ်တာများလွန်လို့ လစာထုတ်တဲ့ အခါကျရင် ဖြတ်ပိုင်းမှာ အနုတ်လက္ခဏာပြလို့ ကိုယ့်ထဲက ပြန်ပေးရတဲ့ လူတွေလည်း ရှိတယ်၊"ဟု မြန်မာအလုပ်သမားထဲမှ အမျိုးသမီးတစ်ဦးက ပြောပြသည်။

"ကုမ္ပဏီက ခေါင်းပုံဖြတ်တာတွေ၊ လစာပုံမှန်မပေးတာတွေ၊ အလုပ်သမားတစ်ယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးဆုံးရှုံးနေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတွေကို တိုင်တဲ့ လူတွေကို အလုပ်ဖြုတ်မယ်လို့လည်း ပြောပါတယ်၊ ဒီလို လုပ်မယ်ဆိုရင်တော့ သူတို့ဘက်က မရိုးသားလို့ပဲ"ဟု မြန်မာအလုပ်သမားတစ်ဦးမှ ပြန်ပြောပြသည်။

အဆိုပါ အထည်ချုပ်စက်ရုံတွင် အလုပ်သမားစာချုပ်အသစ် ပြန်လည်ချုပ်ဆိုရန်အတွက်ဟု အကြောင်းပြကာ စက်ရုံအား ပိတ်ထားသည့်အတွက် အလုပ်ပိတ်စဉ်ကာလအတွင်း အလုပ်သမားများ၏ စားဝတ်နေရေးကို လုံးဝ တာဝန်မယူနိုင်ကြောင်း မန်းနေဂျင်းဒါရိုက်တာ Mr.Stephen Falkiner က စက်တင်ဘာလ ၁၀ ရက်နေ့က ပြောလာသည့်အတွက် တာချီလိတ်မြို့ရှိ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ" မှ မြန်မာအလုပ်သမားများ အတွက် အလုပ်ပိတ်နေစဉ်ကာလအတွင်း အဆင်ပြေစေရန် စားနပ်ရိက္ခာများကို ထောက်ပံ့ကူညီလျက်ရှိကြောင်းသိရသည်။

လုပ်အားခ ပုံမှန် မရရှိမှုအပြင် လုပ်အားခခေါင်းပုံဖြတ်မှုတို့နှင့် ကြုံနေရသော မြန်မာအလုပ်သမားများ၏ ကိစ္စအား စက်တင်ဘာလ ၃၀ ရက်နေ့တွင် သံရုံးမှ တာဝန်ရှိသူများက ထိုင်းနိုင်ငံ ချင်းရိုင်းတွင် တွေ့ဆုံဆွေးနွေးကြမှာဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအတွက် အစိုးရနှင့် ကေအိုင်အိုတို့ အောက်တိုဘာ လဆန်းတွင် တွေ့ဆုံ၍ အချက်လေးချက်အား အကြိုညှိနှိုင်းမည်





အစိုးရနှင့် ကေအိုင်အို အလုပ်အဖွဲ့တို့ အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တွေ့ဆုံကာ အချက်လေးချက်အား အကြိုညှိနှိုင်းကာ အောက်တိုဘာ ၇ ရက်၊ ၈ရက်နှင့် ၉ ရက် တို့တွင် မြစ်ကြီးနားမြို့၌ပင် နှစ်ဖက်ခေါင်းဆောင်များ ပါဝင်သည့် ပြည်ထောင်စုအဆင့် ဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရ အလုပ်အဖွဲ့နှင့် ကေအိုင်အို အလုပ်အဖွဲ့တို့သည် အောက်တိုဘာ ပထမပတ် အကုန်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ပြည်ထောင်စုအအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မပြုလုပ်မီ နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းမှု ပြုလုပ်သွားမည်ဟု သိရသည်။

''အခုလောလောဆယ်က အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်မှာ ချိန်းထားတယ်။ တွေသဘာဝအရ တကယ့်ဆွေးနွေးပွဲကြီးမှာ နှစ်ဖက်ခေါင်းဆောင်တွေ မဆွေးနွေးခင် Technical Team တွေက ဘယ်ဟာတွေက ပြဿနာတွေလဲ၊ ဘာတွေက ပူးပေါင်း ဆောင်ရွက်လို့ ရသလဲ စသဖြင့် နည်းပညာပိုင်း ဆိုင်ရာကို ကြိုညှိတဲ့ပွဲပေါ့။ နောက်ဆွေးနွေးပွဲ ကြီးကတော့ ၇၊ ၈၊ ၉ မှာ လုပ်ဖြစ်မယ် ထင်တယ်။ အဲဒီပွဲမှာ ကေအိုင်အိုက ခေါင်းဆောင်တွေပါမယ်။ မြန်မာအစိုးရ ခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေပါမယ်'' ဟု Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ကြားဝင်ဆောင်ရွက် ပေးနေသည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးဆန်းအောင်က ''အဓိက ဆွေးနွေးမှာက တပ်ပိုင်းဆိုင်ရာ နေရာချထားမှုကိစ္စ၊ လေ့လာစောင့်ကြည့် တဲ့အဖွဲ့တွေ ထားရှိရေး၊ ဒုက္ခသည်များ နေရာချထားရေး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေ အဲဒီခေါင်းစဉ် လေးခုကို အဓိကထား ဆွေးနွေးမှာပါ'' ဟု စက်တင်ဘာ ၂၆ရက်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

