Tuesday, September 17, 2013

ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် မုန်တိုင်း USAGI-17W ဖြစ်ပေါ်လျှက်ရှိ


By mmweather.ygn, on September 17th, 2013

ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 17W သည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိကာ အပြည်ပြည်ဆိုင်ရာအမည် USAGI ဟု ပေးထားပြီဖြစ်ပါသည်။

မုန်တိုင်း USAGI(17W)သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းနှင့် တရုတ်(ထိုင်ဝမ်ကျွန်း)တောင်ဘက်မှ စက်တင်ဘာလ ၂၁ ရက်နောက်ပိုင်းတွင် ဖြတ်သန်းကာ တောင်တရုတ်ပင်လယ် မြောက်ပိုင်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်း USAGI သည် စက်တင်ဘာလ ၂၁ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် အင်အားအကောင်းဆုံး အခြေအနေ(အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း – CAT2 – မုန်တိုင်းဗဟို လေတိုက်နှုန်း တစ်နာရီ 90 knots – 103.5 mph)သို့ ရောက်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

နောက်ဆုံးရ အချက်အလက်များအရ စက်တင်ဘာလ ၁၇ ရက်၊ မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် မုန်တိုင်း USAGI သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အရှေ့-အရှေ့မြောက်ဘက် မိုင် ၇၄ဝ ခန့်တွင် တည်ရှိနေပြီး အနောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်း – 17W USAGI
17 Sep 2013 0000Z
Location: 17.5 131.7
Winds: 30 knots
Central Pressure: 1000 hPa

တောင်တရုတ်ပင်လယ်တွင်လည်း လေဖိအားနည်းဆဲလ် INVEST 90W ဖြစ်ပေါ်လျှက်ရှိပြီး ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် ၂၇၅ မိုင်ခန့်တွင် ဗဟိုပြုလျှက်ရှိကာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။ INVEST 90W သည်လည်း ပိုမိုအားကောင်းလာပြီး ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်လာနိုင်ခြေအဆင့် MEDIUM ဖြစ်ကြောင်း JTWC မှ သတိပေးချက် ထုတ်ပြန်ထားပါသည်။

THE AREA OF CONVECTION PREVIOUSLY LOCATED NEAR 16.3N 113.2E, IS NOW LOCATED NEAR 15.3N 112.5E, APPROXIMATELY 290 NM EAST-SOUTHEAST OF HUE, VIETNAM. ANIMATED ENHANCED INFRARED SATELLITE IMAGERY (EIR) DEPICTS A FULLY-EXPOSED, BROAD LOW LEVEL CIRCULATION CENTER (LLCC) WITH PERSISTENT DEEP CONVECTION OVER THE WEST QUADRANT OF THE LLCC. A 161541Z OSCAT IMAGE SHOWS AN ELONGATED BUT DEFINED CIRCULATION WITH 15 TO 20 KNOT WINDS OVER THE SOUTH QUADRANT AND ALSO DISPLACED WELL NORTH OF THE CENTER. UPPER LEVEL ANALYSIS INDICATES THAT THE LLCC IS LOCATED IN A MARGINAL ENVIRONMENT, JUST SOUTH OF THE UPPER-LEVEL RIDGE AXIS, WITH DIFFLUENT EASTERLY FLOW AND WEAK TO MODERATE VERTICAL WIND SHEAR. MAXIMUM SUSTAINED SURFACE WINDS ARE ESTIMATED AT 15 TO 20 KNOTS. MINIMUM SEA LEVEL PRESSURE IS ESTIMATED TO BE NEAR 1004 MB. THE POTENTIAL FOR THE DEVELOPMENT OF A SIGNIFICANT TROPICAL CYCLONE WITHIN THE NEXT 24 HOURS REMAINS MEDIUM.

တောင်တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင်ပင်လယ်တို့ရှိ မုန်တိုင်းများ အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်တွင် မုတ်သုန်လေအား ဆက်လက် ကောင်းနေဦးမည်ဖြစ်ပြီး မြန်မာနိုင်ငံ အောက်ပိုင်းဒေသများအတွက် မိုးပိုနေဦးမည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်။(ပုံ-၂ နှင့် ပုံ-၃)









20SEP-0330MST-TRMM


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...