Tuesday, September 17, 2013
နစ်ဆန်းက မြန်မာနိုင်ငံတွင် ကားငယ်များနှင့် ထရပ်ကားများ ထုတ်လုပ်တော့မည်
ဂျပန်နိုင်ငံရှိ နစ်ဆန်း ကားတပ်ဆင်စက်ရုံ ကိုတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
Tuesday, 17 September 2013
 ဂျပန် ကားကုမ္ပဏီကြီးဖြစ်သော နစ် ဆန်းက မလေးရှားကုမ္ပဏီ တစ်ခု နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ကားငယ်များနှင့် ထရပ်ကားများ ယခုနှစ်အတွင်း စောနိုင်သမျှစော စော ထုတ်လုပ်တော့မည်ဖြစ် ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိ နိကေးစီးပွားရေးသတင်းစာ က ယနေ့ရေးသားလိုက်သည်။
နစ်ဆန်းကား ကုမ္ပဏီသည် မလေးရှားနိုင်ငံ တန်ချောင်းမော် တော်ကားဟိုးဒင်းကုမ္ပဏီနှင့် ပူး ပေါင်းကာ ကားငယ်များနှင့် ပစ် ကပ်ထရပ်ကားများကို တစ်နှစ် လျှင် ထောင်ချီထုတ်လုပ်တော့ မည်ဖြစ်ကြောင်း ထိုသတင်းစာ က ရေးသားသည်။
မြန်မာ နိုင်ငံ တွင် အစိုးရသစ် တက်ပြီးနောက်ပိုင်း ဂျပန်ဆူဇူကီး ကားကုမ္ပဏီအပါအဝင် အမေရိ ကန်ကားကုမ္ပဏီများက ဈေးကွက် ဝင်ရောက်နေသော်လည်း နစ် ဆန်းအနေဖြင့် ကားအများဆုံး ထုတ်လုပ်မည့် ကုမ္ပဏီကြီးအဖြစ် ရှိလာ မည်ဖြစ် ကြောင်း သိရသည်။
နစ်ဆန်း၏ လုပ်ဖော်ကိုင် ဖက် တန်ချောင်းကုမ္ပဏီက ကား တပ်ဆင်စက်ရုံ တည်ဆောက် ပေးဖွယ်ရှိပြီး အရှေ့တောင်အာရှ နှင့် အခြားနေရာများရှိ နစ်ဆန်း စက်ရုံများမှ ကားအစိတ်အပိုင်း များကို မြန်မာနိုင်ငံသို့တင်ပို့ကာ အဆိုပါတပ်ဆင် စက်ရုံ မှ တပ်ဆင် ထုတ်လုပ်ပေးမည်ဟု သိရသည်။ လူဦးရေ ၆၃သန်းခန့်ရှိ သော မြန်မာနိုင်ငံတွင် ကားပိုင် သူများမှာ ၂.၃၆သန်းခန့်သာ ရှိကြောင်း နိကေးသတင်းစာက ရေးသားသည်။
0 comments:
Post a Comment
Related Posts Plugin for WordPress, Blogger...