Wednesday, April 9, 2014

ဘောင်များကို ကျော်ဖြတ်မယ်






( ၂၀၁၁ မှာ လွှင့်ခဲ့တဲ့ ဒီအင်တာဗျုးက အေမီပါဒီ ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းပါ။ နည်းနည်း မိတ်ဆက်ပေးရရင်
အေမီကို ၇.၁၁.၇၉ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၁၉ နှစ်မှာ ဦးဏှောက်အမြှေးရောင်ရောဂါပိုးကြောင့် သွေးဆိပ်တက်ရာက ခြေထောက်နှစ်ဖက် ဖြတ်ခဲ့ရပါတယ်။ ကျောက်ကပ် ၂ ဖက်ပျက်စီးခဲ့ပြီး သရက်ရွက်ကိုလည်း ထုတ်ပစ်ခဲ့ရတယ်။ ၂ နှစ်ကြာပြီးတဲ့နောက် ဖခင်ထံက ကျောက်ကပ်တစ်လုံး ပြန်အစားထိုးခဲ့ရတယ်။ ခြေထောက်ဖြတ်ပြီး ၇ လအကြာမှာ အေမီဟာ စပြီးနှင်းလျှောစီးခဲ့တယ်။ ၂၀၀၃ မှာတော့ လူငယ်မသန်မစွမ်းတွေအတွက် ထူထောင်ထားတဲ့ NGO အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်လာခဲ့ပြီး အကြောပြင်ပညာရှင်အဖြစ်လည်း အသက်မွေးခဲ့ပါတယ်။ အလှပြမော်ဒယ်လုပ်ငန်းထဲကိုလည်း ၀င်ခဲ့ပါတယ်။ ၂၀၀၃ နောက်ပိုင်းမှာတော့ အေမီဟာ ခြေတုထုတ်လုပ်သူ၊ မသန်စွမ်းသူတို့ရဲ့ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ အေမီဟာ What’s Buggin Seth ဆိုတဲ့ ရုပ်ရှင်မှာပါဝင်ခဲ့ပြီး ၂၀၁၄ မှာတော့ How to Raise an Olympian ဆိုတဲ့ ရုပ်သံအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။
အခုတော့ အေမီဟာ အမေရိကန်ရုပ်သံလိုင်းက ကျင်းပတဲ့ 18th Season of Dancing with Stars ဆိုတဲ့ အကပြိုင်ပွဲမှာ ၀င်နွှဲနေတာ ၃ ပတ်တိတိရှိပြီဖြစ်ပြီး ပရိသတ်ရဲ့ မျက်ရည်စိုတဲ့ အားကျချီးမွမ်းမှုတွေကို ခံယူရရှိနေပါတယ်။ အေမီရဲ့ ကိုယ်တိုင်ပြော အထုပ္ပတ္တိကို နားထောင်ကြည့်ရအောင်။ )

တကယ်လို့ ရှင်တို့ရဲ့ ဘ၀ဟာ စာအုပ်တစ်အုပ်ဖြစ်ပြီးတော့ ရှင်တို့ဟာ စာရေးဆရာဖြစ်မယ်ဆိုရင် ဘယ်လိုဇတ်လမ်းမျိုးဖြစ်စေချင်ပါသလဲရှင်။
ဒီမေးခွန်းဟာ ကျွန်မရဲ့ ဘ၀ကို ထာဝရပြောင်းလဲစေခဲ့ပါတယ်။

ကျွန်မဟာ လပ်စ်ဗီးဂပ်စ် သဲကန္ထာရနယ်မြေမှာမွေးဖွားခဲ့ပြီး ကျွန်မအလိုချင်ဆုံးကတော့ လွတ်လပ်မှုပါပဲ။ တကမ္ဘာလုံးအနှံ့ခရီးထွက်မယ်၊ နှင်းတွေဖုံးနေတဲ့ဒေသမှာ အခြေချမယ်၊ ၀တ္တုတွေရေးမယ်လို့ စိတ်ကူးယဉ် အိပ်မက်တွေမက်ခဲ့ပါတယ်။ အထက်တန်းကျောင်းအောင်ပြီးတော့ ၁၉ နှစ်မှာ နှင်းတွေဖုံးနေတဲ့နေရာကို ရွှေ့ပြောင်းခဲ့ပြီး အကြောပြင်ပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီအလုပ်မှာ ကျွန်မအတွက် လက်နှစ်ဖက်ရယ်၊ ကုတင်တစ်လုံးရယ်ပဲ လိုအပ်ပြီး ဘယ်နေရာကိုမဆို သွားလို့ရခဲ့ပါတယ်။ ကျွန်မဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် လွတ်လွတ်လပ်လပ်၊ အနှောင်အဖွဲ့ကင်းကင်းနဲ့ ကိုယ်တိုင်ထိန်းချုပ်ခွင့်ကို ရခဲ့ပါတယ်။ ဘ၀ခရီးဟာ ရုတ်တရက်ကြီး မကောက်ကွေ့သွားခင်အချိန်အထိပေါ့လေ။

တစ်နေ့မှာ တုပ်ကွေးဖြစ်တယ်ထင်လို့ အလုပ်ကစောစောအိမ်ပြန်လာခဲ့ပါတယ်။ ၂၄ နာရီမပြည့်ခင်မှာပဲ ကျွန်မဆေးရုံပေါ်မှာ အသက်ရှူစက်တပ်ထားရပြီး အသက်ရှင်ခွင့် ၂ % ပဲရှိတော့တဲ့အခြေအနေကို ရောက်နေပါပြီ။ ဆရာဝန်တွေက ဦးဏှောက်အမြှေးရောင်တာလို့ ရောဂါနာမည်တပ်ကြပြီး ၂ လခွဲအတွင်းမှာ သရက်ရွက်၊ ကျောက်ကပ်၊ ဘယ်ဘက်နားအကြားအာရုံနဲ့ ကျွန်မရဲ့ ဒူးအောက်ပိုင်း ခြေ ၂ ချောင်းကို ဆုံးရှူံးခဲ့ရပါတယ်။ ကျွန်မ မိဘတွေက ကျွန်မကို ဆေးရုံကနေ ဘီးတပ်လှည်းနဲ့ တွန်းထုတ်ယူလာတဲ့အခါ ကျွန်မစိတ်ထဲမှာ တစ်ကိုယ်လုံးကို ကော်ပတ်ရုပ်တစ်ရုပ်လို တစ်စစီပြန်တပ်ဆင်ထားသလိုခံစားရပါတယ်။

အဆိုးဆုံးကာလကို ဖြတ်ကျော်ခဲ့ပြီလို့ ထင်ခဲ့မိတာ ခြေတုတွေကို ပထမဆုံးတွေ့တဲ့အချိန်မှာတော့ မှားပြီလို့သိရပါတော့တယ်။ ခြေတုတွေက ဖောင်းဖောင်းကြီးကြီး၊ သတ္တုတွေ၊ ပိုက်တွေနဲ့ အ၀ါရောင်ရာဘာခြေချောင်းတွေကို မြင်ရတဲ့အချိန်မှာ အမေ့ကို ဘေးမှာထားပြီး မျက်ရည်ပင်လယ်ဝေနေခဲ့မိပါတယ်။ ဒီခြေတုကြီးတွေကို စွပ်ပြီး မတ်တပ်ရပ်ကြည့်တဲ့အခါ သိပ်ကိုနာကျင်ပြီး သိပ်လှူပ်လို့လည်းမရပါဘူး။ ဒီခြေထောက်တွေနဲ့ ကမ္ဘာပတ်ပြီး ဘယ်လိုခရီးသွားမလဲ၊ ကျွန်မနေချင်တဲ့ စွန့်စားခန်းတွေ၊ ပုံပြင်တွေပြည့်နေတဲ့ဘ၀မျိုးကို ဘယ်လိုနေရပါ့မလဲလို့ မတွေးပဲမနေနိုင်ပါဘူး။ ဘယ်လိုပြန်ပြီး နှင်းလျှောစီးနိုင်ပါ့မလဲ။ အဲဒီနေ့က အိမ်ပြန်ပြီး အိပ်ရာထဲမှာခွေနေလိုက်တာ နောက်ထပ်လပေါင်းနည်းနည်းကြာသွားတဲ့အထိပါပဲ။ ခြေတုတွေကို အိပ်ရာဘေးမှာထားပြီး လက်တွေ့ကိုရင်မဆိုင်ပဲ ရှောင်လွှဲနေလိုက်တာ စိတ်ရော၊ ကိုယ်ရော တစ်စစီပြိုကွဲကုန်ပါတယ်။ ဒါပေမဲ့ ကျွန်မသိတာက ရှေ့ဆက်သွားဖို့ဆိုရင် အေမီအဟောင်းကို စွန့်လွှတ်ပြီး အေမီအသစ်ကို ထွေးပွေ့ရမယ်ဆိုတာပါပဲ။

