Tuesday, September 17, 2013

ဗုဒ္ဓဆာယာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့ တစ်နှစ်တာ ထောက်ပံ့ကြေး နှင့် အာဟာရဒါန လှူဒါန်း




မန္တလေး ၊ ၁၇-၉-၂၀၁၃

မန္တလေးတိုင်း ဒေသကြီး ၊ ပုသိမ်ကြီး မြို့နယ် ၊ ရေထွက်ကျေးရွာ အုပ်စု ၊ ဗုဒ္ဓဆာယာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ယူနန် ပြည်နယ် တက်ဟုန်း ပြည်နယ်ခွဲ အစိုးရ ကိုယ်စားလှယ် အဖွဲ့မှ သန့်စင်ခန်း လေးခန်း ၊ ရေတင်စက် အင်ဂျင် တစ်လုံး ၊ စာသင်ခုံ ၊ စာရေး ကိရိယာ ၊ ဆရာမများ အတွက် တစ်နှစ်တာ ထောက်ပံ့ကြေး နှင့် အာဟာရ ဒါနပြု လှူဒါန်းခြင်း ကို ယမန်နေ့ က အဆိုပါ ကျောင်း၌ ပြုလုပ် ကြောင်း သိရသည်။

ရှေးဦးစွာ ဗုဒ္ဓဆာယာကျောင်း ဆရာတော် ဘဒ္ဒန္တ သောဘဏ က အဖွင့် သြဝါဒ မိန့်ကြားပြီး အလှူရှင် အဖွဲ့ကိုယ်စား ဦးကြည်စိန် က လှူဒါန်း ရခြင်း အကြောင်း ရှင်းလင်း ပြောကြားသည်။ အလှူရှင် စီးပွားရေး ကောင်စစ်ဝန် Mr. Li Qigui နှင့် ကိုယ်စားလှယ် အဖွဲ့မှ ကျောင်းသား ကျောင်းသူ ၄၃ ဦးတို့အား ကျောပိုးအိတ် နှင့် စာရေး ကိရိယာများ ပေးအပ် ပြီး ဆရာမ သုံးဦး အတွက် တစ်လလျှင် ငွေကျပ် နှစ်သောင်း (တစ်နှစ်စာ) ၊ နဝကမ္မ ဝတ္ထုငွေ ၊ လှူဖွယ် ပစ္စည်းများ စုစုပေါင်း ငွေကျပ်သိန်း ၆ဝ လှူဒါန်းရာ ဆရာတော် က ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကာ မှတ်တမ်း တင်ဓာတ်ပုံ များ ရိုက်ကူး ကြကြောင်း သိရှိရသည်။ ( THO )

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...