Monday, August 26, 2013

Sony Xperia Z1 သတင်းများထွက်ရှိ



Sony က တရားဝင်ကြေညာခြင်း မဟုတ်ပေမယ့် Sony Xperia Z1 နဲ့ ပက်သက်တဲ့ သတင်း များကတော့ ထွက်ရှိနေပြီ ဖြစ်ပါတယ်။

ရေစိုခံ Xperia Z ထွက်တုန်းက ကမ္ဘာဈေးကွက်အပြင် မြန်မာပြည် ဈေး ကွက် မှာပါ ရေပန်းစားလူကြိုက် များခဲ့ပါတယ်။ ယနေ့အထိလည်း ရေပန်း စားနေဆဲ ဖြစ်ပါတယ်။ ရေစိုခံမှု အချက် တစ်ခုအပြင် ကင်မရာ ကောင်းမွန် မှု ကြောင့်လည်း ပါဝင်ပါတယ်။ နောက်ထပ် ထွက်ရှိမယ့် Xperia Z1 က ပိုလို တောင် ကင်မရာ ကောင်းမှာပါ။ 20 Megapixel အထက်မှာရှိပြီး လက်ရှိ Nokia 1020 နဲ့တောင် ယှဉ်ပြိုင်နိုင်မယ့် ရုပ်ထွက် အရည်အသွေး ရှိမယ်လို့ ပြောဆိုလျက် ရှိကြ ပါတယ်။

အရောင်အားဖြင့် အဖြူ၊ အနက်၊ ခရမ်းရောင်တို့ နဲ့ ထွက်ရှိမယ့် Xepria Z1 ရဲ့  Specification အချို့ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Snapdragon 800 quad-core chip
2GB of RAM
16GB of storage (expandable through microSD)
3,000mAh battery
2 MP for video call (front facing)
4G LTE , NFC

ဒါက Sony ရဲ့  Official ပြောကြားချက် မဟုတ်သေးပါဘူး။ လာမယ့် စက်တင်ဘာလ ၄ ရက်မှာပဲ Sony လည်း Press Event တစ်ခု ရှိတာမို့ Xperia Z1 နဲ့ ပက်သက်တဲ့ သတင်း အစုံအလင် သိရဖို့ အခွင့်အလမ်း များကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...