ဒါကို နားလည်လာတဲ့အခါကျတော့ ကျွန်မအနေနဲ့ အရပ် ၅ ပေ ၅ လက္မပဲ ဖြစ်နေစရာမလိုတော့ဘူးလေ။ ခြေတုအကူအညီနဲ့ ကျွန်မ အရပ်ရှည်ချင်သလောက်ရှည်လို့ရတယ်။ ( ရယ်သံများ) ဒါမှမဟုတ်လည်း ကျွန်မတွဲသွားတဲ့သူရဲ့ အရပ်ပေါ်မူတည်ပြီး ပုချင်သလောက်လည်း ပုလို့ရသေးတယ်။ ( ရယ်သံများ) နှင်းလျှောစီးတဲ့အခါကျရင်လည်း ခြေထောက်တွေအေးမနေတော့ဘူး။ ( ရယ်သံများ) အကောင်းဆုံးကတော့ ကျွန်မခြေထောက်ကို ရှိသမျှဖိနပ်အားလုံးနဲ့ တော်အောင်လုပ်လို့ရတယ်လေ။ ( ရယ်သံများ) ဒါကြောင့် ခြေတုမှာကောင်းကျိုးတွေလည်းရှိပါတယ်။

ဒီအချိန်မှာပဲ ကျွန်မကိုယ် ကျွန်မမေးမိတာပါ။ ဘ၀ပုစ္ဆာပေါ့လေ။ တကယ်လို့ ကျွန်မရဲ့ ဘ၀ဟာ စာအုပ်တစ်အုပ်ဖြစ်ပြီး ကျွန်မဟာ စာရေးဆရာဖြစ်မယ်ဆိုရင် ဘယ်လိုဇတ်လမ်းမျိုးဖြစ်စေချင်သလဲလို့။ အဲဒီအချိန်ကစပြီး ငယ်ငယ်တုန်းကလိုပဲ နွေနေ့လည်အိပ်မက်ကို ပြန်စမက်ပါတော့တယ်။ ကိုယ့်ကိုယ်ကို လှလှပပ လမ်းလျှောက်နေတာမြင်ကြည့်တယ်။ ကျွန်မခရီးတစ်လျှောက် တခြားလူတွေကို ကူညီနေတယ်။ နှင်းတောင်တစ်လျှောက် နှင်းတွေကို ထိတွေ့ရုံမကပဲ လေကလည်း မျက်နှာကိုတိုးလို့၊ ရင်ခုန်သံတွေလည်းမြန်လို့ ပြန်ပြီးနှင်းလျှောစီးဖို့ စိတ်ကူးယဉ်တယ်။ တကယ့်ကို ဖြစ်နေသလိုမျိုး အချိန်တိုင်းမှာ တွေးနေတာ။ ဒါနဲ့ပဲ ကျွန်မဘ၀မှာ ကဏ္ဍသစ်တစ်ခုကို ဖွင့်နိုင်ခဲ့ပါတော့တယ်။

၎ လကြာပြီးတဲ့အခါ ကျွန်မ နှင်းလျှောစီးခြေနင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။ ဒါပေမဲ့ မျှော်လင့်ထားတဲ့အတိုင်းတော့ မဖြစ်ခဲ့ပါဘူး။ ဒူးနဲ့ ခြေကျင်းဝတ်က ကွေးလို့မရဘူး။ ခြေနင်းကြီးဝတ်လျက်နဲ့ ကျွန်မလဲသွားတော့ ကျန်တဲ့ စကိတ်စီးသမားတွေကို ထိမိကုန်တယ်။ ( ရယ်သံများ) တောင်ပေါ်ကနေ လျှောဆင်းဖို့ ကြိုးစားပေမယ့် တောင်ထိပ်မှာပဲ ကပ်ကျန်နေခဲ့တယ်။( ရယ်သံများ) ကျွန်မ အတော်ကို တုန်လှူပ်သွားတာ။ ကျန်တဲ့သူတွေလိုပဲ ကျွန်မ အတော်ကိုစိတ်ပျက်လက်ပျက်ဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်မသာ သင့်တော်တဲ့ ခြေတုတစ်စုံရမယ်ဆိုရင် နှင်းလျှောစီးနိုင်မှာပဲလို့ ကျွန်မသိတယ်။

ဒါဟာကျွန်မအတွက်တော့ အကန့်အသတ်ဘောင်တွေအကြောင်း လေ့လာခွင့်ရတဲ့အချိန်ပါပဲ။ အခက်အခဲအတားအဆီးတွေဆိုတာ ၂ မျိုးပဲလုပ်နိုင်ပါတယ်။

ကျွန်မတို့ကို ပိတ်မိနေအောင် တားထားမလား။

တီထွင်ဖန်တီးနိုင်အောင် တွန်းအားပေးမလား ဆိုတာပါပဲ။

ကျွန်မအနေနဲ့ ဘယ်လိုခြေတုတွေသုံးရမလဲဆိုတာ တစ်နှစ်လုံးလုံး ရှာဖွေနေခဲ့ပါတယ်။ ဘယ်လိုမှ မတွေ့တဲ့အဆုံး ကိုယ့်ဘာသာထွင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခြေတုလုပ်တဲ့သူနဲ့ ကျွန်မနဲ့ဟာ ခြေတုအပိုင်းတွေကို တစ်စစီတပ်ကြည့်ကြတယ်။ နောက်ဆုံးမှာတော့ နှင်းလျှောစီးဖို့ ခြေတုတစ်စုံရလာပါတယ်။ ကျွန်မခြေသည်းအရောင်လေးတွေကိုတောင် ပြောင်းလို့ရသေးတယ်။ ကျွန်မ ၂၁ နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ် ဒီခြေတုအသစ်တစ်စုံနဲ့ ကျွန်မအဖေရဲ့ ကျောက်ကပ်ကို ရခဲ့ပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ နှင်းလျှောစီးတယ်၊ အလုပ်ပြန်လုပ်တယ်၊ ကျောင်းပြန်တက်တယ်။

၂၀၀၅ ခုနှစ်မှာတော့ NGO လုပ်ငန်းတစ်ခုကို မသန်မစွမ်းလူငယ်တွေအတွက်ထူထောင်နိုင်ခဲ့ပြီး သူတို့ကို အားကစားပွဲတွေဝင်ပြိုင်နိုင်အောင် ကူညီနိုင်ခဲ့တယ်။ တောင်အာဖရိကကိုသွားပြီး ကလေးငယ်ပေါင်းများစွာကို ဖိနပ်စီးနိုင်အောင် ကူညီနိုင်ခဲ့တာမို့ သူတို့တွေ ကျောင်းတက်ခွင့်ရခဲ့ကြတယ်။ ဒီနှစ် ဖေဖော်ဝါရီမှာတော့ ကျွန်မဟာ ကမ္ဘာ့ဖလား ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ( လက်ခုပ်သံများ ) ဒါဟာ ကျွန်မကို ကမ္ဘာထိပ်တန်းအဆင့် အမျိုးသမီးနှင်းလျှောစီးသူ အဖြစ်သတ်မှတ်ခံရတာပါ။

လွန်ခဲ့တဲ့ ၁၁ နှစ်၊ ကျွန်မ ခြေထောက်တွေကို ဆုံးရှူံးခဲ့တုန်းက ရှေ့မှာဘာတွေဖြစ်လာမယ်၊ ဘာတွေကို မျှော်မှန်းရမယ်ဆိုတာ မသိခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့အတိတ်ကို ပြန်ပြောင်းချင်သလားလို့ ဒီနေ့မေးလာခဲ့ရင်တော့ မပြောင်းချင်ပါဘူးလို့ ဖြေရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီခြေထောက်တွေက ကျွန်မကို မသန်မစွမ်းဖြစ်စေတာမဟုတ်ပဲ သန်စွမ်းစေတာမို့ပါ။ သူတို့က ကျွန်မကို စိတ်ကူးမျှော်လင့်ချက်တွေအပေါ် အားကိုးစေတယ်။ ဖြစ်နိုင်ခြေတွေကို ယုံကြည်စေတယ်။ ဒါကြောင့်လည်း ကျွန်မတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို လက်နက်ကရိယာတွေအဖြစ် အသုံးချလို့ရတယ်လို့ ကျွန်မက ယုံကြည်ပါတယ်။ ဘောင်တွေကို ဖွင့်ထုတ်မယ်၊ စိတ်ထဲမှာ ကျွန်မတို့ ဘာမဆိုလုပ်နိုင်တယ်၊ ဘာမဆိုဖြစ်နိုင်တယ်။ ဒီအိပ်မက်တွေကို ယုံကြည်ပြီး ခေါင်းထဲက အကြောက်တရားတွေကို ရင်ဆိုင်နိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ဘ၀တွေကို အကန့်အသတ်ဘောင်တွေထဲက ထိုးဖောက် ရှင်သန်နိုင်ပါတယ်။ တကယ်တော့ဒီဘောင်တွေရှိနေလို့သာ ဒီလိုကျော်ဖြတ်ဖို့ဖြစ်လာတာပါ။ ဘောင်တွေဆိုတာက အရှိတရားရဲ့ အဆုံးသတ်တွေဖြစ်နေပေမယ့် အိပ်မက်တွေ၊ စိတ်ကူးတွေရဲ့ အစပြုရာလည်းဖြစ်နေပါသေးတယ်။

ဒါကြောင့် ဒီနေ့အဖို့ ရှင်တို့ကို ကျွန်မ စိန်ခေါ်ချင်တာကတော့ အကန့်အသတ်ဘောင်တွေကို အနှုတ်လက္ခဏာအဖြစ်၊ အဆိုးမမြင်ကြပဲ ဒါတွေကို လက်ဆောင်မွန်တွေအဖြစ် မြင်ကြည့်ကြဖို့ပါပဲ။ အင်မတန်ကောင်းတဲ့ လက်ဆောင်တွေမို့လို့ ကျွန်မတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို ထွန်းညှိနိုင်ပြီး ကျွန်မတို့ကို မျှော်မှန်းထားတာထက်ပိုခရီးရောက်အောင် ကူညီနိုင်ပါတယ်။ ဒါဟာ ဘောင်တွေကို ဖျက်ဆီးရမယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ဘောင်တွေကို တွန်းဖယ်ကြည့်တဲ့အခါ ဘယ်လောက်အံ့သြစရာကောင်းတာတွေကို မြင်ရသလဲ ဆိုတာ တွေ့ရပါလိမ့်မယ်။

