Tuesday, September 17, 2013

(ခ)လိုင်စင် ပြုလုပ်သူများ များပြားလာ



ရန်ကုန် ၊ ၁၇-၉-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ၊ အရှေ့ပိုင်း ခရိုင် ( ရွာသာကြီး) ရှိ ကုန်းလမ်း ပို့ဆောင်ရေး နှင့် ညွှန်ကြားမှု ဦးစီးဌာန တွင် ယာဉ်မောင်း လိုင်စင် လာရောက် ဖြေဆို သူဦးရေမှာ ၂၀၁၂ ခုနှစ်ကထက် တစ်ရက်လျှင် ပျမ်းမျှ ၂၀၀ ၀န်းကျင် အထိ လာရောက် လျှောက်ထား ကြကြောင်း သိရသည်။


(ခ) လိုင်စင် သည် လက်တွေ့ လုပ်ငန်းခွင် ၀င်လို သူများအတွက် အရေးကြီးသည့် လိုင်စင် တစ်ခု ဖြစ်ကြောင်း ၊ ယခု နောက်ပိုင်း အလုပ်ခေါ် စာ အများ အပြား ၌ ယာဉ်မောင်း တတ်သူများကို ဦးစားပေး ခန့်ထားသည့် စနစ်ကြောင့် ယာဉ်မောင်း လိုင်စင် ဖြေဆိုသူ ဦးရေ များပြား လာခြင်း ဖြစ်ကြောင်း ၊ လာရောက် ဖြေဆိုသူများ ထဲတွင် စာတွေ့တွင် အများစု အောင်ကြပြီး လက်တွေ့ ဖြေဆိုချိန် တွင် အောင်မြင်မှု မရကြကြောင်း လည်း သိရသည်။


ရန်ကုန်တိုင်း ဒေသကြီး အတွင်း ယာဉ်မောင်း လိုင်စင် ပိုင်ဆိုင်သူ ဦးရေ ၂၀၁၂ ခုနှစ်တွင် ၅ သိန်း နီးပါး ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် တွင် ၅ သိန်း ၈ သောင်း ၀န်းကျင် အထိ မြင့်တက် လာကြောင်း ကညန ( ရွာသာကြီး) မှ စာရင်းများ အရ သိရှိရသည်။ (၄၀၁)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...