Thursday, February 13, 2014

သက်တမ်းအရင့်ဆုံး ရှေးဟောင်းကြယ် သြစတြေးလျ သိပံ္ပပညာရှင်များတွေ့ရှိ




The star discovered with the SkyMapper telescope at the Siding Spring observatory near Coonabarabran. Photograph: Space Telescope Science Institute/AAP


ဖြစ်တည်မှု သက်တမ်းနှစ်ပေါင်း ၁၃ ဒသမ ၆ ဘီလီယံရှိပြီဖြစ်သည့် ကြယ်ဂြိုဟ်ကြီး တစ်စင်းကို သြစတြေးလျသိပံ္ပပညာရှင်များက ရှာဖွေတွေ့ရှိထားရာ လက်ရှိအချိန်ထိ ထောက်လှမ်းတွေ့ရှိပြီးသမျှ
ရှေးဟောင်းကြယ်ဂြိုဟ်ကြီးများ အနက်သက်တမ်းအရင့်ဆုံးကြယ်
ဂြိုဟ်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက် သတင်းများတွင်ဖော်ပြသည်။

စကြ၀ဠာကြီးကို စတင်ဖန်တီးပေးခဲ့သော မဟာပေါက်ကွဲမှုဖြစ်စဉ်
(Big Bang)ပေါ်ပေါက်ပြီးနောက် ပိုင်းနှစ် သန်းပေါင်းများစွာအကြာတွင် ယင်းကြယ် ဂြိုဟ်ကြီးစတင်ဖြစ်တည်ခဲ့ခြင်းဖြစ်ကြောင်း သြစတြေးလျ
သိပံ္ပပညာရှင်များက ယုံကြည်ထားသည်။

သြစတြေးလျသိပံ္ပပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သော သက်တမ်းအရင့်ဆုံး ကြယ်ဂြိုဟ်ကြီးသည်နေစကြ၀ဠာ အဖွဲ့အစည်းတည်ရှိရာ နဂါးငွေ့တန်း ကြယ်စုအတွင်းမှာပင်တည်ရှိပြီး ကမ္ဘာမြေနှင့် အလင်းနှစ် ၆၀၀၀
ကွာဝေးကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ကြယ်ဂြိုဟ်ကြီးသည် စကြ၀ဠာ၏အတိုင်းအဆအရ
ကမ္ဘာမြေနှင့်အတော်အသင့်နီးသည့် အကွာအဝေးတွင်ရှိနေကြောင်း သြစတြေးလျအမျိုးသား တက္ကသိုလ်မှ နက္ခတ္တဗေဒသိပံ္ပပညာရှင်တစ်ဦးက ပြောကြားသည်။

၂၀၀၇ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များ အတွင်း ဥရောပနှင့် အမေရိကန်
နက္ခတ္တဗေဒသိပံ္ပပညာရှင်များ သီးခြားစီ ရှာဖွေ တွေ့ရှိခဲ့သော
ရှေးဟောင်းကြယ်ကြီးနှစ်စင်းမှာသက်တမ်းအားဖြင့် နှစ်ပေါင်း ၁၃ ဒသမ
၂ သန်းဝန်းကျင်တွင်ရှိရာ ဖြစ်တည်မှု သက်တမ်းအရင့်ဆုံးကြယ်ဂြိုဟ်ကြီး
များအဖြစ် စာရင်းပေါက်ခဲ့ဖူးသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

Valentine's Day မှာ ချစ်သူကို အချိန်ပေးမယ်ဆိုတဲ့ ချစ်စနိုးဦး





ဂီတ ဘက် တွင် ရှိုးပွဲ များစွာ သီဆို နေပြီး သရုပ်ဆောင် ဘက် နှင့် အနည်းငယ် အဆက် ပြတ်သ လို ဖြစ် နေသည့် အကယ် ဒမီ ချစ်စနိုးဦး က Valentine's Day ကို ချစ်သူ နှင့် အတူ တူ ပျော်ရွှင် စွာ ဖြတ် သန်း မည် ဖြစ်ကြောင်း ပြောပြ သည်။

ဒီအရွယ်ကြီးရှိနေမှတော့ ရည်း စားမရှိဘူး လား ဆိုရင် ရှိတယ် ပေါ့နော်။ အမှန်အတိုင်းပြောရရင် သိနေ တာ ကြာ ပါပြီ။ ငယ်ငယ်ကတည်းကပေါ့။ ဒါပေမဲ့ ခုနောက်ပိုင်းမှ ချစ်သူဖြစ်သွားတာပါ။ နှစ် ယောက်စလုံး ကလ ည်း သိနေတာကြာပြီ ဆိုတော့ အထူးတစ် လည် နားလည်မှုတော့ ယူစရာမရှိပါဘူး။ အနုပညာ ရှင် အချင်းချင်း ဖြစ်နေ တော့လေ။ကိုယ်လည်း သူ့အကြောင်း သိ၊ သူလည်း ကိုယ့် အကြောင်း သိဆိုတော့ မလိုပါဘူး။ အဓိက က တော့ နားလည်ပြီး တစ်ယောက်နဲ့ တစ်ယောက် သစ္စာ ရှိပြီး ချစ် ရင် တော့ ပျော်ရွှင်စရာကောင်း ပါတယ်။ ချစ် သူများနေ့ မှာ ချစ်သူကို ဘယ်လို လက် ဆောင် ပေးရမလဲ ဆိုတဲ့ စိတ် ကူး တော့ မရှိ ပါဘူး။ ဒါပေမယ့် စဉ်း တော့ စဉ်းစားနေတယ်။ ဘယ်လိုလေးပေးရင် ကောင်း မလဲပေါ့။ ကိုယ်က ဘယ်လို ပေးပါ ရယ်လို့ မရှိ ပါဘူး။ ကိုယ်ကလည်း သူ့ ကို ချစ်လို့ ပေးတယ်။ သူကလည်း ချစ်လို့ ပေးတယ်။ ဘာ လေးပဲဖြစ် ဖြစ်၊ တန် ဖိုး ကြီး သည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ၊ ဒါက ကိုယ့် ကို ချစ်လို့ ပေးတာ ဆိုတော့ တန် ဖိုးရှိတဲ့ ပစ္စည်းပါပဲ။ Fed -14 အဲဒီတစ်ရက်ကိုတော့ သီချင်းမဆို ပါဘူး။ အဲဒီ တစ်ရက်ကိုတော့ သူ့ကို အချိန် ပေးမှာပါ။ ချစ်သူ ရှိ ပေ မယ့် အိမ် ထောင်ပြုဖို့က လိုပါသေးတယ်။ လတ်တလော ကတော့ ပွဲရာသီ လည်း ဖြစ်နေတော့ သီချင်း လေး တွေပဲ ဆိုဖြစ် တာများနေပါတယ်””ဟုချစ်စနိုးဦးက ပြော သည်။ ချစ်စနိုးဦးသည် ဂီတ လှုပ်ရှားမှုတွင် “ခိုနားခွင့်ပေးပါ” Audio CD ထွက်ရှိပြီး နောက် ယင်းအခွေကို ယခုလထဲ တွင် VCD အဖြစ် ရိုက်ကူး သွား မည်ဖြစ်ကြောင်း၊ သီချင်း နှင့်လိုက်ဖက်မည့် Idea များကို ကိုယ်ပိုင် စိတ် ကူးနှင့်အတူ ဒါ ရိုက်တာနှင့် ညှိနှိုင်း ရိုက် ကူး သွားမည်ဖြစ်ကြောင်း ပြောသည်။

အံ့ဖွယ် တောင်တန်း




အခု မှတ်တမ်း ဗီဒီယိုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကမှ ယူကျုပေါ် တင်လာတဲ့ ထူးဆန်းအံ့ဖွယ်တွေ နဲ့ စုဝေးနေတဲ့ တောင်တန်းတခုအကြောင်းပါ။

ကမ္ဘာမြေပြင်ပေါ်က ရှေးအကျဆုံးနေရာကို မှတ်တမ်းပြုစုသူတွေ သွားပြီး ပြုစုရိုက်ကူးထား တာဖြစ်ပါတယ်။ ကမ္ဘာပေါ်က အရှည်လျားဆုံးနဲ့ တကယ့်ကိုလူသူအရောက်အပေါက်နည်း တဲ့ တောင်ဗင်နီဇွဲလား နိုင်ငံတောင်းပိုင်း ဘရာဇီး နိုင်ငံ နယ်စပ်တလျှောက် တည်ရှိတဲ့ Guayana Massif တောတောင်တွေထဲ မှတ်တမ်း တင်ထားတာဖြစ်ပါတယ်။

စိမ်းလန်းတဲ့ ဒီကမ္ဘာကြီးရဲ့ အတွင်းပိုင်းတွေမှာ လူတွေ၊ တိရိစ္ဆာန်တွေဟာ သူတို့ရဲ့ တောတောင် သဘာဝ ပတ်ဝန်းကျင် တွေဟာ အချိန်နဲ့ အမျှ ဆုံးရှုံးမှုတွေ ရှိနေသလို အန္တရာယ်တွေလည်း အပြည့်ရှိနေတဲ့ နေရာတွေပါ။

တောသဘာဝ၊ တောအလှ၊ တောဓလေ့တွေဟာ တကယ့်ကို အံ့မခန်း စိတ်ဝင်စားဖို့ ကောင်းသလို လူသူအရောက် အပေါက်နည်းတဲ့ တောနေ ဋ္ဌာနေတိုင်းရင်းသားလူမျိုးစုတွေရဲ့ လူမှုဘဝတွေကိုလည်း ရိုက်ကူးပြသထားပါတယ်။

ရာသီသွေးဆင်းများခြင်း





ရာသီသွေး ဆင်းများခြင်းနဲ့ သွေးဆင်းရက် ကြာခြင်း တွေဟာ အများအားဖြင့် အပျိုဖော် ဝင်ခါစ မိန်းကလေး ငယ်တွေနဲ့ သွေးဆုံး ခါနီး

အမျိုးသမီး တွေမှာ ဖြစ်တတ်ပေမယ့် တစ်ခါ တစ်ရံ အသက်၂၀ ကျော်နဲ့ ၃၀ ကျော်အရွယ် အမျိုးသမီး တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ရာသီသွေး ဆင်းများ လွန်ရင် ပြင်းပြင်း ထန်ထန် နာကျင်မှု၊ ပျို့ခြင်းနဲ့ မသက်မသာ ဖြစ်ခြင်းတွေကို ခံစားရပြီး ပုံမှန်နေ့စဉ် လုပ်ဆောင် နေကျ အလုပ်တွေကိုတောင် မလုပ်နိုင်တော့ တာမျိုး ဖြစ်တတ် ပါတယ်။ ပုံမှန်မဟုတ်ဘဲ ရာသီသွေး ရုတ်တရတ် အများကြီး ဆင်းရင် သားဖွား မီးယပ် အထူးကု ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