ဘာသာပြန်သူ - သန္တာဝင်း

( အေမီ ပြိုင်ပွဲမှာ က နေတဲ့ ဗီဒီယို အပိုင်းလေးတွေကို ကြည့်ပါဦး။ ဘယ်လောက်လှသလဲလို့။ )

ကိုးကား။

Living beyond limits – Amy Purdy https://www.youtube.com/watch?v=N2QZM7azGoA

Dancing with Stars – First week https://www.youtube.com/watch?v=1JtNvidSmQo

Dancing with Stars – Second week https://www.youtube.com/watch?v=bdnVd7E78g8

Dancing with Stars – Third week https://www.youtube.com/watch?v=GPkFdlck0Os1 Amy Purdy & Derek - Cha Cha - DWTS 18 (Opening Night)

ဝိတ်လျှော့ရန်အတွက် အစားအသောက် အငတ်မခံနိုင်ကြောင်း ကိတ်အပ်တန်ဆို





ဝိတ်လျှော့ရန်အတွက် အစားအသောက် အငတ်မခံနိုင်ကြောင်း ကိတ်အပ်တန်ဆို Sports Illustrated မဂ္ဂဇင်း၏ လုံးကြီးပေါက်လှ မော်ဒယ်လ်က သူမအနေဖြင့် ကိုယ်အလေးချိန် လျှော့ချရန် ဖိအားပေးမှုများစွာ ကြုံနေရသည့် အမျိုးသမီးများ၏ ရှေ့မှောက်တွင် စံပြုရမည့်သူမျိုး ဖြစ်ချင်ကြောင်းလည်း ဆိုသည်။

မိမိသည် ဝိတ်လျှော့ချင်သဖြင့် မိမိကိုယ်ကိုယ် အစာအငတ်ခံမည့် မိန်းကလေးမျိုး မဟုတ်ကြောင်း ကိတ်အပ်တန်က ပြောကြားခဲ့သည်။ Sports Illustrated မဂ္ဂဇင်း၏ လုံးကြီးပေါက်လှ မော်ဒယ်လ်က သူမအနေဖြင့် ကိုယ်အလေးချိန် လျှော့ချရန် ဖိအားပေးမှုများစွာ ကြုံနေရသည့် အမျိုးသမီးများ၏ ရှေ့မှောက်တွင် စံပြုရမည့်သူမျိုး ဖြစ်ချင်ကြောင်းလည်း ဆိုသည်။ Daily Star သတင်းစာနှင့် အင်တာဗျူးတွင် အသက်(၂၁)နှစ် အရွယ်ရှိ အမေရိကန် မော်ဒယ်လ်က “မိန်းကလေးတွေမှာ ဝိတ်လျှော့ဖို့ ဆိုတာက အမြဲတမ်းလိုလို ဖိအားတစ်ခုလို ရှိနေတာပါ။ ကျွန်မ ကောလိပ်မှာ ရှိနေတုန်းကတောင် ကြုံဖူးတယ်။ ဝိတ်မလျှော့ရင် ကျွန်မရဲ့ မော်ဒယ်လ်အလုပ်အတွက် အဆင်မပြေသလိုတောင် ပြောဆိုခံရဖူးတယ်လေ”ဟု ဖွင့်ဟခဲ့သည်။

ကိတ်က “ကျွန်မ စိတ်ထင်တော့ ပတ်ဝန်းကျင် အမြင်ဆိုတာ ဒီကိစ္စမှာ အများကြီး သက်ရောက်မှု ရှိနေသလိုပဲ။ ကျွန်မရဲ့ လက်ရှိ ပုံစံက ကြည့်ကောင်းတဲ့ အတိုင်းအတာမျိုးလို့ ထင်တယ်။ သေချာတာကတော့ ပိန်ချင်လို့ဆိုပြီး အငတ်ခံမယ့်ထဲမှာ ကျွန်မတော့ မပါဘူး”ဟုလည်း ဆိုသည်။ သူမက “ကျွန်မကတော့ ဘဝကို ပျော်ပျော်နေချင်တယ်။ ကိုယ်စားချင်တာမှ မစားရရင် ဘဝက ဘယ်လိုလုပ် ပျော်စရာ ကောင်းတော့မှာလဲ”ဟုလည်း မေးခွန်းထုတ်ခဲ့သည်။ ကိတ်သည် The Other Women ဇာတ်ကားတွင် ကင်မရွန်ဒိုင်ယက်ဇ်၊ လက်စ်လီမန်းတို့နှင့်အတူ သရုပ်ဆောင်ထားပြီး အမျိုးသမီးများအတွက် ကျန်းမာကြံ့ခိုင်သည့် အလှအပမျိုး ဆောက်တည်နိုင်အောင် ပါဝင်ကူညီခွင့် ရခဲ့သည့်အတွက် ပျော်ရွှင်မိကြောင်းလည်း ဆိုသည်။

“ဒီဇာတ်ကားက ကျွန်မအတွက်တော့ တကယ့်ကို စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု ဖြစ်ခဲ့ပါတယ်။ ကျွန်မက ပိန်အောင် ဝိတ်လျှော့နေဖို့ထက် ကျန်းကျန်းမာမာ နေထိုင်ဖို့ အမျိုးသမီးတွေ အားလုံးကို တိုက်တွန်းပြီး စံပြအနေနဲ့ ရှိချင်တယ်လေ။ ဒီဇာတ်ကားမှာ လူတွေကို ကျန်းမာရေးနဲ့ သင့်တော်တဲ့ နည်းလမ်းမျိုးနဲ့ ရှင်သန်နေထိုင်နိုင်အောင် ကျွန်မက ကူညီနိုင်ခဲ့တယ်လို့ ထင်ပါတယ်”ဟု ကိတ်က မှတ်ချက်ပြုသွားသည်။

ဒူးမှအရွတ်များကို အားဖြည့်သည့် အစားအစာများ





ဒူးနာနေသူများ၊ အဆစ်နာသူများ၊ အရိုးပွသူများ၊ လေးဖက်နာသမားတို့အတွက် အရွတ်များ အားကောင်းစေရန် အရွတ်များ ပျော့ပြောင်းစေဖို့ စားသုံးသင့်သည့် အစားအစာများကို ဖော်ပြရလျှင်
(၁) အိုမီဂါ (ဒ) ဖက်တီးအက်ဆစ်
ယင်းက အရွတ်များကို ပျော့ပြောင်းစေသည်။ ဥပမာအားဖြင့် ဥများ၊ နှမ်းကြတ်စေ့၊ သစ်ကြားသီး၊ ရေအေးငါးများဖြစ်သည့် တူနာ၊ ဆယ်လ်မွန်တို့ဖြစ်သည်။
(၂)ဗီတာမင်စီ
သည်အရွတ်များကို ကျန်းမာစေပြီး အင်တီအောက်ဆီးဒင့်ဓာတ်ကိုလည်း ရရှိစေသည်။ ဓာတ်တိုးဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို လျော့ပါးစေသည်။ ဥပမာအားဖြင့် ရှောက်သီးကဲ့သို့ အချဉ်သီးများ၊ ဟင်းရွက်သုတ်၊ ကိုက်လန်၊ ငရုတ်ပွသီး၊ စတော်ဘယ်ရီတို့ ကို စားသုံးနိုင်သည်။
(၃)ဗီတာကရိုတင်း
တည်သီး၊ ပြောင်း၊ လိမ္မော်၊ သင်္ဘော၊ ရွှေဖရုံ၊ ငရုတ်သီးပွအနီအခွံပွ၊ လိမ္မော်သီးတို့တွင် ပါဝင်သည်။
(၄) Quercetin
အင်တီအောက်ဆီးဒင့်ပါဝင်ပြီး ရောင်ရမ်းမှုကို ကာကွယ်ပေး နိုင်သောဓာတ်တစ်မျိုးဖြစ်ပြီး တည်သီး၊ ဘလူးဘယ်ရီ၊ ဘရိုကိုလီ၊ ကို ကိုးအမှုန့်၊ ရှောက်သီးများ၊သံလွင်ဆီ ၊ ကြက်သွန်ဖြူတို့တွင် ပါဝင်သဖြင့် စားသုံးသင့်သည်။

မိန်းကလေးတွေ အလိုချင် အမက်မောဆုံးအရာ



တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်း ပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်…..ထို ဘုရင်ကြီး ဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတ

ယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲ တဲ့ မေးခွန်းတစ်ခုပါ….
ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….

“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “

အဲဒီမေးခွန်းကတော့
ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..

ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူ ပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….

နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆို လိုက်ပါတယ်…

အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင် လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အား အကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….

ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်းကုန်း၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်းထဲရှိတယ်…အနံ့အသက်ကလဲ ဆိုးရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုးရွားလှတဲ့ စုန်းမကြီးနဲ့ နုးညံ့သိမ်မွေ့ စိတ် သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…

ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင် ဒီကိစ္စဟာ သူ့အတွက် အရေးမကြီး ကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…

ဒီလိုနဲ့ မင်္ဂလာပွဲ အစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးက ပေးလိုက် ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“

ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…

အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????

ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ် ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွား လှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…

ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရ လို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….

“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင် နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်

ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရ တော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ ညအချိန် မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???

အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ

သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????

အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “

အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..

“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “

ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…

ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????

သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………

………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ……………………………… ………………………………..မလှပနိုင်တော့ဘူးပေါ့နော်……….။ ။ ။

လွန်ခဲ့သောအနှစ်နှစ်ဆယ်က တပည့်တွေနဲ့ထားရှိခဲ့တဲ့ကတိကိုတည်ခဲ့တဲ့ ကျောင်းဆရာကြီး



ကျောင်းဆရာကြီး တစ်ယောက်ဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က သူရဲ့တပည့်တွေ အတွက် အံ့သြစရာတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

၁၉၉၄ ခုနှစ်တုန်းက Bert Fox Community အထက်တန်းကျောင်းက ကိုးတန်းအခန်းတစ်ခုမှာ ဆရာဖြစ်သူ Farrer ဟာ သူရဲ့တပည့်တွေကို သူတို့ရဲ့အနာဂတ်အကြောင်း ၁၀မျက်နှာစာ ရေးပေးဖို့ ပြောခဲ့ပြီး နောင်အနှစ်နှစ်ဆယ်မှာ ဒီစာတွေကို သူတို့ဆီပြန်ပို့ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။


နောက်အနှစ်နှစ်ဆယ်ကြာတဲ့အခါမှာ ဆရာကြီးဟာသူ့ရဲ့ကတိအတိုင်း တပည့်တွေဆီကို စာတွေပြန်ပို့
ပေးခဲ့ပါတယ်။ ဆရာကြီးရဲ့လုပ်ရပ်အတွက် လူကြီးတွေဖြစ်နေပြီဖြစ်တဲ့ တပည့်တွေဟာ ဂုဏ်ယူဝမ်းမြောက်
ကျေးဇူးတင်ကြရတယ် လို့ဆိုပါတယ်။

တစ်ချိန်တုန်းက တပည့်ဖြစ်ခဲ့ပြီး ခုချိန်မှာ သူကိုယ်တိုင်လည်း ဆရာဖြစ်နေပြီဖြစ်တဲ့ Scott Fulton က “ကျွန်တော် တကယ် ဂုဏ်ယူကျေးဇူးတင်မိတယ်။ ဆရာ Farrerရဲ့လုပ်ရပ်က ကျွန်တော့်ကို အံ့သြစေခဲ့တယ်” လို့ CBC News ကို ပြောကြားခဲ့ပါတယ်။

စာသင်သက် နှစ်ပေါင်းလေးဆယ်အတွင်း သူကတိပေးခဲ့တဲ့ ဒီကျောင်းသားတွေကိုတော့ ဆရာကြီး Farrer က မမေ့ခဲ့ပါဘူး.....
တပည့်ဟောင်း တစ်ဦးဖြစ်တဲ့ ဒီဂျေသမား Anardiကတော့ လွန်ခဲ့တဲ့တစ်လလောက်က စာကိုရခဲ့သူ ဖြစ်ပါတယ်။ တခြားတပည့်တွေလိုမတူတဲ့ သူဟာ အဲ့အချိန်တုန်းက ကောင်မလေးတစ်ယောက်ကို အသည်းအသန် ကြိုက်နေမိတဲ့ အကြောင်းရေးခဲ့မိတယ်လို့ဆိုပါတယ်။ ခု ဒီကောင်မလေးဟာ သူ့ဇနီးဖြစ်နေပါပြီ။

“ကတိဆိုတဲ့ အသိကိုရဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ ဘယ်လိုအသေးဖွဲလေးတွေပဲ ဖြစ်နေပါစေပေါ့ဗျာ။ ကလေးတွေက ကျွန်တော် ဒါကို တန်ဖိုးထားတယ်ဆိုတာ သိသွားကြပါပြီ” လို့ ဆရာအို Farrer က CBC News ကိုပြောကြားခဲ့ပါတယ်။

ရန်သူ၏ ဦးခေါင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီး ကျောင်းသူများကို အဓမ္မပြုကျင့်ရန် တက္ကသိုလ်တွင် မြေအောက်ခန်းတည်ဆောက်ခဲ့သည့် ဂဒါဖီး



သံမဏိ လက်သီး ဥပဒေများပြဌာန်းပြီး လစ်ဗျားနိုင်ငံကို အုပ်ချုပ်ခဲ့သော အာဏာရှင် မွမ်မာဂဒါဖီ သည် သူ၏ အမုန်းတီးရဆုံး ရန်သူတစ်ယောက်၏ ဦးခေါင်းပြတ်ကို နေအိမ်ရှိ ရေခဲသေတ္တာထဲတွင် ၂၅ နှစ်ကြာ သိမ်းဆည်းခဲ့သည့်အပြင် တက္ကသိုလ်ကျောင်းသူလေးများကို အဓမ္မပြုကျင့်ရန်အတွက် တက္ကသိုလ်တွင် လျှို့ဝှက် အဓမ္မပြုကျင့်သည့်အခန်းငယ်တည်ဆောက်ခဲ့သည်ဟု မကြာခင် ထုတ်လွှင့်တော့မည့် ဂဒါဖီး ၏ မိုက်မဲမှုများကို ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအရ သိရသည်။ ဒါ့အပြင် ဂဒါဖီသည် သူကိုယ်တိုင်သတ်ဖြတ်ခဲ့သော လူများ၏ရုပ်အလောင်းများကိုလည်း နေအိမ်ရှိ ရေခဲခန်းအတွင်းထိန်းသိမ်းထားပြီး အပျင်းပြေ ကြည့်ရှု့လေ့ရှိသည်။ကျောင်းသူများကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်သည့် မြေအောက်ခန်းကိုတော့ လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီရှိ ထရီပိုလီ တက္ကသိုလ်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဖော်ပြပါအချက်အလက်များပါဝင်သည့် ရုပ်သံမှတ်တမ်းကို ဗြိတိန်နိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ ခရစ်စတိုဖာ အိုဂီရေတီ၏ "Mad Dog: Inside the Secret World of Muammar Gaddafi" ဆိုသည့် ရုပ်သံ မှတ်တမ်းသစ် တွင်ဖော်ပြထားခြင်းဖြစ်သည်။၎င်းဗီဒီယိုမှတ်တမ်းတွင် ဂဒါဖီ၏ ကြေးစားလူသတ်သမားအဖြစ်လုပ်ဆောင်ခဲ့ဖူးသော CIA သစ္စာဖောက် ဖရက်တာပဲ နှင့်တွေ့ဆုံမေးမြန်းထားသောအင် တာဗျူးလည်းပါဝင်လာခဲ့သည်။ ဖရက်တာပဲ၏ အင်တာဗျူးတွင်ဖြေကြားချက်များအရ ဂဒါဖီက သူ့ကို လူတစ်ယောက်၏ ဦးခေါင်းကိုဖြတ်ကာ သူ့ထံသို့ ပြန်လည်ပေးပို့နိုင်ပါက အမေရိကန်ဒေါ်လာ တစ်သန်းပေးမည်ဟု ခိုင်းစေခြင်းကို ခံခဲ့ရကြောင်း ဆိုသည်။ လွန်ခဲ့သည့် ၂ နှစ်ခန့်က လစ်ဗျားသူပုန်များ၏ တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရသော ဂဒါဖီက ထိုလူ၏ ဦးခေါင်းပြတ်ကို ရေခဲသေတ္တာထဲတွင်အခြားသော လူသေ အလောင်းများနှင့်အတူ သိမ်းဆည်း ထားခဲ့သည်။ ဖရက်တာပဲ၏ ပြောကြားချက်အရ "ကျွန်တော်က ဂျီနီဗာမှာရှိနေခဲ့တယ် အဲ့ဒီလူကို သတ်ပြီး ခေါင်းပြတ်ကို ဂဒါဖီ ဆီကို မပုပ်မသိုးဖြစ်အောင်ပြင်ဆင်ပြီးပို့လိုက်တော့ ကျွန်တော်ဆီကို အမေရိကန် ဒေါ်လာ တစ်သန်း တန်ဖိုးရှိတဲ့ ချက်လက်မှတ်တစ်စောင်ရောက်လာတာပါပဲ" ဟုပြောကြားထားသည်။ဖရက်တာအနေနဲ့ ၎င်းအမှုနှင့်ပတ်သက်ပြီး သံသယဖြစ်ခြင်းခံလိုက်ရချိန်မှာတော့ ကျူးဘားသို့ထွက်ပြေးခဲ့သည်ဟု New York Post သတင်းဌာန၏မှတ်တမ်းများအရသိရသည်။
ရုပ်သံမှတ်တမ်းတွင်ပါဝင်သည့် ဂဒါဖီ၏ မိုက်မဲသည့် နောက်ထပ်လုပ်ရပ်တစ်ခုမှာ ဂဒါဖီအနေဖြင့် ထရီပိုလီ တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားပြီးသည့်အခါတိုင်း ကျောင်းသူလေးများကို အဓမ္မပြုကျင့်သည့် မြေအောက်ခန်း တည်ဆောက်ထားခြင်းဖြစ်သည်။"လူမသိအောင်တည်ဆောက်ထားတဲ့အဲ့ဒီ အခန်းလေးထဲမှာ ကုတင်တစ်လုံးရယ်၊ ရေပန်းနှင့် နှိမ့်နယ်ခြင်းခံယူနိုင်တဲ့ Jacuzzi ဆိုတဲ့ ရေကန်လေးရယ် ၊ အဓမ္မပြုကျင့်ခံရမည့် ကျောင်းသူကို လိင်ပိုင်းဆိုင်ရာ ကူးစက်ရောရှိမရှိစစ်ဆေးတဲ့ နေရာလေးရယ်၊ ရာဘာမျက်နှာဖုံးရယ် ၊ လူကိုမူးဝေသွားအောင်ပြုလုပ်နိုင်တဲ့ ပစ္စည်းအချို့ရယ် ပါဝင်တယ်" ဟု၎င်းမှတ်တမ်းဗီဒီယိုကိုရိုက်ကူးထားသည့် ခရစ်စတိုဖာ အိုဂီရေတီ ကပြောကြားသည်။ "ဂဒါဖီက လစ်ဗျားနိုင်ငံကို စိတ်ကြိုက် ကိုယ်ထင်ရာ ကိုယ်လုပ်ပြီးအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဆိုးတစ်ယောက်ပါ" ဟု အိုဂီရေတီ ကဖြည့်စွက်ပြောကြားခဲ့သည်။"Mad Dog" ရုပ်သံမှတ်တမ်းကို သောကြာနေ့တွင် ထုတ်လွှင့်ပြသမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ရုပ်သံလိုင်းကို ဖော်ပြထားခြင်းမရှိပေ။
(စောင့်ကြည့်သတင်းဂျာနယ်)