ကေအိုင်အို အဖွဲ့အနေဖြင့် အစိုးရမှ အောက်တိုဘာ လကုန်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး လက်မှတ်ထိုးပွဲတွင် ပါဝင်ရေးမှာ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် သုံးခုစလုံးမှ နိုင်ငံရေး၊ စစ်ရေး အာမခံချက်များ ပေးမှသာ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ဦးဆန်းအောင်က ပြောကြားသည်။

''နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးပွဲမှာ KIO ပါဝင်ဖို့ ဆိုတာက အဓိကတော ယုံကြည်မှုပါပဲ။ စစ်ရေး အာမခံချက် နိုင်ငံရေး အာမခံချက် ရမှရမှာပါ။ ဒီလိုအာမခံချက် ဆိုတာကလည်း ကျွန်တော်တို့ ဆီမှာ အစိုးရ တစ်ခုတည်းက ဆုံးဖြတ်လို့ မရပါဘူး။ အာဏာပိုင်တွေထဲက အစိုးရရယ် လွှတ်တော်ရယ် စစ်တပ်ရယ် သုံးခုစလုံးရဲ့ အာမခံချက် လိုချင်တဲ့ သဘောရှိပါတယ်'' ဟု ဦးဆန်းအောင်က ပြောကြားသည်။


From : ..eleven

သရုပ်ဆောင် မင်းခန့်ကျော်ကို သရဝဏ် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးက တရားစွဲမည်


သရဝဏ်ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ သရုပ်ဆောင် မင်းခန့်ကျော်ကို နှစ်ဦးသဘောတူ စာချုပ်ဖြင့် ရိုက်ကူးပေးရန် အပ်နှံထားသော ဗီဒီယိုဇာတ်ကား ငါးကားကို အချိန်မီအပ်နှံခြင်း မရှိဘဲ ရှောင်လွှဲနေသည့်အတွက် ပုဒ်မ-၄၂၀ (လိမ်လည်မှု) ဖြင့် ကျောက်တံတား တရားရုံးတွင် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ယင်းရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး၏ မန်နေဂျာက The Voice သို့ ပြောကြားသည်။
“သူက ကျွန်မတို့ သရဝဏ်က ထုတ်လုပ်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဒုတိယမင်းသားအနေနဲ့ ၁၀ ကားကျော်လောက် ရိုက်ဖူးပါတယ်။
သူက ခေါင်းဆောင်မင်းသား အနေနဲ့ ကန်ထရိုက်ယူပြီး ရိုက်ခွင့်ပေးပါဆိုလို့ ပထမဆုံး ဇာတ်ကားကို သိန်း ၂၀၊ နောက်ထပ်လေးကားကို ၂၃ သိန်းစီနဲ့ သုံးလအတွင်း မာစတာခွေအပြီး အပ်ပါမယ်ဆိုပြီး နှစ်ဦးသဘောတူ စာချုပ်ချုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီဇာတ်ကားတွေကို သုံးနှစ်လောက် ကြာတဲ့အထိ မအပ်နှံဘဲ ရှောင်ပြေးနေတဲ့ အတွက် အခုလို တရားစွဲရတာပါ” ဟု ဒေါ်သင်းသင်းအေးက ထပ်လောင်းပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ The Voice က သရုပ်ဆောင် မင်းခန့်ကျော်ကို ဆက်သွယ်မေးမြန်းရာ ဇာတ်ကားများကို သတ်မှတ်ချိန်အတွင်း မအပ်နှံနိုင်ခြင်းမှာ ကားဆက်ခန်းတွင် ဇာတ်ကားများကို အလှည့်ကျ ကားဆက်ရသည့်အတွက် စောင့်ဆိုင်းနေရခြင်း ဖြစ်ကြောင်း၊ တာဝန်ယူထားသော ဇာတ်ကား ငါးကားအနက် နှစ်ကားပြီးသွားပြီ ဖြစ်ပြီး၊ သုံးကားမှာ ကားဆက်သည့် အဆင့်တွင် ရောက်နေပြီ ဖြစ်ကြောင်း၊ ယခုကိစ္စမှာ နားလည်မှု လွဲမှားခြင်းကြောင့် ဖြစ်သည်ဟု မှတ်ယူပြီး နှစ်ဖက်ညှိနှိုင်း ဆွေးနွေးပြီးပါက အဆင်ပြေသွားမည်ဟု ယူဆကြောင်း ပြန်လည် ဖြေကြားသည်။