ဖြစ်နိုင်သော အကြောင်းရင်းများ

ရာသီသွေး များများ ဆင်းစေနိုင်တဲ့ အကြောင်းအရင်းတွေ ကတော့ မျိုးဥအိမ်ရဲ့ လုပ်ဆောင်မှု မမှန်ခြင်းကြောင့် ဟော်မုန်း မညီမျှခြင်း၊ သားအိမ် အတွင်းမှာ ကင်ဆာ မဟုတ်တဲ့ အကျိတ် ဖြစ်ခြင်း ဒါမှမဟုတ် သားအိမ်နံရံမှာ အဖု အသီးဖြစ်ခြင်း၊ သန္ဓေတားဖို့ အတွက် သားအိမ် တွင်းထည့် ပစ္စည်းသုံးခြင်း၊ အရောင်ကျ ဆေးနဲ့ သွေးမခဲ ဆေးတွေကို မှန်မှန်သောက်ခြင်း စတာတွေ ဖြစ်နိုင် ပါတယ်။

ဒီထက်ပိုပြီး ပြင်းထန်တဲ့ အကြောင်းရင်း တွေလည်း ဖြစ်နိုင် ပါသေးတယ်။ သားအိမ် ကြွက်သား ထဲကို သားအိမ် အတွင်းမြှေးမှ ဂလင်းတွေက ထိုးဖောက် ဝင်ရောက် ကြီးထွားခြင်း၊ မျိုးဥအိမ်၊ သားအိမ် ဒါမှမဟုတ် သားအိမ်ခေါင်း ကင်ဆာ တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တစ်ခါတစ်ရံမှာ အလုပ် ပြင်းပြင်း ထန်ထန် လုပ်ခြင်း ဒါမှမဟုတ် စိတ်ပိုင်း ဆိုင်ရာ အကြီးအကျယ် ထိခိုက် ခံစားရခြင်းတွေ ကြောင့်လည်း ရာသီသွေး ဆင်းများ နိုင်ပါတယ်။ ကိုယ်ဝန် ပျက်ကျခြင်း ကြောင့်လည်း သွေးအများကြီး ဆင်းနိုင်ပါတယ်။

ဆောင်ရန်၊ ရှောင်ရန်

ရာသီသွေး များများ ဆင်ခြင်းကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ် ခန်းခြောက်မှုနဲ့ မရှိမဖြစ် အာဟာရ ဓာတ်တွေ ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီသွေး ဆင်းများ သူဟာ ရေနဲ့ သစ်သီး ဖျော်ရည် များများ သောက်ဖို့၊ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့ အလွန်အရေး ကြီးပါတယ်။

ရာသီသွေး ဆင်းများရင် သံဓာတ် ဆုံးရှုံးမှုလည်း များတဲ့အတွက် သံဓာတ် ချို့တဲ့ သွေးအား နည်း ရောဂါ မဖြစ်အောင် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥနဲ့ ပဲအမျိုးမျိုးတွေကို စားပေးဖို့ လိုပါတယ်။ ဒါမှ သွေးထဲက ဟေမိုဂလိုဘင် အဆင့်ကို ထိန်းသိမ်းပေးနိုင်ပြီး အားနည်းတာနဲ့ မောပန်း နွမ်းနယ် တာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါမယ်။

စားတဲ့ အစားတွေထဲမှာ ချဉ်တဲ့ သစ်သီးတွေလိုမျိုး သဘာဝ ဗီတာမင်စီ ကြွယ်ဝတဲ့ အစာ တွေလည်း ပါဝင်သင့် ပါတယ်။ ရာသီလာစဉ် အတွင်း နာကျင်မှုနဲ့ စိတ်ဖိစီးမှု လျော့ပါးစေဖို့ ကဖင်းပါတဲ့ အရည်တွေ (ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ)ရှောင်ပြီး သဘာဝ လက်ဖက်ရည် (Herbal Tea) သောက်ပေးပါ။

အကိုက်အခဲ ပျောက်ဆေးတွေကို တတ်နိုင်သမျှ မသောက်ပါနဲ့။ လေ့လာမှုတွေ အရ တက်ကြွတဲ့ ဘဝနေထိုင်မှု ပုံစံရှိသူ အမျိုးသမီး တွေဟာ အထိုင်များတဲ့ အမျိုးသမီး တွေထက် ဒီပြဿနာ အဖြစ်နည်းတာကို တွေ့ရပါတယ်။ ရွရွပြေးတာ၊ ရေကူးတာ၊ အေရိုးဗစ် လေ့ကျင့်ခန်း လုပ်တာ ဒါမှမဟုတ် ယောဂ ကျင့်တာလိုမျိုး လေ့ကျင့်ခန်း တစ်ခုခုကို နေ့စဉ် အနည်းဆုံး တစ်နာရီခန့် လုပ်ပါ။

အယ်လ်ဂျီးရီးယားတွင် စစ်လေယာဉ်ပျက်ကျမှုကြောင့် လူ ၇၇ ဦးသေဆုံးပြီး တစ်ဦးသာအသက်ရှင်



မြို့တော်အယ်လ်ဂျီးယားမှ ကီလိုမီတာ ၅၀၀ ၀န်းကျင်အကွာရှိ Oum El Bouaghi ဒေသတွင် ပျက်ကျခဲ့သော C-130 Hercules လေယာဉ်အပျက်အစီးများကို ဖုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)


အယ်လ်ဂျီးရီးယားရှိ တောင်ထူထပ်သော အရှေ့မြောက်ပိုင်းတွင် စစ်ဘက်ပို့ဆောင်ရေး လေယာဉ်တစ်စင်း ဖေဖော်ဝါရီ ၁၁ ရက်က ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါခဲ့သော လူ ၇၈ ဦးအနက် တစ်ဦးသာ အသက်ရှင်ပြီး ၇၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် အယ်လ်ဂျီးရီးယားတွင် အဆိုးရွားဆုံး လေကြောင်းမတော်တဆမှု တစ်ခုဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အယ်လ်ဂျီးရီးယားတောင်ပိုင်းရှိ ကန္တာရဆန်သော တာမန်ရက်ဆက်ခံတပ်မြို့မှ ကွန်စတန်တိုင်းမြို့သို့ ဦးတည်ခဲ့သည့် C-130 ဟာကျူလီလေယာဉ်တွင် စစ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း ၇၄ ဦးနှင့် လေယာဉ်အမှုထမ်းလေးဦးတို့ လိုက်ပါခဲ့ပြီး Oum EI Bouaghi ဒေသတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်ခဲ့သည်။ လေယာဉ်သည် မွန်းလွဲဝန်းကျင်၌ ယင်းဒေသရှိ Fertas တောင်ကို ၀င်တိုက်မိခဲ့သည်ဟု စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီးဘိုဂူရန်က ပြောကြားခဲ့သည်။ မုန်တိုင်းတိုက်ခတ်မှုနှင့် ဆီးနှင်းထူထပ်စွာ ကျဆင်းမှုတို့က လေယာဉ်ပျက်ကျရခြင်း အကြောင်းအရင်းများတွင် ပါဝင်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။


သေဆုံးခဲ့သူအတွက် ၀မ်းနည်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်မှစတင်ကာ သုံးရက်ကြာပြုလုပ်မည်ဟု သမ္မတအက်ဘ်ဒယ်လာဇစ်ဘူတီဖလီကာက ကြေညာခဲ့သည်။ လုံခြုံရေးရင်းမြစ်များနှင့် အယ်လ်ဂျီးရီးယား မီဒီယာများကမူ ယင်းလေယာဉ်တွင် လူ ၁၀၃ ဦး လိုက်ပါခဲ့သည်ဟု ကနဦးတွင် ဖော်ပြခဲ့သည်။

လေယာဉ်ပျက်ကျသည့်နေရာတွင် အမျိုးသမီးရုပ်အလောင်း လေးလောင်းအပါအ၀င် ၇၆ လောင်းကို ဖေဖော်ဝါရီ ၁၁ ရက်ညနေတွင် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များက ရှာဖွေတွေ့ရှိခဲ့သည်။ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့သော အသက်ရှင်ကျန်ခဲ့သူကို မြို့တော်အရှေ့ဘက် ကွန်စတန်တိုင်းမြို့ရှိ စစ်ဘက်ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Ref:AFP

အိန္ဒိယလူငယ် အများစုက အစိုးရ အပြောင်းအလဲကို လိုလားကြောင်း စစ်တမ်းများဖော်ပြ



ဖေဖော်ဝါရီ ၉ ရက်တွင် ကိုကတ္တားမြို့၌ အိန္ဒိယကွန်မြူနစ်ပါတီ ပြုလုပ်သော စုဝေးမှုသို့ တက်ရောက်လာသည့် အိန္ဒိယလက်ဝဲယိမ်းဝါဒီ တက်ကြွလှုပ်ရှားသူများ (Photo:AFP)


အိန္ဒိယနိုင်ငံရှိ လူငယ်ထက်ဝက်ကျော်သည် အခွင့်အရေးရရှိပါက အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချမည်ဖြစ်ကာ လူငယ်ရာခိုင်နှုန်း ၈ဝ သည် အစိုးရအပြောင်းအလဲ လိုလားနေကြောင်း အမျိုးသားရွေးကောက်ပွဲ မကျင်းပမီ လအနည်းငယ်အလိုတွင် ကောက်ယူခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခု၌ ဖော်ပြထားသည်။

နိုင်ငံရေးသမားများ၏ ကလေးများသည် နိုင်ငံရေးလောကသို့ မဝင်ရောက်သင့်ဟု ဖြေဆိုသူ ၇၂ ရာခိုင်နှုန်းက ပြောကြားခဲ့ပြီး အိန္ဒိယ၏ထင်ရှားသော နိုင်ငံရေးမျိုးဆက်နှင့် ကွန်ဂရက်ပါတီအတွက် မဲဆွယ်ရေးတွင် ဦးဆောင်နေသည့် ရာဟူးဂန္ဒီကို ရည်ညွှန်းခဲ့သည်။ ရာဟူးဂန္ဒီသည် ယခုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်မရှိကြောင်း သိရသည်။