Tuesday, April 8, 2014

၁၄နှစ်သမီးကို မတရားကျင့် သတ်ဖြတ်ခဲ့သူဟု သံသယရှိသူအား နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ဖမ်းဆီးနိုင်ခဲ့



လွန်ခဲ့တဲ့ ၁၇နှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ မုဒိမ်းကျင့် သတ်ဖြတ်ပြီး အီလီနွိုက်စ်ပြည်နယ်၊ ၀စ်ကိုစင် ရွံဗွက်အိုင်ထဲမှာ လွင့်ပစ်ထားခြင်းခံခဲ့ရတဲ့ ဆယ်ကျော်သက်မိန်းကလေး အမှုကို တရားခံရှာမတွေ့ဘဲ ပိတ်ပစ်ဖို့အထိ ရဲတွေ စဉ်းစားခဲ့ကြပါတယ်။

သူမကိုတွေ့ရှိခဲ့စဉ်ကတော့ ၁၉၉၇ ဖေဖေါ်ဝါရီ ၉ ရက်နေ့ ဖြစ်ပြီး သူမ ဘယ်သူဘယ်ဝါဆိုတာ သိရှိဖို့အတွက် အချိန် ၁နှစ်ခွဲကျော် ကြာခဲ့ပါတယ်။



ဖြစ်စဉ်ကတော့ ၁၉၉၇ခုနှစ်မှာ ဖြစ်ပါတယ်။ အနိုင်ကျင့်ခံ၊ စွန့်ပစ်ခံကလေးတွေကို ယာယီ ထိန်းသိမ်း စောင့်ရှောက်ပေးရာ နေရာကနေ ထွက်ပြေးသွားတဲ့ Amber Creek ဆိုသူ အသက် ၁၄နှစ်အရွယ် မိန်းကလေး ကို ရက်ပေါင်းများစွာ ကြာပြီးနောက် တောလိုက်မုဆိုးတွေက တောထဲတစ်နေရာမှာ ပြန်တွေ့ခဲ့ပါတယ်။ ပြန်တွေ့စဉ်မှာတော့ သူမဟာ သေဆုံးနေပြီ ဖြစ်ပြီး သူမရဲ့လက်မှာတော့ “Hi” ဆိုပြီးရေးထားတာ တွေ့ရပါတယ်။


ဒါတင်မကသေးပါဘူး။ သူမရဲ့ လက်မောင်းမှာလည်း အနီးအနား စာအုပ်ဆိုင်မှ ၅ ဒေါ်လာ ဈေးနှုန်း ကပ်ခွာ (price tag) တစ်ခုကို တွေ့ခဲ့ရပါတယ်။ အဆိုပါ အရာတွေကို ခြေရာခံပြီး စုံစမ်းခဲ့ပါတယ်လို့ သိရပါတယ်။

Creek ကို အသက်ရှင်လျှက် နောက်ဆုံးမြင်လိုက်ရတာက မီးခိုးရောင် ဇိမ်ခံကားထဲ ၀င်သွားတာကို တွေ့လိုက်ရတယ်လို့ မျက်မြင်တွေက ဆိုကြပါတယ်။ ကားရဲ့လိုင်စင်နံပါတ်ပြားမှာတော့ ‘mayor’ ဆိုတဲ့ စကားလုံး ပါဝင်ပါတယ်။ အဆိုပါ ယာဉ်ရဲ့ ကားမောင်းသူလည်း Creek သေဆုံးမှုမှာ အဓိကသံသယရှိသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။



အဆိုပါ သေဆုံးမှု ဖြစ်စဉ်ကို တရားခံ ရှာမတွေ့ဘဲ လွန်ခဲ့တဲ့ စနေနေ့က သံသယံရှိသူတစ်ဦးကို ရှာဖွေ ဖမ်းဆီးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ သူတို့ စုံစမ်းရေးအဖွဲ့အတွက် အမှတ်တရဖြစ်စရာ အကောင်းဆုံးနေ့ပါလို့ စုံစမ်းရေးအရာရှိ Schmaling ကပြောဆိုခဲ့ပါတယ်။

''ကြောင်စာဝယ်ရန်သွားသည့်အသက် ၁၃ နှစ်လေးအရွယ်မိန်း ကလေးသားမယားပြုကျင့်ခံရ''




မရမ်းကုန်းမြို့နယ်တွင် ကြောင်စာဝယ်ယူရန်သွားသည့် မိန်းကလေးတစ်ဦး သားမယား ပြုကျင့်ခံရသည် ဆိုကာ တိုင်ကြားမှု ဧပြီလ ၃ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ ဧပြီလ ၂ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် အသက် ၁၃ နှစ်လေးလအရွယ် မိန်းကလေး တစ်ဦး ကြောင်စာဝယ်ရန် အိမ်မှထွက်သွားခဲ့ပြီးပြန် မလာ သာဖြင့် မခင်ဖြစ်သူက လိုက်လံရှာ ဖွေခဲ့သည်။

သမီးဖြစ် သူကိုအိမ်နောက် ဖေးလမ်းကြားတွင်တွေ့ရှိသဖြင့် မေးမြန်းခဲ့ရာ လူမြင် လျင်မှတ်မိသူ
အမျိုးသားတစ်ဦးက သူငယ်ချင်းများ ခေါ်ခိုင်းသည်ဟုပြောဆိုကာ (၅) ရပ်ကွက် ဘုရင့်နောင်
လမ်းကြားသို့ခေါ်ခဲ့ပြီး သားမယားပြုကျင့်ခဲ့ကြောင်းသိရသည်ဟု ဆိုသည်။

သမီးဖြစ်သူကို သားမယား ပြုကျင့်သူကို လိုက်လံရှာဖွေခဲ့ရာ ပိတောက်ရွှေဝါ ဘုန်းကြီးကျောင်း
အနီးတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူမှာ အသက် ၂၀ အရွယ် ဇော်မင်းနိုင် ဖြစ်ကြောင်း
သိရသဖြင့် အရေး ယူပေးရန်တိုင်ကြားခဲ့သည်။ မရမ်းကုန်းနယ်မြေ ရဲစခန်းက(ပ)၁၀၄/၁၄ ပြစ်မှု
ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။

တိုးဝေအောင်

မြန်မာတိုင်း(မ်)

ဘန်ကောက်တွင် ရခိုင်အလုပ်သမား ဇနီးမောင်နှံ အသတ်ခံရ ” သွေးလန့်တတ်သူများ မကြည့်ရ”





ဘန်ကောက်မြို့၊ ဘန်ဘော်မြို့တွင် ရခိုင်အလုပ်သမား ဇနီးမောင်နှံ ၂ဦး ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညဥ့်နက်ပိုင်း က နေထိုင်ရာ အခန်းထဲတွင် သတ်ြ ဖတ်ခံခဲ့ရကြောင်း နာရေး ကူညီ နေကြသည့် ရခိုင်ပါတီဝင် များထံမှသိရသည်။

ဘန်ကောက်မြို့၊ အယ်ကချိုင်၇၆ လမ်း၊ တွင်ရှိသော အလုပ်သမား အဆောင် ဒုတိယထပ် အခန်း(၅) တွင် နေထိုင်ကြသည့် ရခိုင်အလုပ်သမား ဇနီးမောင်နှံနှစ်ဦးတို့သည် ပြီးခဲ့သည့် တနင်္ဂနွေ့နေ့ ညဥ့်နက်ပိုင်း အသတ်ခံခဲ့ ရပြီး အင်္ဂါနေ့က အခန်းမှ အပုပ်နံ့ ထွက်လာသဖြင့် သိရှိခဲ့ခြင်းဖြစ်ကြောင်း ဘန်ဘော် နယ်မြေရဲ အရာရှိက ပြောသည်။