From : ..the voice

The Elders ကြောင့် တပ်မတော်သား အမျိုးသမီး လွှတ်တော်အမတ်တွေ ပေါ်ထွက်လာတော့မည်လား





မြန်မာနိုင်ငံက လွှတ်တော်တွေမှာ စစ်တပ်ကိုယ်စားလှယ်တွေကို ခန့်အပ်ထားရာမှာ လာမယ့် ၂၀၁၅ရွေးကောက်ပွဲကျရင်တော့ အမျိုးသမီးတွေ ကို ရွေးချယ်ခန့်ထားဖို့ မြန်မာ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောဆိုခဲ့ တယ်လို့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ပြောပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်း ၅၀ လောက် နေခဲ့ရတဲ့ ကာလတွေနဲ့ နှိုင်းယှဉ် လိုက်ရင်တော့ အခုအခါမှာ ပြုပြင်ပြောင်းလဲမှုတွေဟာ တိုးတက်မှုရှိတယ်လို့ ရန်ကုန်မြို့ Strand Hotel မှာ The Elders အဖွဲ့က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အမေရိကန်သမ္မတဟောင်း Jimmy Carter က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက် လုပ်ဆောင်စရာတွေ အများအပြား ကျန်နေသေးတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်လည်ပတ်နေတဲ့ The Elders ခေါ် ကမ္ဘာ့အထင်ကရပုဂ္ဂိုလ်များ အဖွဲ့ဟာ သူတို့ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ Strand ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ခရီးစဉ်အကြောင်း ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ တိုးတက်မှု သိသိသာသာ ရှိလာနေတယ်ဆိုပြီး အရင်စစ်အစိုးရလက်ထက်က ဖိနှိပ် အုပ်ချုပ်ခံခဲ့ရတဲ့ အခြေအနေတွေ နဲ့ နှိုင်းယှဉ်ပြီး အဖွဲ့ဝင် ၃ ဦးပါတဲ့ The Elders အဖွဲ့ကို ဦးဆောင်လာသူ အမေရိကန်သမ္မတဟောင်း ဂျင်မီ ကာတာက ပြောပါတယ်။

" တိုးတက်မှုလို့ ကျနော်ပြောတဲ့နေရာမှာ လွန်ခဲ့တဲ့ ၂ နှစ်ခွဲကာလ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က အခြေအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်တုန်းက စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ ပြည်သူတွေ နေထိုင်ခဲ့ရတဲ့ အခြေအနေကို နှိုင်းယှဉ်ပြီး ပြောတာ ဖြစ်ပါတယ်။ သတင်းလွတ်လပ်မှု၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာတာပြီးတော့ လွှတ်တော် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရတာ၊ လွတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဖို့ ပြောဆိုဆွေးနွေးတာတွေ၊ အဲဒီကတဆင့် ဒီမိုကရေစီနဲ့ဆိုင်တဲ့ အသွင်သဏ္ဍာန်တွေ ဆင့်ပွားလာတာ၊ အပစ်အခတ် ရပ်စဲဖို့အတွက် တွေ့ဆုံဆွေးနွေးတာတွေ စသည်အားဖြင့် တဖြည်းဖြည်းခြင်း ဆင့်ကဲ တိုးတက် ပြောင်းလာတာတွေအပေါ် နိုင်ငံတကာ အသိုင်းဝိုင်း အသိအမှတ်ပြု အလေးထားပါတယ်။"

တဖက်မှာ အဲဒီလို တိုးတက်မှုတွေ ရှိနေသလို တခြားတဖက်မှာလည်း လုပ်ဆောင်စရာတွေ အများအပြား ကျန်နေသေးတာတွေကို သမ္မတဟောင်း ဂျင်မီ ကာတာက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

" မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်စရာတွေ အများကြီး ကျန်ပါသေးတယ်။ အဲဒီအထဲက ပြဿနာတခုကို ပြောရမယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ သူတို့ နိုင်ငံသားဖြစ်ရေး၊ မဖြစ်ရေး ကိစ္စကိုလည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ နောက် အပစ်အခတ် ရပ်ထားတဲ့ အဖွဲ့တွေနဲ့ နိုင်ငံရေး အရ ဆွေးနွေးပွဲ လုပ်ဖို့ လိုပါတယ်။ ပြည်နယ်တွေမှာရှိကြတဲ့ တိုင်းရင်းသား တဖွဲ့ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေနဲ့ ဗဟိုအစိုးရကြား ကွားခြားချက်ကို လည်း မဖြေရှင်းနိုင်သေးပါဘူး။"