The Economist မဂ္ဂဇင်းနှင့် Nimbuzz မိုဘိုင်းဖုန်း မက်ဆေ့ဆော့ဖ်ဝဲလုပ်ငန်းတို့က စမတ်ဖုန်းအသုံးပြုသူ လူငယ်များကို မေးမြန်းခဲ့ခြင်းဖြစ်ပြီး ယင်းစစ်တမ်းအရ အာဏာရကွန်ဂရက်ပါတီသည် မေလတွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ရှုံးနိမ့်နိုင်သော နိမိတ်ဆိုး နောက်တစ်ခုလည်းဖြစ်သည်။ ထက်မြက်သော ခေါင်းဆောင်ကသာ အိန္ဒိယ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ဖြေဆိုသူ ၇၇ ရာခိုင်နှုန်းက ပြောကြားခဲ့သည်။ ယင်းခေါင်းဆောင်သည် အတိုက်အခံ BJP ပါတီခေါင်းဆောင် နာရင်ဒရာမိုဒီကို ညွှန်းဆိုခြင်း ဖြစ်နိုင်သည်ဟု The Economist က ဖော်ပြခဲ့သည်။ ယခုစစ်တမ်းတွင် Nimbuzz က သုံးစွဲသူများကို မေးခွန်း ၁၂ ခု မေးမြန်းခဲ့ကြောင်း သိရသည်။

စစ်တမ်းဖြေဆိုသူ လူငယ်ရာခိုင်နှုန်း ၈ဝ ကျော်က လာမည့်ရွေးကောက်ပွဲတွင် မဲပေးမည်ဟု ဖြေကြားခဲ့သည်။ အိန္ဒိယတွင် ပထမဆုံးအကြိမ် မဲပေးမည့် အသက် ၁၈ နှစ်မှ ၂၂ နှစ်ကြားရှိ လူငယ်ဦးရေသည် သန်း ၁၂ဝ ရှိသည်။ နောက်ဆုံးအကြိမ် ရွေးကောက်ပွဲကို ၂ဝဝ၉ ခုနှစ်က ကျင်းပခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီကြီးများသည် ပြဿနာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း လူငယ် ၇၁ ရာခိုင်နှုန်းက လက်ခံကြသဖြင့် ခြစားမှုတိုက်ဖျက်ရေး Aad Aadmi ပါတီကဲ့သို့ သက်တမ်းနု ပါတီများအတွက် နိမိတ်ကောင်းတစ်ခု ဖြစ်ခဲ့သည်။ Aad Aadmi ပါတီသည် ဒီဇင်ဘာလက ကျင်းပခဲ့သော ပြည်နယ်ရွေးကောက်ပွဲများတွင် ဒေလီပြည်နယ်၌ အနိုင်ရရှိခဲ့သည်။

Ref:AFP

အမေရိကန်တွင် စာနယ်ဇင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အစီရင်ခံစာကဖော်ပြ


ဖေဖော်ဝါရီ ၁၁ ရက်က ဆိုချီဆောင်းရာသီ အိုလံပစ်ပွဲတွင် သတင်းရယူနေသော ဓာတ်ပုံသတင်းထောက်များ (Photo:AFP)


ပြီးခဲ့သည့်နှစ်က ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေမှုများကြောင့် မီဒီယာလုပ်ငန်းအတွက် စိုးရိမ်မှုများရှိခဲ့ပြီး အမေရိကန်ကဲ့သို့ ဒီမိုကရေစီနိုင်ငံများတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခံရမှု မြင့်တက်လာကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် အဆိုပါအဖွဲ့၏ World Press Freedom Index နှစ်ပတ်လည် အစီရင်ခံစာတွင် စာနယ်ဇင်းလွတ်လပ်ခွင့်အား နိုင်ငံတော်လုံခြုံရေး လိုအပ်ချက်များအရဟုဆိုကာ ပိုမိုချဲ့ကားပြီး ရန်လိုသောလုပ်ရပ်များဖြင့် ကမ္ဘာအနှံ့ ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာကြောင်း သတိပေး ဖော်ပြထားသည်။

ယင်းကဲ့သို့သော လုပ်ဆောင်ချက်များတွင် အမေရိကန်နိုင်ငံ အနေဖြင့် ထောက်လှမ်းရေး အချက်အလက်များအား ဖွင့်ချခဲ့သည့် အက်ဒဝပ်စနိုးဒင်အား လိုက်လံဖမ်းဆီးနေမှု၊ ဝီကီလိခ်သတင်းပေး ဘရက်ဒလေမန်နင်းအား ပြစ်ဒဏ်ချမှတ်ခဲ့မှုနှင့် အေပီသတင်းဌာနမှ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများကို လျှို့ဝှက်ခိုးယူမှုတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်သည် ယမန်နှစ်အတွင်းက သိသိသာသာ ကျဆင်းသွားပြီး နိုင်ငံပေါင်း ၁၈ဝ အနက် အဆင့် ၄၆ သို့ ကျဆင်းသွားသည်။

“သူတို့ကိုယ်သူတို့ ဒီမိုကရေစီနိုင်ငံကြီးတွေ၊ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာတယ်လို့ ဂုဏ်ယူဝင့်ကြွားနေတဲ့ နိုင်ငံကြီးတွေဟာ စံနမူနာအဖြစ် မလုပ်ဆောင်နိုင်ခဲ့ကြပါဘူး” ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆီးရီးယားတွင် ၂ဝ၁၁ ခုနှစ်၊ မတ်လမှ စတင်ဖြစ်ပွားခဲ့သည့် ပြည်တွင်းတိုက်ခိုက်မှုများကြောင့် မီဒီယာနယ်ပယ်တွင် လုပ်ကိုင်သူ ၁၃ဝ သေဆုံးသွားခဲ့ပြီး ၂ဝ၁၃ ခုနှစ်အတွင်း ဂျာနယ်လစ်အများဆုံး သေဆုံးခဲ့ရသည့်နိုင်ငံဖြစ်သည်။

World Press Freedom Index တွင် ဆီးရီးယားသည် အဆင့် ၁၇၇ နေရာ၌ ရှိနေခဲ့ပြီး မီဒီယာသမားများကို ပြန်ပေးဆွဲဖမ်းဆီးမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း RSF က သတိပေးထားသည်။

စစ်ပွဲများသည် စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် ထိခိုက်စေခဲ့ရာ မာလီနိုင်ငံသည် အဆင့် ၂၂ ဆင့်ကျပြီး ၁၂၂ သို့ ကျဆင်းခဲ့ကာ ဗဟိုအာဖရိက သမ္မတနိုင်ငံသည်လည်း အဆင့် ၄၃ ဆင့်ကျပြီး ၁ဝ၉ သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

စာနယ်ဇင်းလွတ်လပ်ခွင့်အရှိဆုံး ထိပ်ဆုံးသုံးနိုင်ငံတွင် ဖင်လန်၊ နယ်သာလန်နှင့် နော်ဝေတို့ ဆက်လက်ရှိနေကြောင်း သိရသည်။ World Press Freedom Index ၏ အောက်ဆုံးအဆင့် နိုင်ငံများမှာ အရှေ့မြောက်အာဖရိကတိုက်မှ အီရစ်ထရီယား၊ မြောက်ကိုရီးယားနှင့် တာ့ခ်မန်နစ္စတန်နိုင်ငံများဖြစ်သည်။

ဗြိတိန်နိုင်ငံသည် အဆင့် ၃ဝ မှ ၃၃ သို့ ကျဆင်းသွားသည်။ အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီ၏ သူလျှိုလုပ်ငန်းများကို စနိုးဒင်၏ ထုတ်ဖော်မှုများအား ဖော်ပြခဲ့သည့် ဂါးဒီးယန်းသတင်းစာအား ဗြိတိန်အစိုးရက အရှက်ကင်းမဲ့သော ဖိအားပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း RSF က ပြစ်တင်ရှုတ်ချခဲ့သည်။

အာရှတိုက်တွင် ဂျပန်နိုင်ငံသည် အဆင့်ငါးဆင့် ကျဆင်းကာ အဆင့် ၅၉ ဖြစ်သွားခဲ့သည်။ အတိုက်အခံ ဘလော့ဂါများနှင့် ဂျာနယ်လစ်များအား တားဆီးမှု၊ ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေသည့် တရုတ်နိုင်ငံသည်လည်း တစ်ဆင့်လျော့ကျကာ အဆင့် ၁၇၅ သို့ ရောက်ရှိသွားကြောင်း သိရသည်။ ၂ဝ၁၃ ခုနှစ်အတွင်း သတင်းထောက်ခုနစ်ဦး သေဆုံးခဲ့သည့် ပါကစ္စတန်သည် ဂျာနယ်လစ်များအတွက် အန္တရာယ်အရှိဆုံးနိုင်ငံများတွင် ဆက်လက်ပါဝင်နေခဲ့ပြီး အဆင့် ၁၅၈ ရရှိခဲ့သည်။

Ref:AFP

Wednesday, February 12, 2014

တည်းခိုခန်းတွင် အမျိုးသားတစ်ဦး ရုတ်တရက်သေဆုံး



သင်္ဃန်းကျွန်းမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဇနီးဖြစ်သူနှင့်အတူ တည်းခိုနေသည့် အမျိုးသားတစ်ဦး ဖေဖော်ဝါရီ ၉ ရက်ညက ရုတ်တရက်သေဆုံးခဲ့သဖြင့် မြို့နယ်ရဲစခန်းက ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် စစ်ဆေးဖော်ထုတ်နေသည်ဟု ဆိုသည်။

ဖြစ်စဉ်မှာ စံပြဆေးရုံကြီးတွင် အမျိုးသားတစ်ဦး သေဆုံးရောက်ရှိ
လာကြောင်း ည ၁၂ နာရီခွဲအချိန် သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

ထို့ကြောင့် သေဆုံးသူမှာ ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ အုန်းချောင်းကျေးရွာတွင် နေထိုင်သည့် ဦးအောင် မြင့်သိန်း(၃၈)နှစ်၊ ငါးခြောက်အရောင်းအ၀ယ် လုပ်ကိုင်သူ ဖြစ်သည်ဟု အတည်ပြုထားသည်။

၎င်းသည် သင်္ဃန်းကျွန်းမြို့နယ် ဆောင်းသဇင်တည်းခိုခန်းတွင် ဇနီးဖြစ်သူ မခင်မာစန်းနှင့်အတူ အခန်း အမှတ် (၁၀၁) တွင် တည်းခိုအိပ်စက်နေစဉ် ည ၁၂နာရီခွဲအချိန်တွင် ရုတ်တရက်သေဆုံးခဲ့ခြင်းဖြစ်သည် ဟု ဆိုထားသည်။