အသတ်ခံရသူများမှာ အသက် ၂၈ နှစ်အရွယ် မောင်စောသန်း သည် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်၊ သိုင်းချောင်းအုပ်စု၊ ပဂျွိန်ချောင်းဖြားကျေး ရွာမှ ဦးဖိုးတုတ်(ခ) ဦးမောင်ထွီးစံ+ဒေါ်လှစော တို့၏ သားဖြစ်သည်။ အမျိုးသမီးမှာ အသက်၂၆ နှစ်အရွယ် မိဖြူ ဆိုသူဖြစ်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ မှ ဖြစ်ကြောင်း နာရေးကို ကူညီဆောင်ရွက်နေကြသည့် ရခိုင်အမျိုးသားပါတီ(အမြုတေ)ထိုင်းနိုင်ငံ၊ တာဝန်ရှိ သူများက ပြောသည်။

“ကျနော်တို့ မနေ့ကမှ ထိုင်းသတင်းမှာ ပါလာလို့သိရပါတယ်။ နယ်မြေခံရဲ စခန်း ကိုသွားပြီးတော့အလောင်း ထုတ်ယူရေးကိစ္စနဲ့ သဂြိုဟ်ဖို့ အစီအစဉ် တွေ လုပ်နေကြပါတယ်” ဟု ရခိုင်အမျိုးသားပါတီ(အမြုတေ) ဒု-ဥက္ကဌ ဦးမောင်မောင် ကပြောသည်။

သေဆုံးသည့်အလုပ်သမ၏ စက်ရုံမှ တာဝန်ရှိသူက လကုန်ရက် ကတည်းက ငွေလာမထုတ် သဖြင့် အတူတူအလုပ်လုပ်ကြသည့် အလုပ်သမား များအား ပြောသဖြင့် အလုပ်သမားများက အခန်းတံခါး ကိုခေါက်ကြရာအပုပ်နံ့ ရသဖြင့် အခန်းပိုင်ရှင်ကို အကြောင်းကြားခဲ့ကြသည်။ အခန်းပိုင်ရှင်က နယ်မြေရဲ များကို ခေါ်ယူ၍ အခန်းသော့ကို ဖျက်၍ ၀င်ကြည့်ကြရာ အမျိုးသား ရင်ဘတ်တွင် ထိုးသွင်းဓါးဒဏ်ရာ ၅ချက်နှင့် အမျိုး သမီး လည်ပင်းတွင် ပြချ ဒဏ်ရာတို့ဖြင့်သေဆုံးနေကြောင်း တွေ့ရှိခဲ့ကြရသည်။

သေဆုံးသည့်အလုပ်သမားများ၏ အလုပ်ရုံသို့ သွားရောက်စုံစမ်းရာ ယခု ရက်ပိုင်းအတွင်း အလုပ်သမား ၃ဦး ထွက်သွားကြောင်း၊ သို့ရာတွင် မည်သူ မည်ဝါဖြစ်ကြောင်း အလုပ်သမားများကို မှတ်တမ်းတင်ထားခြင်း မ ရှိကြောင်း အလုပ်ရုံမှ ထွက်ဆိုသည်ဟု ရဲကပြောသည်။ အလုပ်ရုံမှ မြန်မာနှင့်ရခိုင် အလုပ်သမား များ အား စစ်ဆေးရာတွင်လည်း မသိဟူ၍သာ ဘူးကွယ်နေကြ သဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ခက်ခဲ နိုင်ကြောင်း၊ မည်သည့်အတွက် ကြောင့် အသတ်ခံရသည်ကို ရဲများကပေါ်ပေါက်စေချင်ပြောသည်။

လာမည့် တနင်္ဂနွေနေ့(၂၀၁၄ ခု ဧပြီလ ၆ ရက်နေ့)၌ ဘန်ကောက်မြို့ ဖလန်းစောင်နယ်မြေ တွင် ရှိ သော ၀ပ်ထပ်ခမ်း(ဘုန်းကြီးကျောင်း) တွင် သဂြိုဟ် မည်ဖြစ်ကြောင်းသိရသည်။ နာမှု ကူညီလိုသူများ အနေဖြင့် ဥက္ကဌ ဦးခိုင်အံ့မောင် ၀၈၇ ၆၉၉ ၀၂၃၂ နှင့် ဒု-ဥက္ကဌ ဦးမောင်မောင် ၀၉၀ ၀၁၄ ၉၁၀၃ တို့ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

မြတ်ညို(အလွတ်သတင်းထောက်)

ရွှေလုပ်သား




တစ်ကိုယ်လုံးအရိုးများ ပေါ်လာသည့်တိုင် အသက် (၅) နှစ် အရွယ် ကလေးငယ် ကို အစာငတ်ခံ ထားခဲ့တဲ့ မိထွေးကို အရေးယူ




အမေရိကန် ပြည်ထောင်စု တက်ဆက်စ် ပြည်နယ် မှာ အသက် ငါးနှစ် အရွယ် ကလေး ငယ် တစ်ဦးကို မိထွေး ဖြစ်သူက ပိတ်လှောင် ပြီး အစာငတ်ခံ ထားခဲ့တာ မို့ ဖမ်းဆီး အရေး ယူခဲ့ တယ်လို့ သိ ရပါတယ်။ ဒီဖြစ် စဉ်မှာ ကလေးငယ် ရဲ့ ဖခင်လည်း ပါဝင် ပတ်သက်နေ လို့ စွဲချက် တင်ထား ပါတယ်။ အသက် (၃၃) နှစ်အရွယ် ရှိ တ(စ်)မီဟာ လက်ရှိအချိန်မှာ ကိုယ်ဝန်ဆောင်ထားတဲ့အပြင် သားသမီး ငါးဦးလည်း ရှိထားပါတယ်။ ဒါပေမဲ့ ယောက်ျား ဘက် က ပါလာတဲ့ ကလေးငယ် ကိုလှေကား အောက်က အခန်းထဲမှာ ပိတ်လှောင်ပြီး

ဘာ ကြောင့် အစာငတ်ခံထားရသလဲဆိုတဲ့ အ ကြောင်းအရင်းကို မသိရ သေးပါဘူး။
ကလေး ငယ်ဟာ အစာရေ စာပြတ် တောက် မှု ကြောင့် ရဲတပ်ဖွဲ့ ဝင်တွေ တွေ့ရှိချိန်မှာ အရိုး တွေတောင် မြင်နေ ခဲ့ရပါတယ်။ အိမ်နီးချင်း တစ်ဦးက ဖုန်း ဆက်တိုင်ကြားမှုကြောင့် ဒီဖြစ်စဉ်ကို ဖော် ထုတ်နိုင်တာဖြစ်ပြီး အိမ်ကို ရဲတွေရောက်လာ ချိန်မှာ မိထွေးဖြစ် သူဟာ ရှောင်ပြေးသွားခဲ့ တာမို့ လိုက်လံဖမ်းဆီးခဲ့ရပါတယ်။ ကလေး ငယ်ရဲ့ အဖေဖြစ်သူဟာ အသက်(၂၄) နှစ် သာ ရှိသေးပြီး ခိုးမှုနဲ့ထောင်ကျခဲ့ဖူးပြီး ခံဝန်ကတိ နဲ့ နေရသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကလေးငယ်ကို ဆေး ရုံကိုပို့ထားပြီး ဆေးဝါး ကုသပေးနေတယ်လို့ သိရပါတယ်။ တ(စ်)မီ ဟာ သူရဲ့ သားသမီး အရင်း တွေကိုလည်း ဘယ်လို ပြုမှုဆက်ဆံခဲ့သလဲဆိုတာ မေးခွန်းထုတ်ခံခဲ့ ရပြီး စုံစမ်းနေတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့  ၀င်တစ်ဦး က တော့ သူတာဝန်ထမ်းဆောင်ခဲ့ တဲ့ နှစ် (၃၀)ကာလအတွင်း ဒီလိုအကြင်နာ ကင်းမဲ့တဲ့အဖြစ်မျိုး လုံးဝမတွေ့ ဖူး ခဲ့ ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

ကျွန်မတို့ ဟာ အဓမ္မပြုကျင့် ခံရဖို့ ရောက်လာ သူတွေ မဟုတ်ပါဘူး





ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဘရာဇီး နိုင်ငံ မှာ ထူးခြားတဲ့ ကန့်ကွက် ဆန္ဒပြမှု တစ်ခု ပေါ် ပေါက်ခဲ့ပါတယ်။ ဒီဆန္ဒပြ မှုကို အမျိုးသမီး တွေက စတင် ဦးဆောင် ခဲ့ခြင်း ဖြစ်ပါတယ်။

တိတိ ကျကျ ပြောရရင်တော့ အမျိုးသမီး သတင်းထောက် နာနာ ကွီရော့စ် က စတင်ခဲ့ ခြင်း ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံ မှာပြုလုပ်ခဲ့တဲ့ လေ့လာမှု စစ်တမ်း တစ်ခု မှာ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုကြောင့် အဓမ္မအမှုတွေ (၆၆ ဒသမ ၅)ရာခိုင်နှုန်းအထိ ရှိနေခြင်း ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါကို ကန့် ကွက်တဲ့အနေနဲ့ အမျိုးသမီးတွေက ဆန့်ကျင် မှုတွေ ပြုလုပ်ခဲ့ခြင်း ဖြစ် ပါ တယ်။ အမျိုးသမီး တွေဟာ သူတို့ ရဲ့ လူမှု ကွန်ယက် ၀က်ဘ်ဆိုက် တွေမှာ မလုံ့တလုံအ၀တ်အစားတွေကို ၀တ် ဆင်ပြီး “ကျွန်မတို့ဟာ အဓမ္မပြုကျင့်ခံရဖို့ ရောက်လာသူတွေ မဟုတ်ပါဘူး လို့ စာတမ်း တွေ ရေးဆွဲကာ ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးကတော့ “အမျိုးသား တစ်ဦး အ၀တ်အစား မပါဘဲ ကိုယ်ဗလာနဲ့ လျှောက်သွားခဲ့လို့ရှိရင် သူ့ဆီမှာအကြောင်း အမျိုးမျိုးရှိနိုင်ပါတယ်။