The Elders အဖွဲ့အနေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပါအ၀င် ဘာသာရေး ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့ပြီးဖြစ်တာကြောင့် သူတို့လို နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အစိုးရပိုင်းက တာဝန်ရှိသူတွေကို ဘယ်လို အကြံပြုချက်များ ပေးလိုပါသလဲလို့ ဗွီအိုအေက မေးတဲ့အခါမှာတော့ -

" မြန်မာအစိုးရအနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်ပါလို့ ကျနော်ကတော့ အကြံပြုချင်တယ်။ တိုင်းပြည်တွင်းက လူတဦးချင်းစီမှာ တန်းတူ အခွင့်အရေးရရှိလာအောင် အခွင့်အလမ်းတွေကို ဖွင့်ပေးပါ။ မြန်မာနိုင်ငံက အမျိုးသမီးတွေကို မျှတစွာ ဆက်ဆံတယ်လို့ ကျနော် မထင်ပါဘူး။ လွှတ်တော်ထဲမှာဆိုရင်လည်း အမျိုးသမီး လွှတ်တော်အမတ် အရေအတွက်က ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ နော်ဝေးမှာဆို လွှတ်တော်အမတ် ၄၅ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေပါ။ အဲဒီအချက်တွေ ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို ကျနော်တွေ့ခဲ့တဲ့ အဖွဲ့တိုင်းကို အကြံပြုခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တုန်းကလည်း စစ်သား လွှတ်တော်အမတ် ၁၆၆ ယောက်ကို သူက ရွေးချယ်ပေးရတော့ ၂၀၁၅ ကျရင် စစ်တပ်အနေနဲ့ အမျိုးသမီးတချို့ကို ရွေးချယ်ဖို့ ကျနော် အကြံပြုခဲ့ပါတယ်။"

အမေရိကန်သမ္မတဟောင်း Jimmy Carter ဦးဆောင်တဲ့ The Elders အဖွဲ့ဟာ သူတို့ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရဖက်က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ၊ နောက် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းကခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းကိုနိုင် အပါအ၀င် တခြား အရပ်ဖက် လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဆုံစဉ် ဆွေးနွေးဖြစ်ခဲ့တာတွေနဲ့ ပတ်သက်လို့တော့ -

" ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာက လေ့လာသူတွေ လာပြီး လေ့လာခွင့်ပြုမယ်လို့ ကျနော် မျှော်လင့် ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ တွေ့ဆုံတုန်းကလည်း ကျနော်တို့ အဲဒီအတိုင်းပဲ ပြောခဲ့ပါတယ်။ အဲဒါကလည်း အစောပိုင်းကတည်းက ခွင့်ပြုဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲပေးခွင့်ရှိသူတွေ မှတ်ပုံတင်တဲ့နေရာမှာလည်း တိကျ မှန်ကန်မှု ရှိဖို့ လိုအပ်တဲ့အတွက်ပါ။ ရှေ့နှစ်ဆန်းမှာ သန်းခေါင်စာရင်းကောက်ဖို့ စီစဉ်နေတယ်လို့ ကျနော် နားလည်ထားပါတယ်။ အဲဒီမှာလည်း လာရောက် လေ့ခွင့်ပြုဖို့ ကျနော်တို့ လိုလားပါတယ်။"

ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပြောဆိုမှုတွေကတော့ သူဖွဲ့ထားတဲ့ ကာတာစင်တာကို ကိုယ်စားပြု ပြောဆိုနေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကာတာ စင်တာအနေနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲပေါင်း ၉၄ ခုကို စောင့်ကြည့်သူအဖြစ် သွားရောက် လေ့လာထားဖူးပြီး ဖြစ်တာကြောင့် သူတို့မှာ အဲဒီအတွေ့အကြုံ အများအပြား ရှိတယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင် ၁၂ ဦးနဲ့ ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ဟာ ကမ္ဘာတလွှား ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် မြင့်မားဖို့အတွက် နိုင်ငံအသီးသီးက ခေါင်းဆောင်ဟောင်းတွေ၊ အထင်ကရပုဂ္ဂိုလ်တွေ၊ နိုဘဲငြိမ်းချမ်းရေးဆုရှင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ မြန်မာနိုင်ငံကို စက်တင်ဘာလ ၂၄ ရက်နေ့က ရောက်ရှိလာတာ ဖြစ်ပါတယ်။



From : ..voa

Related Posts Plugin for WordPress, Blogger...