သေဆုံးသူသည် အိပ်နေစဉ်အတွင်း ဘေးတစ်ဖက်သို့လှည့်စဉ် ဇက်နာသွားကြောင်းပြောပြီး ဘာမျှမေး မရတော့သဖြင့် စံပြဆေးရုံကြီးသို့ ကားဖြင့်ပို့အပ်ရာလမ်းတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူက ရဲထံတွင် ထွက်ဆိုထားသည်။

လက်ရှိတွင် သေဆုံးသူအလောင်းကို ရင်ခွဲစစ်ဆေးနိုင်ရန် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ထားပြီး ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ်ကို ဆက်လက်စစ်ဆေးပေးရန် ဒု-ရဲအုပ် ငွေမိုးက တိုင်တန်းထား သည်။

ထို့ကြောင့် မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ဒု-ရဲမှူးသိန်းဟန်က ဆက် လက်စစ်ဆေး လျက်ရှိသည်။

ဇော်ဇော်ထွေး

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း



(ကျန်းမာရေးအတွက် မည်သူမဆိုမျှဝေယူပါ)

လူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။

အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရတန်ဖိုး နည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချို မှုန့်၊ အရသာ စတဲ့ အရာတွေ ပါဝင်မှု များတာကြောင့်ပါ။

ဆား(ဆိုဒီယမ်) ပါဝင်မှု များတာ ကြောင့် အဆင်သင့် ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့တိုင်းစားရင် သွေးတိုးရော ဂါ ဖြစ်စေနိုင်ပါတယ်။အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက် ကပ်ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ အ ရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ က လေးတွေရဲ့ တစ်နေ့မှာ ဆိုဒီယမ် စားနိုင် တဲ့ ပမာဏက ၁၅၀ဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ် မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇၀ဝ မီလီဂ ရမ်ဖြစ်ပါတယ်။ ခေါက်ဆွဲ ခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန် ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။ အချိုမှုန့် (Flavour) ပါဝင်တာကြောင့် သွေးတိုးရော ဂါနဲ့ တခြားရောဂါဝေဒနာတွေကို ဖြစ်စေ နိုင်ပါတယ်။

အရသာ (Junk Food ) အဖြစ် အမဲ သားအနံ့၊ ပင်လယ်စာအနံ့ စတာတွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး အမျိုးအစား မတူပေမယ့် အများအားဖြင့် အန္တရာယ်ရှိပါတယ်။ ခေါက်ဆွဲထုပ်ကို အများကြီး စား ရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက် ဆွဲထုပ်ကို အဆင်သင့်အစာ (Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစာလို့ ဝေဖန်ကြပါတယ်။

ခေါက် ဆွဲထုပ်တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှု များပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက် ဆွဲတွေကို အရင်ဆုံး ရေနွေးထဲ ထည့် ပြုတ်ပါ။ ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း (Wax)ကွာ ကျသွားပါ လိမ့်မယ်။ ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေး ထပ်ထည့်ရပါမယ်။ ခေါက်ဆွဲကျက်မှ ဆီ၊ ဆား စတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ် ပါတယ်။

ဒီနည်းက လုံးဝ အန္တရာယ်ကင်း တာတော့ မဟုတ်ပါဘူး။ အရင်က လူအ များစုဟာ ရေနွေးပြုတ်ထဲ ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင် စားလေ့ရှိကြပါတယ်။ ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ် နည်းက အန္တရာယ် ပိုလျော့ပါးသွားတာ ဖြစ်ပါတယ်။

နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်း၇ွက်တွေ ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာ ရေးအတွက် ကောင်းပါတယ်။ အန္တာရယ်ကင်းချင်ရင် ခေါက်ဆွဲ ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားချင်ရင် သုံးရက်ကြာမှ တစ် ထုပ်လောက်ပဲ စားပါလို့ ပြောချင်ပါတယ်။

ဒေါက်တာဦးကိုကို

မိန်းကလေးများမှ ယောက်ကျားလေးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်





ဇင် ​ဘာ​ဘွေ​နိုင်ငံ​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​အ​မျိုး​သား​များ​ကို​ အုပ်​စု​ဖွဲ့​ ​မု​ဒိမ်း​ကျင့်​သည့်​ ​ကိ​စ္စ​များ​ကြောင့်​ ​ရဲ​တပ်​ဖွဲ့​မှာ​ ​ခေါင်း​ခြောက်​နေ​ကြောင်း​ ​သိ​ရ​သည်​။ ​လွန်​ခဲ့​သော​ ​၁၁​ ​လ​အ​တွင်း​ ​အ​မျိုး​သား​ ​၆​ ဦး​မှာ​ ​အ​မျိုး​သ​မီး​များ​က​ ​အုပ်​စု​လိုက်​ ​မု​ဒိမ်း​ကျင့်​မှု​ ​ခံ​ခဲ့​ရ​သည်​။

ရဲ​ဌာ​န​က​ ​ထို​ကိ​စ္စ​အ​တွက်​ ​ရှက်​ပြီး​ ​ရဲ​မ​တိုင်​သော​ ​အ​မျိုး​သား​များ​လည်း​ ​ရှိ​နိုင်​ကြောင်း​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်။ ​အ​သက်​ ​၂၆​ ​နှစ်​ရှိ​ ​ရဲ​သား​တစ်ဦး​သည်​ ​ဘူ​လာ​ဝါ​ယို​တွင်​ ​တာ​ဝန်​ထမ်း​ဆောင်​နေ​စဉ်​ ​အ​သေး​စား​ ​မီ​နီ​ဘတ်စ်​တစ်​စင်း​က​ ​အ​ကူ​အ​ညီ​တောင်း​သ​ဖြင့်​ ​သွား​ရောက်​ခဲ့​ရာ​ ​ကား​ထဲ​ရှိ​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ၎င်း​အား​ ​ဝိုင်း​ချုပ်​ခဲ့​ကြ​သည်​။ ​ယင်း​သည်​ ​ရုန်း​ကန်​ရန်​ ​ကြိုး​စား​သော်​လည်း​ ​မျက်​နှာ​ကို​ ​မေ့​ဆေး​ဖြင့်​ ​အုပ်​ခံ​ရ​ပြီး​နောက်​ သ​တိ​လစ်​သွား​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​ ဩ​ဂက်​စ​တင်း​ချီ​ဟွာ​က​ဆို​သည်​။ ​ထို့​နောက်​ ​ထို​ရဲ​သား​ ​သ​တိ​ပြန်​ရ​လာ​ချိန်​တွင်​ ၎င်း​သည်​ ​မြို့​ပြင်​တော​အုပ်​ထဲ​ ​ရောက်​နေ​ပြီး​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​က​ ​ယင်း​ကို​ ​လိင်​ဆိုင်​ရာ​ ​စော်​ကား​ပြု​မူ​နေ​သည်​ကို​ ​သ​တိ​ပြု​မိ​ခဲ့​သည်​။ ​ထို့​နောက်​ ​စိတ်​ကျေ​နပ်​သွား​သော​ ​အ​မျိုး​သ​မီး​များ​သည်​ ​ရဲ​သား​တွင်​ ​ပါ​လာ​သော​ ​ငွေ​ကြေး​အ​နည်းငယ်​နှင့်​ ​မို​ဘိုင်း​ဖုန်း​တို့​ကို​ ​ရ​ယူ​ကာ​ ၎င်း​အား​ ​မြို့​ပြင်​တွင်​ ​ထား​ခဲ့​ပြီး​ ​ထွက်​ပြေး​သွား​ကြောင်း​ ​ချီ​ဟွာ​က​ ​ပြော​ကြား​ခဲ့​သည်​။ ​ထို​သို့​သော​ ​လုပ်​ဆောင်​ချက်​နှင့်​ ​ပ​တ်​သက်​ပြီး​ ​အ​ကြောင်း​ရင်း​ကို​ ​မ​သိ​ရ​ဟု​ ​ချီ​ဟွာ​က​ဆို​သည်​။
ဇင် ​ဘာ​ဘွေ​ ဥ​ပ​ဒေ​အ​ရ​ ​မု​ဒိမ်း​မှု​သည်​ ​အ​မျိုး​သ​မီး​များ​ ​ပြု​ကျင့်​ခံ​ရ​မှ​သာ​ ​အ​ကျုံး​ဝင်​ပြီး​ ​အ​မျိုး​သား​များ​အ​တွက်​ ​သတ်​မှတ်​မ​ထား​ချေ​။ ပြီး​ခဲ့​သည့်​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​နှစ်ဦး​သည်​ ​အ​သက်​ ​၄၄​ ​နှစ်​အ​ရွယ်​ ​အ​မျိုး​သား​ ​တစ်ဦး​အား​ ၎င်း​တို့​နှင့်​ ​လိင်​ဆက်​ဆံ​ရန်​ ​အ​တင်း​ခိုင်း​စေ​ခဲ့​သည်​။ ​ထို​စ​ဉ်​က​ ​ယင်း​အ​မျိုး​သား​သည်​ ​အိပ်​ယာ​တစ်​ခု​ကို​ ​ဝယ်​လာ​ပြီး​ ​ကာ​ရိုး​အ​နောက်​ပိုင်း​ရှိ​ ​နေ​အိမ်​သို့​ ​သယ်​သွား​ချိန်​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​ယ​ခု​လို​ ​ခိုင်း​စေ​ခဲ့​ခြင်း​ဖြစ်​သည်​။
ယ​မန်​နှစ်​ ​နို​ဝင်​ဘာ​လ​က​လည်း​ ​အ​မျိုး​သ​မီး​ ​၂​ ဦး​သည်​ ​အ​သက်​ ​၁၈​ ​နှစ်​အ​ရွယ်​ ​ချာတိတ်​တစ်ဦး​ကို​ ​ဟာ​ရာ​ရာ​ရှိ​ ​ရို​မန်​ကက်​သ​လစ်​ ​ဘု​ရား​ကျောင်း​အ​တွင်း​ ​သော့​ခတ်​ပိတ်​ကာ​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြ​သည်​။ ယ​ခု​ကဲ့​သို့​ ​ရဲ​သား​တစ်ဦး​အား​ ​မီ​နီ​ဘတ်စ်​ပေါ်​ ​လိုက်​လာ​သည့်​ ​အ​မျိုး​သ​မီး​များ​က​ ​မု​ဒိမ်း​ကျင့်​ခဲ့​ကြောင်း​ ​သ​တင်း​ထွက်​ပေါ်​လာ​ပြီး​နောက်​ ​ပြည်​တွင်း​သ​တင်း​စာ​တစ်​စောင်​က​ ​လမ်း​ပေါ်​မောင်း​လာ​သည့်​ ​မီ​နီ​ဘတ်စ်​ကို​ ​အ​လု​အ​ယက်​ ​ဝိုင်း​တား​နေ​သည့်​ ​အ​မျိုး​သား​ ​အ​မြောက်​အ​မြား​ပုံ​ကို​ ​ကာ​တွန်း​ရေး​ဆွဲ​ ​သ​ရော်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