ပူအိုက် လို့ ဘောလုံး သွားကစားဖို့စတဲ့ အ ကြောင်းတွေလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး မုဒိန်းမှုကိုလည်း ကျူးလွန်ဖို့ ဖြစ်နိုင်ပါတယ်။ ဘာကိုလုပ် မလဲဆို တာ သိသာထင်ရှားလွန်းပါတယ်” ဆိုတဲ့ စာသားကိုလည်း ရေးသား မှုပြု လုပ်ခဲ့ ပါတယ်။ ၀တ်စားဆင်ယင်မှု ကြောင့် မုဒိန်းမှု တွေဖြစ်နေရတဲ့အဆိုကို ဘရာဇီး နိုင်ငံ အတွင်း မှာရှိနေတဲ့ အဖွဲ့  အစည်း တစ်ခုက စစ်တမ်း ကောက် ယူမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါကို ဘရာဇီး အမျိုး သမီး တွေက လုံးဝလက်မခံဘဲ ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ နှစ်စဉ်မုဒိန်းမှုတွေ ဖြစ်ပွားမှု ဖြင့် တက်လာပြီး မုဒိန်းမှုရဲ့ (၁၀)ရာခိုင် နှုန်း ကိုသာ တိုင်ကြားမှု ပြုလုပ်ခဲ့တယ်လို့ သိရ ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေကို လိင် ပိုင်းဆိုင်ရာ စော် ကားမှုကလည်း မြင့်တက် လာပါ တယ်။



အမျိုးသမီးတွေဆန္ဒပြတာကို တင်ထားတဲ့ဆိုက်က ဒီလိုရေးထားပါတယ်။
ပုံတွေက အသက်အရွယ်တိုင်းကြည့်ဖို့ သင့်လျော်တဲ့ပုံတွေမဟုတ်လို့  ၁၈ ပြည့်မှ ကလစ်ပြီးကြည့်ပါလို့ ရေးထားပါတယ်။သိပ်အဆိုး ၀ါးကြီးမဟုတ်ပေမယ့်
နည်းနည်းရိုင်းလို့ အရွယ်တိုင်းအတွက်မသင့်လျော်ပါဘူး။

http://www.themeltingpot4u.com/2014/04/brazilian-women-bare-all-to-remind.html
 

လူသတ်မှုအပြင် ရဲတွေကိုခဲနဲ့ပေါက်မှုဖြင့် ကိုးလသားအရွယ်ကလေးကို တရားစွဲ




ကိုးလသားကလေးတစ်ဦးဟာ လူသတ်မှုတစ်ခုမှာ ပူးပေါင်းကြံစည်မှုနဲ့ ပါကစ္စတန် တရားရုံးတစ်ခုမှာ တရားရင်ဆိုင်နေရတယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။

လူသတ်မှုအပြင် ရဲကိုခဲနဲ့ပေါက်မှု၊ နိုင်ငံတော်အရေးကိစ္စများတွင် ဝင်ရောက်နှောင့်ယှက်မှုများနဲ့ ကိုးလသားအရွယ် Muhammad Mosa Khan ဟာ တရားရင်ဆိုင်နေရတာဖြစ်ပြီး ဒီအမှုဟာ တရားရုံးရဲ့အ ဆန်းကြယ်ဆုံးတွေထဲက တစ်မှုဖြစ်တယ်လို့ဆိုပါတယ်။



Punjab ပြည်နယ် Lahoreမြို့ရဲ့ သံသယရှိသူ ဂတ်စ်သူခိုးတွေကို ဖမ်းဖို့ရန်အတွက် ရဲများက စီးနင်းဖမ်းဆီးမှုတွေ လုပ်လာခဲ့ပြီးနောက်ပိုင်း အမှုတွေရင်ဆိုင်လာရတဲ့ အယောက် ၃၀ ကျော်ထဲမှာ ဒီကလေးလည်း တစ်ယောက်အပါအဝင် ဖြစ်လာခဲ့တာပါ။

WorldNews.tv ရဲ့ဗီဒီယိုတစ်ခုမှာ နို့ဘူးနဲ့ နဝေတိမ်တောင်ဖြစ်နေတဲ့ ကလေးကို လက်ဗွေနှိပ်တာတွေ ပြုလုပ်ပြီး တရားရုံးခန်းထဲကို သူ့အဖိုးက ချီလာခဲ့ပါတယ်။
သတင်းများအရ ဧပြီ၁၂ရက်နေ့ထိ ဒီကိုးလသားကို အာမခံပေးထားပါတယ်။
ဒီကိစ္စကို Punjab ပြည်နယ်ဝန်ကြီးချုပ်က ကြားဝင်လာခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် Muhammad Shahbaz Sharif က ဒီကိစ္စအတွက် ပြည်နယ်စုံစမ်းစစ်ဆေးရေးမှုးထံက ရှင်းလင်းချက်ကို တောင်းဆိုထားပြီး ဒီကလေးအပေါ် အမှုလုပ်ခဲ့တဲ့လူတွေကိုလည်း “လေးနက်သောဆောင်ရွက်ချက်” များ ပြုလုပ်ဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

ချစ်သူ ဈေးဝယ်တာကို စောင့်ရတာ စိတ်မရှည် တော့လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေ




တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်စုပြည်နယ် မှာဖြစ်ပွားခဲ့ တဲ့မှုခင်းတစ်ခုကတော့ ထူးခြား တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တာအိုဟာစီယာအို အမည်ရ တရုတ် အမျိုးသား တစ်ဦးဟာ ခရစ္စ မတ်အကြို အဖြစ် ချစ်သူဖြစ်သူ နဲ့အတူ ဈေး ၀ယ်ထွက် ခဲ့ကြပါတယ်။ တာအိုရဲ့ချစ်သူဟာ အ၀တ်အစားနဲ့ ဖက်ရှင် အသုံးအဆောင် ပစ္စည်း တွေကို ငါးနာရီကျော် အကြာအထိ ၀ယ်ယူမှု ပြုလုပ်ခဲ့ပါတယ်။

တာအိုဟာ ချစ်သူရဲ့ အပြု အမှုကို သည်းခံနိုင်ခြင်း မရှိတော့ဘဲ ဈေးဝယ် ခြင်းကိုရပ်တန့်ဖို့ တောင်းဆို ခဲ့ပါ တယ်။ ဒါပေ မဲ့ တာအိုရဲ့ချစ်သူက ဈေးဝယ်ခြင်းကို ဆက် လက်ပြုလုပ် ခဲ့ပါတယ်။ ဒီနောက် တာအိုဟာ သည်းမခံနိုင်တဲ့ အဆုံး ဈေးဝယ်စင်တာ လေသာ ဆောင်ကနေ ခုန်ချ သတ်သေမှု ပြုလုပ် သွားခဲ့ ပါတယ်။ အသက်(၃၈) နှစ်အရွယ်ရှိ တာအို ဟာ ချစ်သူရဲ့ အပြုအမှုကို သည်းမခံတဲ့ အဆုံး ဒီလိုပြုမှု သွားခြင်းဖြစ် တယ်လို့ မျက်မြင်သက် သေတွေက ထွက်ဆို ထားကြပါတယ်။

တာအို ဟာ ချစ်သူဖြစ်သူရဲ့ ဈေးဝယ်ရာကို တကောက် ကောက်လိုက်ပါရင်း အိတ်တွေပေါင်း မြောက် များစွာကိုလည်း ကိုင်တွယ်ပေး ခဲ့ရပါတယ်။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ ဈေးဝယ်ထွက် နေတဲ့ ချစ်သူရဲ့အပြုအမှုဟာ တာအိုကို များ စွာ စိတ်အနှောင့် အယှက်ဖြစ် စေခဲ့ပါတယ်။ တာအိုက ချစ်သူဖြစ် သူကို ထပ်မံပြီး ဆိုင်တွေ ကိုမသွား ရောက်ဖို့ တားမြစ်ခဲ့ရာမှ ပြောမရတဲ့ အဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ တာဖြစ်ပါတယ်။

မျက်မြင် သက်သေ တစ်ဦး က ““တာအိုဟာ သူ့ရဲ့ချစ်သူကို ဖိနပ်တွေဝယ် ယူတာ လုံလောက် နေပြီဖြစ် တယ်လို့ ပြော ကြားခဲ့ပါ တယ်။ နောက်ပြီး ဒီဖိနပ်တွေဟာ တစ်ဘ၀စာ ၀တ်လို့ ရနေပြီလို့ ပြောခဲ့ပါသေး တယ်။ ဒီအချိန်မှာ တာအိုရဲ့ချစ်သူက အော် ဟောက်မှု တွေပြုလုပ်ခဲ့ပါတယ်။ သိပ်မကြာမီ မှာ တာအိုဟာ အပေါ်ထပ်က နေ ခုန်ချ သတ် သေသွား ခဲ့တာဖြစ်ပါတယ်””လို့ ပြောသွားခဲ့ ပါတယ်။ ဈေးဝယ်စင်တာရဲ့ တာဝန်ရှိသူတစ် ဦးက တာအိုခုန်ချ မှုကြောင့် အခြားဈေးဝယ် သူတွေ ဒဏ်ရာ မရခဲ့ပေမယ့် ပစ္စည်း တချို့ ပျက် သွားခဲ့ကြောင်း ပြောကြား သွားခဲ့ပါတယ်။ တာအို အောက်ပြုတ် ကျသွားခဲ့ပြီး တဲ့နောက် မှာ ကယ်ဆေး ရေးအဖွဲ့ဝင်တွေ ရောက်ရှိလာ ပြီး ကယ်တင်မှု ပြုလုပ်ဖို့ ကြိုးစားခဲ့ ပေမယ့် အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွား ခဲ့တယ် လို့ သိရပါတယ်။