သီချင်းဆို၊ ကာရာအိုကေ ဆိုတာကို ရုပ်သံရိုက်ပြီး အင်တာနက်မှာ တင်ထားတဲ့သီချင်းတွေကြောင့် နာမည်ကြီးနေတဲ့ အဆိုတော်မလေး မေမြတ်မွန်








သီချင်းဆို၊ ကာရာအိုကေ ဆိုတာကို ရုပ်သံရိုက်ပြီး အင်တာနက်မှာ တင်လိုက်ရင် တခြားမြို့ တခြားနိုင်ငံက မိတ်ဆွေတွေ ကြည့်နိုင် အားပေးနိုင်ပါတယ်။

အပျော်တမ်း ဆိုကြပေမယ့် တချို့က တော်တော်လေး အရည်အသွေး ပြနိုင်သူတွေပါ။ အဲဒီထဲမှာ အမျိုးသမီးတယောက်ရဲ့ သီချင်းတွေကို လူကြည့်များနေပါတယ် အခုရက်ပိုင်း။

သီချင်းတပုဒ်မှာတော့ သူအမည်က မေမြတ်မွန် ဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်ထားပေးပါတယ်။ သူ့အကြောင်းလည်း အကျဉ်းချုပ် မိတ်ဆက်ရာမှာ အိမ်ထောင်ဘက်နဲ့ သားနဲ့ ခွဲခွာခဲ့ရသူဖြစ်တယ်၊ သြစတေးလျမှာနေတယ်လို့ ဆိုပါတယ်။
"သားလေးကိုလည်း သူနဲ့ ပေးခဲ့ပါတယ်" တဲ့။
ခံစားချက်တွေကို သီချင်းလေးနဲ့ ပုံဖော်ထားပါတယ် တဲ့။ ခံစားချက်ကို သီချင်းနဲ့ ဖွင့်ချ၊ အွန်လိုင်းတင်တဲ့နည်းနဲ့ စိတ်ဖြေနေတာလည်း ဖြစ်နိုင်ပါတယ်။

အွန်လိုင်း တင်ထားတဲ့ နှစ်ပုဒ်သုံးပုဒ်ထဲမှာ မင်းချစ်သူရေးတဲ့ သီချင်း ရှင်နော် ကို သူ ဆိုထားတာ တော်တော်လေး ကောင်းပါတယ်။ ရှင်နော်ရဲ့ မူရင်းအဆိုတော်က တွင်ကယ်လ် ဖြစ်ပါလိမ့်မယ်။ Facebook မှာတော့ တယောက်က မေမြတ်မွန် ဆိုတာ "အရမ်းကောင်းပါတယ် ခံစားချက်အပြည့်နဲ့ဆိုထားတာ" လို့ မှတ်ချက်ပြုပါတယ်။

လူကြည့်များနေရခြင်းအကြောင်းရင်းက အဆိုကောင်းလွန်းလို့တော့ ဟုတ်ဟန် မတူပါဘူး။ လည်ပင်းဟိုက်လွန်းတဲ့အင်္ကျီဝတ်ထားတာကြောင့် ဖြစ်ပါလိမ့်မယ်။

ဒီအတိုင်းဆိုရင် သူ့ရဲ့ ရုပ်သံသစ်တွေ ထပ်ထွက်လာနိုင်ပါသေးတယ်။

အွန်လိုင်းမှာ သူ့ရုပ်သံကို ကြည့်ရသူတွေထဲက အများအပြားက မှတ်ချက်မျိုးစုံ ပေးထားကြပါတယ်။ အများစုကတော့ သူ့ ဝတ်စားဆင်ယင်မှုကို အပြင်းအထန် ဝေဖန်ထားကြတာပါ။ သူ ဘယ်လို အခြေအနေ ဖြစ်နေတယ် ဆိုတာကိုလည်း ခန့်မှန်းသူလည်း မနည်းလှပါ။

Alcohol and Coffee အရက်မူးတာကို ကော်ဖီကထူးစေသလား




ကော်ဖီသောက်လိုက်ရင် သောက်ထားတဲ့အရက်ရှိန် (မူးနေတာ) ပြေသွားမယ်လို့ယူဆချက်ဟာ နားထောင်ရင် အဟုတ်လို့ ထင်စရာပါ။ ဒါပေမဲ့ လေ့လာမှုတွေလုပ်ကြည့်တော့ အဲလိုမဟုတ်ပါ။

နှစ်အနည်းငယ်တုံးက မိတ်ဆွေတချို့နဲ့အတူ ကျမ ဇာတ်ရုံတခုကကပွဲမှာ အသုံးတော်ခံခဲ့ပါတယ်။ ကျမခင်ပွန်းက အရောက်နောက်ကျပါတယ်။ သူက ခရစ်မတ်နေ့လည်စာနဲ့ ကော်ဖီသောက်ပြီး မွန်းလဲနောက်ပိုင်းတခုလုံးမှာ ဝိုင်တွေ သောက်နေခဲ့တာပါ။ ကံကောင်းတာက ပြဇာတ်က ဟာသဖြစ်ပါတယ်။ ကျမယောက်ျားဟာ လိုတာထက်ပိုပြီး ရယ်မောနေလို့ သူနဲ့တွဲသရုပ်ဆောင်ရသူကတောင် အံ့သြနေကြရပါတယ်။

အားလပ်ချိန်မှာတော့ နောက်ကျိနေတာ သက်သာသွားအောင်ဆိုပြီး ကျမသူ့အတွက် ကော်ဖီ ဝယ်တိုက်ပါတယ်။ ပြဇာတ် ဒုတိယပိုင်းမှာ သူ အတော်ငြိမ်နေတာ တွေ့ရတယ်။ ဒါဖြစ်ရင် ကျမတွက်ထားသလို ကော်ဖီကနေ မျက်လှည့်ပြသလိုသတ္တိ တကယ်ရှိသတဲ့လား။

Sedative effects အရက်ဆိုတာ များလေလေ အိပ်ချင်စိတ်များလေလေဆိုတာ လူတိုင်း သိတဲ့အချက်ပါ။ ပဌမ ၁ နာရီခွဲအတွင်းမှာ သွေးထဲမှာ အရက်ပမာဏ များနေချိန်မယ် အရက်သောက်သူဟာ တက်ကြွနေပါတယ်။ ၂ နာရီ နောက်ပိုင်းမှာတော့ ၆ နာရီ အထိ အိပ်ချင်စိတ်ဟာ တိုးတိုးလာပါတယ်။

ကော်ဖီထဲမှာပါတဲ့ Caffeine (ကေဖင်း) ဓါတ်ကတော့ ပြောင်းပြန်ဖြစ်ပါတယ်။ လူတွေကို တက်ကြွနေစေပါတယ်။ ဒီအချက်ကြောင့် ဘီယာတပိုင့်သောက်ပြီး ကော်ဖီတခွက်နဲ့ဖြေတာ သဘာဝကျပါတယ်။

စိတ်မကောင်းစရာ လာပါပြီ။ အရက်သုတေသနသမိုင်းမှာ ဓါတ်ခွဲခန်းတွေထဲ အရက်သောက်ထားသူတွေကို ကော်ဖီ တိုက်ပြီး စမ်းသပ်တဲ့အခါ အဖြေတွေက ဆန့်ကျင်တာတွေ ထွက်လာပါတယ်။ တချို့မှာ Alcohol အရက်ကြောင့် Reaction times ပြန်လည် တုန့်ပြန်နိုင်တဲ့ ကြားကာလအချိန်ဟာ ကော်ဖီကြောင့် တိုးလာပေမဲ့ တချို့ ဘာမှမထူးပါ။

၂ဝဝ၉ ခုနှစ်မှာ (အရက် + ကော်ဖီ) အစွမ်းကို ပိုပြီး အသေးစိတ်ထုတ်ပြန်လာနိုင်ပါတယ်။ ကြွက်တွေကို အရက် တိုက်ပါတယ်။ ဒိနောက်မှာ လူတွေဆို ၈ ခွက်နဲ့ညီတဲ့ ကော်ဖီကို တိုက်ပြန်ပါတယ်။ ကေဖင်းဝင်ပြီးတဲ့နောက်မှာ ကြွက်တွေဟာ ပိုပြီး တက်ကြွနေပုံရပေမဲ့ ဒီအကောင်တွေဟာ ကော်ဖီမသောက်ရတဲ့ကြွက်တွေထက် ဝင်္ကဘာထဲမှာ အခြေအနေဆိုးတာ တွေ့ရပါတယ်။

ဒါကြောင့် ကော်ဖီဟာ အရက်ကြောင့်ဖြစ်စေတဲ့ Tiredness မောပမ်းမှုကို တန်ပြန်နိုင်စွမ်း ရှိတယ်။ ဒါကြောင့် နေ့စာ၊ ညစာစားပြီးဆိုင်း ကော်ဖီနဲ့ အစာပိတ်တဲ့သဘောက မှန်ကန်ပါတယ်။ ဒါပေမဲ့ အရက်ကြောင့်ဖြစ်ရတဲ့ Cognitive deficits မှတ်သားမှု-ဥာဏ်ထုတ်မှုအစွမ်း နည်းပါးနေတာကိုတော့ ကော်ဖီကနေ ဖျောက်မပေးနိုင်ပါ။ Drunkenness feelings အရက်သမားခံစားမှုဆိုတာ အဲဒါပါ။

ဇီဝကမ္မ၊ ရောဂါဗေဒလိုပြောရရင် အရက်ကို ကိုယ်ခန္ဓာနေ ချက်လုပ်ပါတယ်။ ဒီအတွက် နေ့ရက်တွေ မနည်းမနော ယူပါမယ်။ ဒီအလုပ်အတွက် အသဲက (အင်ဇိုင်းမ်) ၂ မျိုးသုံးရပါတယ်။ Alcohol dehydrogenase (အယ်လ်ကိုဟော ဒီဟိုက်ဒရိုဂျင်နေ့စ်) နဲ့ Aldehyde dehydrogenase (အယ်လ်ဒီဟိုက် ဒီဟိုက်ဒရိုဂျင်နေ့စ်) တွေဖြစ်ပါတယ်။ အဆင့်တွေ အဆင့်တွေ အများကြီးအပြီးမှာ လွန်ခဲ့တဲ့ ရက်တွေတုံးက သောက်ထားတဲ့ အရက်ဟာ ရေနဲ့ Carbon dioxide (ကာဗွန်အောက်ဆိုက်) အဖြစ် ချွေးနဲ့ ဆီးထဲကနေ စွန့်ထုတ်ပါတယ်။

One unit of alcohol အရက်တယူနစ် (10 ml in UK = 10 grams [12.7 ml] in Australia) ကို (မက်တာဘော်လိုက်စ်) ချက်လုပ်ဘို့ရာ ၁ နာရီပျမ်းမျှ အချိန်ယူပါတယ်။ မျိုးဗီဇ၊ အစာစားထားမထား၊ အရက်ရာနှုန်းတွေအရ အနှေးအမြန် ကွာပါမယ်။ ကော်ဖီထဲမှာပါတဲ့ ကေဖင်းကနေ ဒီဖြစ်စဉ်ကို မြန်စေအောင် မလုပ်နိုင်ပါ။ နောက်ထပ် သုတေသနအရ (ကေဖင်း) များတာကနေ အရက်ကြောင့် မှတ်ဥာဏ်ကို သက်ရောက်တာကို တန်ပြန်နိုင်တယ်။ Dizziness မူးနောက် နေတာကိုတော့ မပြေစေဘူးလို့ သိရပါတယ်။

ကေဖင်းကြောင့် ပိုဆိုးတယ်လို့ ပြောသူတွေလဲ မနည်းပါ။ ၂ဝဝ၈ ခုနှစ်ထဲမှာ အမေရိကန် ကောလိပ်ကျောင်းသားတွေကို လေ့လာတဲ့အခါ Vodka နဲ့ Red Bull လို အရက်ထဲမှာ (အယ်လ်ကိုဟော + ကေဖင်း) ပါတာမို့ သောက်သူတွေဟာ ထိခိုက်ဒဏ်ရာရတာ ပိုများကြပြီး၊ လမ်းပေါ်မှာ မြန်နှုန်းသတ်မှတ်တာထက် ပိုမောင်းသူတွေကနေ လိုက်ချင်လိုက်ခဲ့လို့ ကားပေါ်တင်ရင်လိုက်ကြသူက ၂ ဆ မက များတာကို တွေ့ရတယ်။ ဒီအချက်ဟာ သောက်ထားတဲ့အရက် နည်းတာ များတာနဲ့ တိုက်ရိုက်အချိုးမကျပါ။

ဒီသတင်းပို့ချက်ကိုရေးသူ Claudia Hammond (ကလော်ဒီယာ) ဟာ စာရေးသူ၊ အသံလွှင့်သူ၊ စိတ်ပညာကထိက ဖြစ်ပါတယ်။ သူမဟာ Health Check on BBC World Service ဘီဘီစီ ကျန်းမာရေးစစ်ဆေးမှုဆိုတဲ့အစီအစဉ်ကို ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေသူ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ (၁)