Monday, April 7, 2014

အမေ့ခြေရာ အမှီလိုက်တဲ့သမီး





မအေတူသမီးလေး

အနောက်နိုင်ငံတွေမှာ တိုးတက်မှုတွေနဲ့ အတူ လူတွေလည်း
စောစောစီးစီးအရွယ်ရောက်လာကြတယ်ထင်ပါရဲ့။ ဒီပုံမှာ ပါတာ ညီအစ်မ
မဟုတ်ပါဘူး မသိတဲ့ လူတွေကို သူတို့နှစ်ယောက်ကို ညီအစ်မလို့ပဲ မှတ်ထင်မိမှာပါ၊ သူတို့နှစ်ယောက်က သားအမိဖြစ်ပါတယ်။ မိခင်ဖြစ်သူ
Kathleen က ၁၂ နှစ်အရွယ်မှာ သူတို့အသိုင်းအဝိုင်းထဲက ၁၄ နှစ်အရွယ်
ကောင်လေးတစ်ယောက်နဲ့ မှားယွင်းခဲ့တာကြောင့် သမီးဖြစ်သူ Georgia Mossကို မွေးဖွားခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်နဲ့ ကလေးမွေးခဲ့တာကြောင့် ၁၉၈၈ ဗြိတိန်နိုင်ငံရဲ့ အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ အခုတော့ သမီးဖြစ်သူ Georgia Moss ကလည်း အမေခြေရာကို အမှီလိုက်ပြီး အသက် ၁၂နှစ် မှာ ခလေးမွေးခဲ့ပြီဖြစ်ပါတယ်။ ဘမျိုးဘိုးတူပြောမလား မိမျိုးဖွား တူပြောကြမလား....ဒါမှမဟုတ် လူမှာအမျိုး ကြက်မှာအရိုးပေါ့။ ကျန်ခဲ့တဲ့နှစ်တွေတုန်းကလည်း အသက် ၁၂ နှစ်နဲ့ ဗြိတိန်နိုင်ငံရဲ့ အငယ်ဆုံးဖခင် တစ်ယောက် ဖြစ်သွားတာလဲရှိခဲ့ဘူးပါတယ်။



အမေဖြစ်တဲ့သူ ၁၂ နှစ် အရွယ်တုန်းက

လူမျက်နှာနှင့်တူသော ငါးကို အမေရိကန်တွင်ဖမ်းမိ




ဤအခြင်းအရာကို သင်တွေ့လိုက်ရတဲ့အချိန်မှာ သင့်ကို ရုတ်တရက် ထိတ်လန့်စေမှာလား ။ ဒါမှမဟုတ် မယုံနိုင်အောင် အံ့အားသင့်စေမှာလား ဆိုတာသင်ကိုယ်တိုင်ပဲ သိလိမ့်မယ်။
အမေရိကန်နိုင်ငံ HARTSVILLE South Carolina ရေကန် မှာ ရှစ်နှစ်အရွယ်ကောင်လေးနဲ့ သူ့အဖိုးဖြစ်သူတို့ဟာ ရာစုနှစ်အတွင်း မည်သူမျှတွေ့မြင်ဖူးခြင်းမရှိသော လူမျက်နှာနှင့်တူတဲ့ ငါးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဏ္ဏဝါဗေဒ ပညာရှင်ကတော့ တော်တော်ကြောက်ဖို့ကောင်းတဲ့ ဖန်ဆင်းမှုပဲလို့ဆိုပါတယ်။
ဒီလို အံ့သြဖွယ်ရာ နှာခေါင်း၊ပါးစပ်၊သွားတွေ အပြင် လူမျက်နှာနဲ့ တူတဲ့ငါးကို အရင်က တစ်ခါမှ မတွေ့ဖူးခဲ့ဘူးလို့ သူက ဆိုပါတယ်။ပြီးခဲ့တဲ့ရာစုနှစ်အတွင်း ဒီ တောင်အမေရိက နိုင်ငံမှာ မျိုးရိုးဗီဇ
ပြောင်းလဲမှုနဲ့ သဘာဝမဟုတ်တဲ့ပတ်ဝန်းကျင်ပြောင်းလဲမှုဆိုင်ရာဖြစ်ရပ်တွေမတွေ့ဖူးခဲ့ပါဘူးလို့ နာမည်ကျော် ပုံမှန်မဟုတ်တဲ့ သားရိုင်းတိရစ္ဆာန် နဲ့ အဏ္ဏဝါဗေဒ ပညာဆိုင်ရာသိပ္ပံပညာရှင် ဒေါက်တာ Gregory Hickensကပြောဆိုခဲ့ပါတယ်။ ဒီလို ထူးဆန်းပြီးဘယ်သူမှမတွေ့ဖူးတဲ့ ငါးကိုဖမ်းမိတာကတော့ အဖိုးအဖွားတွေဆီကို ခေတ္တအလည်ရောက်လာတဲ့ Aaron Krendell ဆိုတဲ့ကောင်လေးငယ်
တစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုငါးမျိုးကို အရင်တုန်းက တစ်ခါမှမတွေ့ဖူးပါဘူးလို့ကောင်လေးက
ဆိုပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိတဲ့ အဖိုးဖြစ်သူ Clayton က ၇ လက်မခွဲ အရွယ်အစားရှိတဲ့ ငါးကို သူ့ရဲ့ငါးမျှားတံကနေ ကူညီပြီး ဆွဲပေးခဲ့ရပါတယ်။ သူတစ်ယောက်တည်း ငါးကို ကူညီပြီးတော့
ဆွဲပေးခဲ့တဲ့အချိန်မှာ ငါးရဲ့အရွယ်အစားကို ငါးအရွယ်အစား အနည်းငယ်ကြီးမယ်ဆိုတာ သိလိုက်လို့ သူ့ကိုတောင် မင်း တော်တော် တော်တဲ့ တံငါသည် လေးပဲ လို့တောင် ပြောခဲ့သေးတယ်လို့ အဖိုးဖြစ်သူက ဆိုပါတယ်။ Aaron က ငါးကို မြှောက်ပြီး အဖိုးရေ....ကြည့်ပါဦး ။ ဒီငါးက အန်ကယ် Steve နဲ့တောင်တူတယ်လို့ ပြောပါတယ်။ အဲဒီတုန်းက တော်တော်နောက်တဲ့ကလေးပဲလို့ သူ့ကိုထင်လိုက်သေးတယ်။ အဲဒီနောက် ငါးကို ကျွန်တော့ဘက်ဆွဲလှဲ့လိုက်တဲ့ အချိန်မှာ အသက်ရှူမှားမတတ်ဖြစ်ပြီး ကြောက်ဖို့ကောင်းတဲ့ငါးကို လန့်ပြီးပစ်ချမိလိုက်ပါတယ်။
ကျွန်တော့ကို နှလုံးရောဂါရမတတ်ဖြစ်စေတဲ့အချက်ကတော့ အဲဒီငါးနှုတ်ခမ်းက စကားပြောတော့မလို လှုပ်ရှားနေတာပါပဲ။ အဲဒီငါးကို ခြင်းထဲထည့်လိုက်တဲ့အချိန်
ရင်တုန်ပန်းတုန်ဖြစ်ပြီးနောက်ဒီလို
ငါးမျိုးဘယ်တော့မှ မတွေ့ပါစေနဲ့လို့ဆုတောင်းမိလိုက်တယ်။ ပြီးတော့ ငါးကို ပြန်ယူသွားပြီး
နားလည်တတ်ကျွမ်းတဲ့ သူတွေကို ပြသချင်တယ်။
ဖြစ်ချင်တော့ သူတို့မြို့က တက္ကသိုလ်မှာ ငါးနဲ့သားရိုင်းတိရစ္ဆာန် ပညာရှင် ပရော်ဖက်ဆာ Pal နဲ့ ဆက်သွယ်မိတယ်။ အဲဒီလို လူမျက်နှာနဲ့တူတဲ့ငါးမျိုးဖမ်းမိတယ်လို့ပြောရင် သူများတွေက ကောလဟာလ လို့ ပြောမှာစိုးလို့ ယူလာပြရတာပါလို့ Gregory Hickens ကဆိုပါတယ်။
တစ်ခုဖြစ်နိုင်ခြေရှိတာကတော့ နြူးကလီးယားစမ်းသပ်မှုတွေနဲ့ ရေဒီယို သတ္တိကြွ စွန့်ပစ် ပစ္စည်းတွေကြောင့်
ဒီငါး မျိုးရိုးဗီဇပြောင်းလဲသွားတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

Related Posts Plugin for WordPress, Blogger...