ဆေးသမား
မရွံရ၊ လူနာဖြစ် မရှက်ရဘူးတဲ့။ စအိုနဲ့ရော လိင်နဲ့ပါ ပတ်သက်တာမို့ ရွံစရာ-ရှက်စရာ ဆိုတာလေး
တခု ရေးပါရစေ။
ကြားဘူးတယ်
မဟုတ်လား၊ မဏိပူ (ကသည်း) ပုဏ္ဏားတွေဟာ အင်မတန် အသန့်ကြိုက်တယ် ဆိုတာ။ ထမင်းချက်ရင် စည်းဝိုင်းဝိုင်း
ချက်တယ်။ ၀ိုင်းထဲကို ဘယ်သူမှ မ၀င်ရဘူး။ ရေမိုးချိုးပြီး၊ ပါးစပ်နဲ့ နှာခေါင်းကို အ၀တ်စီးတယ်။
အက်ႍေတာ့ မ၀တ္ဘူး။ တချို့ထူးတာက ဘယ်ဘက်လက်ကို စည်းဝိုင်းအပြင် ထုတ်ထားရသတဲ့။ ဘယ်လက်က
(ရိုင်းတယ် ပြောတော့ဗျာ)၊ ၀မ်းသွားပြီးတိုင်း ဖင်ဆေး-သန့်ရှင်းရေး လုပ်တဲ့လက်မို့ ရွံတယ်ပေါ့။
မေးချင်တာက ၀မ်းသွားတဲ့ (ဖင်) ကတော့ စည်းဝိုင်းထဲမှာ မဟုတ်ပါလားလို့။
စအိုကနေ၀င်တဲ့
ကူးစက်ရောဂါဆိုတာ ဆေးစာထဲမှာ မရေးကြသေးပါ။ Feco-oral route စအို-ပါးစပ် လမ်းကြောင်းကနေ
ကူးစက်တဲ့ ရောဂါတွေဆိုတာတော့ ရှိတယ်။ ၀မ်းလျော၊ ၀မ်းပျက်၊ ၀မ်းကိုက်၊ ကာလ၀မ်း၊ အူရောင်ငန်းဖျား၊
အသဲရောင် အေ၊ ပိုလီယို၊ ဆာလ်မိုနယ်လိုဆစ်၊ ရိုတာ-ဗိုင်းရပ်စ်၊ စတာတွေပါတယ်။ စအိုကနေ”ထွက်”ပြီး၊
ပါးစပ်ထဲကို တနည်းနည်းနဲ့ ၀င်လို့ ဖြစ်ရတာတွေပေါ့။ အခုခေတ်မှာကြ စအိုကနေ”၀င်”တာတွေ
ဖြစ်လာနေပါပြီ။ စအိုကို တလွဲသုံးလာကြလို့ပါ။
ခန္ဓာဗေဒဆိုတာ
ဆရာဝန်၊ သူနာပြုတွေ စစချင်းသင်ယူရတဲ့ဘာသာရပ်တခုပါ။ ၁၉၁၈ ကတည်းက ရေးခဲ့ပေမဲ့ ကနေ့အထိ
ခန္ဓာဗေဒကို အပြည့်စုံဆုံး ရေးထားတဲ့စာအုပ်က Gray's Anatomy ဖြစ်ပါတယ်။ သူ့နောက် ခန္ဓာဗေဒ
ပညာရှင်တွေ ရေးသမျှ စာတွေ-ကျမ်းတွေမှာလဲ ဖင်(စအို)ရဲ့ တာဝန်ဝတ္တရားကို An excretory
organ or an eliminative channel အညစ်အကြေး စွန့်ထုတ် ပေးရသောအင်္ဂါလို့ သတ်မှတ်ပါတယ်။
ဝမ်းသွား-လေလည်တာပေါ့။ ခုတော့ တာဝန်ပိုတွေပါ ထမ်းဆောင်နေရပါတယ်။
ကျား-ကျား
လိင်တူ ဆက်ဆံတယ်ဆိုတာ AIDS ရဲ့သမိုင်းနောက်ခံပါ။ နောက် ဘီပိုးကလဲ တစခန်းထလာတော့ ပြောဘို့-ရေးဘို့
လိုလာပါတော့တယ်။ (ဂေး)အကြောင်း မဟုတ်ပါ။ ကျား-ကျား ဖြစ်ဖြစ်၊ ကျား-မဖြစ်ဖြစ် စအိုလမ်း
အသုံးပြုပြီး ဆက်ဆံတာ၊ တဲ့တဲ့ပြောပါရစေ၊ (အေနယ်လ်-ဆက်စ်)ပေါ့။ Dangers of anal sex
စအိုကနေ လိင်ဆက်ဆံတာရဲ့ အန္တရာယ်တွေကို ရေးခွင့်ပြုပါခင်ဗျား။
စအိုရဲ့မွေးရာပါအလုပ်ကို
ပဌမ နားလည်သင့်ပါတယ်။ သူ့အထက်က Rectum အစာဟောင်း အိမ်ထဲမှာ မစင်(၀မ်း)တွေ ပြည့်လာတာနဲ့
ဝမ်းသွားချင်စိတ် ဖြစ်လာပြီး၊ စအိုနံရံတွေက ကျယ်လာပါတယ်။ အစာဟောင်းအိမ်က အပေါ်ကနေ အောက်ဆီ
ဦးတည်တဲ့လှုပ်ရှားမှု Peristaltic waves အရ မစင်(၀မ်း)တွေဟာ စအိုထဲဝင်လာချိန် အထိန်းကြွက်သား
အ၀ိုင်းတွေက လျော့ဖွင့်လိုက်လို့ ၀မ်းသွားခြင်း ဖြစ်လာတာပါ။ “စအိုထဲကို အပြင်ကနေ ထိုးသွင်းတာကို
လက်ခံရမဲ့ အစီအမံဆိုတာ လုံးဝမရှိပါ။”
နှစ်ပေါင်း
၄၀၀၀ လောက်က ထွန်းကားခဲ့တဲ့ (အိန္ဒု) ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့ဘူးတဲ့ အထောက်အထားတွေ၊
နောက်ပြီး ၂ ရာစုက ရှိခဲ့တဲ့ (အာဂျန်တာ) လှိုင်ဂူက ရုပ်တုတွေ၊ တခါ ဟိန္ဒူဘုရားတဆူဖြစ်တဲ့
သျှီဗား ရဲ့တံခါးမှူး မြင့်မြတ်သော နွားလား နန္ဒီကနေ သူ့သခင်(ဘုရား) နဲ့ ဒုတိယ မယား
(ပါရ်ဗသီ)တို့ရဲ့ ချစ်ကြွမ်းဝင်ကြပုံ (နည်းအစုံစုံ) တွေကို ကြားသိပြီးသကာလ နောင်လာနောက်သား
လူအများအကျိုးငှာ ဖေါက်သည်ပြန်ချခဲ့လို့ သက္ကတဘာသာနဲ့ ရေးမှတ်ခဲ့တဲ့ (ကာမသျှတ္တရ)ကျမ်း
ဆိုတာတွေ ကြည့်ရင် လိင်ဆက်ဆံမှုပညာဆိုတာဟာ သမားရိုးကျထက် ဆန်းပြားပါလားလို့ ပြောနိုင်ပါတယ်။
ဆန်းတာတွေ ရှေးကတည်းကရှိလို့ ဆန်းတာ ဘာဆန်းတာမှတ်လို့၊ လုပ်သာလုပ်၊ စမ်းချင်စမ်းလို့
အားမပေးလိုပါ။ ဆက်ဖတ်ပါခင်ဗျား။
Anal
sex ဟာ အများထင်သလို အန္တရာယ်မရှိ မဟုတ်ပါ။ စအိုထဲမှာ ဖုံးထားတဲ့ အပေါ်ဖုံးအလွှာဟာ သာမန်
အရေပြားလို မဟုတ်ဘူး လူ့အရေပြားဆိုတာက Kerotinized လုပ်တားတာ။ (ကရတင်)ဆိုတဲ့ ပိုခိုင်မာတဲ့
(တစ်ရှူး)နဲ့ ဖုံးနေတာ၊ စအိုထဲမှာ အဲဒါ မရှိဘူး။ နောက်ပြီး စအိုမှာ (စဖင်တာ)ဆိုတဲ့
ကြွက်သားဝိုင်းရှိတယ်။ နှစ်ထပ်တောင် ရှိတာ၊ အပြင်ကောင်က စိတ်ကနေ ထိန်းနိုင်ပြီး၊ အထဲဝိုင်းကတော့
ထိန်းမရဘူး။ သူတို့က ၀မ်းသွား-လေလည် အ၀င် အထွက်ကို ထိန်းပေးတာ။ တကယ်လို့ တစုံတခုက စအိုကို
လာထိတာနဲ့ လူ့ကိုယ်ခန္ဓာရဲ့ သဘောဝအရ (စဖင်တာ)က ပိုပြီး တင်းတောင့် ပိတ်ဆို့တဲ့ တုံ့ပြန်မှု
လုပ်ပါမယ်။ Reflex ခေါ်တယ်။
ဒါ့ကြောင့်
မာတာနဲ့ ထိုးမိရင် စုတ်ပြဲသွားနိုင်တယ်။ တကယ်လို့ အလိုမတူသူ ဖြစ်နေရင် ပိုဆိုးမှာပါ။
အရေပြားလွှာ ၃ ထပ်ရှိတဲ့ မိန်းမကိုယ်နဲ့ မတူတာက ၁ ထပ်တဲရှိတဲ့ စအိုဟာ ဆန့်နိုင်ကြုံ့နိုင်စွမ်း
အတော်နည်းပါတယ်။ သဘာဝအရလည်း မဆက်ဆံမီ မိန်းမကိုယ်က ထွက်လာရတဲ့ အရည်ဟာ အဆင်ပြေအလွန်းလို့
Honorably discharge လို့တောင် ခေါ်သေးတယ်။
လိင်ဆက်ဆံတဲ့အခါ
တခါတလေ လိင်တံရဲ့ အရေပြားကလည်း ပွန်းပဲ့သွားတတ်တယ်။ အဲဒီနည်းနဲ့လိင်ဆံဘို့
Lubrication ချောဆီ သုံးရတယ်။ KY Jelly (KY Sexual Lubricant) က ပေါ်ပြူလာ အဖြစ်ဆုံးပါ။
သူက တခါသုံး မလာပါ။ တခါသုံး မဟုတ်တာ မှန်သမျှ စိတ်မချရတာ သိမှာပါ။ Jelly သုံးပေမဲ့
နဲနေရင်၊ ဒါမှမဟုတ် အလျင်အမြန် ထိုးသွင်းရင် သေခြာပေါက် စအို စုတ်ပြဲ ပါလိမ့်မယ်။ စုတ်ပြဲတာက
သွေးထွက်ချင်မှ ထွက်ပါမယ်။ သေးသေးလေး ဖြစ်အုံးတော့ အင်မတိ အင်မတန် သေးငယ်လွန်းလှတဲ့
ဗက်တီးရီးယား၊ ဗိုင်းရပ်စ်တွေအတွက်ကတော့ (ဆူပါ-ဟိုင်းဝေး) ဖြစ်နေမယ်။
အဲဒီကနေ
ပိုးဝင်လို့ ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ အသဲရောင်ဘီ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ
(ရှန်ကာ၊ ကြွက်နို့၊ ဖတ်းဂတ်စ်၊ ဂနိုးရီးယား) နဲ့ HIV တို့ ဖြစ်ကြပါတယ်။ စအိုဘေးက အရေပြားမှာ
ပိုးရှိရင် ယားနာဆိုတာလဲ ကူးနိုင်ပြန်ပါသေးတယ်။ နောက်တချက် ယောက်ျားဆီးပြွန်ကပဲ
Urine ဆီးရော Semen သုတ်အရင်ထွက်တဲ့ အရည်ချွဲရော၊ Sperm သုတ်ရည်ရော ထွက်ရတယ်။ ဒါ့ကြောင့်
ဆီးလမ်းရောဂါပိုးကလဲ စအိုထဲ ၀င်နိုင်ပြန်ရော။ စအိုကင်ဆာ ကိုတော့ ဖြစ်နိုင်ခြေစာရင်းလောက်သာ
ထည့်ပါမယ်။
Annal
canal အရှည်က 2.5 to 4 cm သာ ရှိတာမို့ စအိုအထဲကို ဘယ်လောက်ပဲ ၀မ်း မရှိအောင် လုပ်ထားပါစေ
ဘာထည့်ထည့် ပေကျံလာမှာပါ။ စအိုနဲ့ ထိပြီးသားအရာကို အမျိုးသမီးရဲ့ ဆီးလမ်းအ၀နဲ့ မထိပါမှ
ဆီးလမ်းပိုး ၀င်တာ မဖြစ်မှာပါ။ မိန်းမကိုယ်အ၀ကို တဆက်တည်း ပြန်သုံးရင် ပိုးဝင်နိုင်တယ်။
ပါးစပ်ဆိုတာတော့ ပြောမနေနဲ့ပေါ့။ ဆိုတော့ မတိုင်ခင်ရော၊ ကြားထဲမှာရော၊ ကိစ္စပြီးချိန်မှာရော
ဘယ်လောက် ကရိကထများလိုက်သလဲ။ သာယာမှုနဲ့ မျှပါသလား။ တပ်မက်မှုကြောင့်ဖြစ်လာတဲ့ လိင်ဆက်ဆံမှုက
ရလိုတာဟာ သာယာမှု၊ ကျေနပ်မှု နဲ့ ပြည့်ဝမှု မဟုတ်ပါလော။
လိင်ဆက်ဆံတာဟာ
နှစ်ဦးနှစ်ဖက်ကိစ္စပါ။ အသက်လည်းပြည့်ပါမှ နှစ်ဦးသဘောတူဆိုပါမှ Rape မဖြစ်မှာ။ နှစ်ဦး
သဘောတူ ဆိုရာမှာ (နည်း)ပိုင်း၊ (အနေအထား)ပိုင်း၊ အချိန်ပိုင်းတွေမှာပါ နှစ်ဦးသဘောတူမှ
ပြည့်စုံပါလိမ့်မယ်။ တဦးသဘောမတူတာကို တဦးက နည်းလည်မှုပေးဘို့ လိုမှာပါ။ မဟုတ်ရင် တချို့တိုင်းပြည်တွေမှာ
ဥပဒေက ခွင့်မပြုပါ။ တကယ်လို့ ယောက်ျားနဲ့ မိန်းမ စအိုလိင်ဆက်ဆံနည်း သုံးမယ်ဆိုရင် ယောက်ျားဖြစ်သူဟာ
Physiological and Psychological nature of the practice ဇီဝကမ္မဗေဒ အရရော စိတ်ပညာအရပါ
နားလည်ဘို့ လိုမှာပါ။
စိတ်ပိုင်းဆိုင်ရာလဲ
ထည့်ဆွေးနွေးရအောင်။ သဘာဝအားဖြင့် ကျား-မ လိင်ဆက်ဆံတယ်ဆိုတာ ဆက်ဆံချင်စိတ် ဖြစ်ပေါ်လာတာနဲ့
အမျိုးသမီးဟာ ယောက်ျားရဲ့ ကြီးစိုးလွှမ်းမိုးမှုကို Submission or Surrender စိတ်လိုလက်ရ
နာခံလိုက်တာ ဖြစ်ပါတယ်။ မိန်းမရဲ့စအိုကို ဆက်ဆံချင်သူ ယောက်ျားမျိုးကတော့ ဒီလို လွှမ်းမိုးချင်စိတ်
Domination ထက် ကဲပါတယ်။ စိတ်ပညာအလိုအရ အဲလို ယောက်ျားသားတွေဟာ Male domination
complex ကျားလွှမ်းမိုးစိတ်ကဲမှု၊ Sexual deficiency complex လိင်ပိုင်းဆိုင်ရာ အားနည်းမှု၊
Low self-esteem မိမိကိုယ်ကိုယ် အထင်ရောက်မှု၊ Demeaning attitude towards women မိန်းမသားနဲ့ပတ်သက်ရင်
အမြင်ကွဲလွဲမှု တခုခု ရှိနေတတ်ပြီး၊ မေတ္တာ-ချစ်တာ အားနည်းသူ ဖြစ်နေတတ်ပါသတဲ့။
နည်းအဆန်း
စမ်းသူများ (ကွန်ဒွန်)သုတတော့ ရှိမယ်ထင်ပါတယ်။ ရှိအုံးတော့ (အေနယ်)နည်း သုံးရင် ပိုခိုင်မာတဲ့
(စပယ်ရှယ်-ကွန်ဒွန်) သုံးသင့်တယ်လို့ ဆိုပါတယ်။ အမေရိကမှာ အရေးပေါ်ဌာန တခုကိုလာတဲ့ စအိုထဲ
ပစ္စည်းတခုခု (Foreign body) ၀င်လို့ လာသူတွေထဲမယ် ၇၈%ဟာ စအိုလိင်ကိစ္စကြောင့် ဖြစ်ရပါသတဲ့။
သိတဲ့အတိုင်း
လိင်ဆက်ဆံက (အင်နာဂျီ) အတော် ကုန်တာပါ။ စအိုထဲ ထိုးသွင်း-ဆွဲထုတ်တာက ပိုပြီး (အင်နာဂျီ)
သုံးပါတယ်။ နှစ်ယောက်လုံးက ကျန်းမာရေး ဒေါင်ဒေါင်မည်ရပါမယ်။
နောက်ဆက်တွဲက
စအိုလိင်ဆက်ဆံတာ များလာတာနဲ့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စအိုထိန်းကြွက်သားတွေ
အားနည်းလာမယ်။ ၀မ်းထိန်းရတာ၊ လေထိန်းရတာ အားနည်းလာမယ်။ ၀မ်းသွားမမှန်ဖြစ်လာမယ်။
Kegel exercises လေ့ကျင့်ခန်း အလုပ်ခိုင်းယူရပါလိမ့်မယ်။ လူကြားသူကြား သွားတိုင်း
(ဒိုင်ပါ)တမျိုးကို အမြဲအပိုဝတ်ထားရပါတော့တယ်။
သိပ္ပံအရ
ပြောပြော၊ သဘာဝအရ ဆိုဆို၊ ဆင်ခြင်တုံတရားအရ တွေးတွေး၊ စအိုဟာ စွန့်ထုတ်စရာ သာဖြစ်ပြီး
မိန်းမကိုယ် (မွေးလမ်းကြောင်း)လို ထိုးသွင်းရမဲ့ဒွါရ မဟုတ်တာ သေခြာပါတယ်။ သဘာဝတရားနဲ့
ဆန့်ကျင်တာ နောက်တခုကတော့ အထက်ကနေ အောက်ကို ဆင်းသက်တဲ့ လားရာကို ပြောင်းပြန် လုပ်မိတာပါ။
ဒီခေတ်ကြီးမှာ သဘာဝဆိုတာကို Environment သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ် နဲ့ Organic မပြုမပြင်
အစားအသောက်ကိုသာ ကျယ်ကျယ် လောင်လောင် ပြောနေကြပြီး၊ သဘာဝမကျတဲ့ လူတွေရဲ့ အကျင့်စရိုက်တွေကိုကြတော့
ပိုဆိုးဆိုး လာနေတာဟာ အဆီအငေါ် မတည့်ဘူး ထင်ပါတယ်။
စအိုလိင်ဆက်ဆံနည်း
ဥရောပကစတယ် ဆိုပါတယ်။ ဂရိ၊ ရိုမန်၊ ဘေဘီလုံ၊ ပါရှားခေတ် ကတည်းကပါတဲ့။ အာဖရိက မှာတော့
ဒါကို Taboo လို့ ယူဆပါတယ်။ မလုပ်သင့်ဘူးလို့ မှတ်ယူတာမျိုးပေါ့။ ဒါပေမဲ့ ကနေ့ခေတ်မှာ
အာဖရိက နွယ်ဖွါး အမေရိကန်များမှာ ခေတ်စားလှပါတယ်။ သိတဲ့အတိုင်း အမေရိကားမှာ သူတို့တတွေရဲ့
အဆင့်အတန်းဟာ ဘာလဲလို့။ ကြားချင် ကြားဘူးမယ် သီချင်းထဲ ထည့်စပ်ကြတာ။ သူတို့တတွေပါဘဲ။
"Lick it till your tongue turn doo doo brown" "Da Butt"
"Baby Got Back" နောက် မှတ်သားဘို့ ကောင်းတာတခုက အကျဉ်းစခန်းတွေမှာ အသုံးချစရာ
စအိုသာရှိလို့ ထောင်ကလာတဲ့ ဇာတ်လမ်းလို့လဲ ဆိုနိုင်ပါ သေးတယ်။
ကမ္ဘာကျော်
ရေမွှေးကို ဂျာမနီ Cologne ကနေ ထုတ်တာ မဟုတ်ပါလား။ Jovan Musk ဆိုတာ ၁၉၇၃ ကစ ထုတ်တယ်။
သမင် တမျိုးကရတဲ့ ယောက်ျားသားတွေရဲ့ အနံ့ရှိတယ်ဆိုပြီး၊ လိင်ဆွဲဆောင်မှုအတွက် ရေမွှေးလုပ်
ထုတ်တာဖြစ်ပါတယ်။ ရောင်းကောင်းလို့ ကျားသုံး-မသုံး နှစ်မျိုးလုံး ထုတ်ပါတယ်။ ဆိုချင်တာက
လိင်ဆက်ဆံရေးမှာ အနံ့ရဲ့ အရေးပါတာကိုပါ။ အမျိုးသမီးများရဲ ယောနိကနေ Pheromones ဆိုတာ
အလိုလို ထုတ်ပါတယ်။ ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်နိုင်တဲ့ အနံ့ပါ။ စအိုမှာ အဲဒီအစွမ်းက
ဗလာနတ္ထိ မရှိပါ။ မစင်နံ့သာ ရှိပါတယ်။
လူကြီးတွေက
ဆုံးမတယ် အိမ်ပြင်ကအမှိုက် အိမ်ထဲမသွင်းနဲ့တဲ့။ ဆရာဝန်က အကြံပေးချင်တယ် အညစ်အကြေးကို
အသစ်ကလေး မထင်နဲ့လို့။


ဒေါက်တာတင့်ဆွေ

ခင်ပွန်းသည် AIDS ကူးမှာစိုးလို့ဟုဆိုကာ ဇနီးသည်က ခင်ပွန်းကို ဓားနဲ့ထိုးသတ်ခဲ့




ရ၀မ်ဒါ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မှုခင်း တစ်ခုဟာ AIDS ရောဂါ ဝေဒနာနဲ့ ဆက်စပ်ပတ်သက်နေခဲ့လို့ စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ အသက် အလယ်အလတ် အရွယ်ရှိ ကမ်ပိုရိုရို အမည်ရှိ အမျိုးသမီး တစ်ဦးဟာ သူ့ရဲ့ ခင်ပွန်း ဖြစ်သူ AIDS ရောဂါပိုး ကူးစက် မှာဆိုးလို့ သူကိုယ်တိုင် သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ခင်ပွန်းဖြစ်သူဟာ အသက် (၄၈ နှစ်) အရွယ်ရှိ မီယန်ဘီလီ ဖြစ်ပါတယ်။ မီယန်ဘီလီရဲ့ အစ်ကိုဖြစ်သူဟာ AIDS ရောဂါ ဝေဒနာကြောင့် သေဆုံး သွားခဲ့ပါတယ်။

ရ၀မ်ဒါ နိုင်ငံမှာ ရိုးရာ ထုံးထမ်းအစဉ်အလာတွေအရ သေဆုံးသွားတဲ့ ယောက်ျားဖြစ်သူရဲ့ဇနီးကို ဆွေမျိုးသားချင်းတွေက ကူညီထောက်ပံ့မှုတွေ ပြုလုပ်ရ ပါတယ်။ ဒါကြောင့် မီယန်ဘီလီဟာ အစ်ကိုဖြစ်သူရဲ့ မိန်းမကို လက်ထပ်ပေါင်း သင်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မီယန်ဘီလီရဲ့ ဇနီးဖြစ်သူဟာ သူ့ရဲ့ခင်ပွန်း AIDS ရောဂါပိုး ကူးစက်မှာကို မလိုလားခဲ့ပါဘူး။ ဒါကြောင့် ကမ်ပိုရိုရိုဟာ သားဖြစ်သူ၊ အစ်မဖြစ်သူတို့ နဲ့အတူ ယောက်ျားဖြစ်သူကို ဓားနဲ့ထိုးသတ်မှု ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ သတင်းဟာ ရ၀မ်ဒါ နိုင်ငံမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ မီယန်ဘီလီဟာ အစ်ကိုဖြစ်သူရဲ့ဇနီးကို မယူမီ အတောအတွင်းမှာ သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ရ၀မ်ဒါနိုင်ငံမှာ လူဦးရေ (၃) ရာခိုင်နှုန်းဟာ HIV ရောဂါ ကူးစက်ခြင်းခံနေ ရတယ်လို့ သိရပါတယ်။

ဓာတ်အားလိုင်း အပြစ်ကို ချက်ချင်းရှာနိုင်မယ့် စက်များဖြင့် ပိုင်းလော့စီမံကိန်း ရန်ကုန်မှာစတင်




ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကာလနဲ့ ဧရိယာကို လျှော့ချဖို့ JICA နဲ့ မြန်မာတို့ ပူးပေါင်းပြီး ပိုင်းလော့စီမံကိန်းတစ်ခုကို စတင်လိုက်ပြီလို့ ဖေဖော်ဝါရီ ၁၁ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

Time Sequential Auto Sectionalizing System လို့နာမည်ပေးထားတဲ့ ဒီပိုင်းလော့ပရောဂျက်ဟာ တစ်နှစ် ကြာမြင့်မှာဖြစ်ပြီး ဂျပန်နိုင်ငံက လှူဒါန်းတဲ့ Auto Switch စက် ၄စုံထဲက မီးပြတ်တောက်မှုများတဲ့ သာကေတ ဓာတ်အားပေးလိုင်းမှာ ၃စုံတပ်ဆင်မှာဖြစ်ပြီး စက်တစ်လုံးဟာ ယန်းငွေ ၅သန်းတန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ဓာတ်အားပေးစနစ်ဟာ ဟောင်းနွမ်းနေပြီး ပြဿနာတစ်ခုခုပေါ်ရင် ဓာတ်အားလိုင်းတစ်ခုလုံးကို စစ်ဆေးရတာကြောင့် လိုင်းတစ်ခုလုံးကို ပိတ်ပြီး ပြုပြင်တဲ့အခါ အချိန်ကုန်တာမို့ အခုစက်တွေဟာ ဖြစ်ပွားတဲ့နေရာကို ချက်ချင်းသိနိုင်သလို ပြဿနာမပေါ်တဲ့ အခြားနေရာတွေကို လျှပ်စစ်မီး ဆက်ပေးနိုင်မယ်လို့ ဆိုပါတယ်။

ဂျပန်ပညာရှင်တွေရဲ့ သင်ကြားပြသမှုနဲ့ ဒေါပုံ-ဒဂုံဆိပ်ကမ်း-သာကေတ သုံးနေရာကို ဆက်သွယ်ထားတဲ့ 33 KV လိုင်းပေါ်က သာကေတ MOGE မှာ ၃လုံးတပ်ဆင်ခဲ့ပြီး နောက်တစ်လုံးကို မင်္ဂလာဒုံလိုင်းမှာ တပ်ဆင်ဖို့ရှိတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံက ကူညီမှုသာမရှိရင် အစိုးရဘက်ဂျက်နဲ့ တပ်ဆင်ရမှာမို့ ငွေကြေးမလုံတဲ့အကြောင်း၊ ဂျပန်နိုင်ငံ ချေးငွေနဲ့ ဆက်လုပ်ဖြစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Related Posts Plugin for WordPress, Blogger...