Tuesday, September 17, 2013

ဆယ်ကျော် သက် အိမ်မက် နဲ့ လက်တွေ့ ဘဝ ထပ်တူ ကျတယ် ဆိုတဲ့ ဖြူထိပ်ထား




လူတိုင်း လူတိုင်း မှာ ဆယ် ကျော်သက် ဘဝ က ဖြစ်ချင် ခဲ့တဲ့ စိတ် ကူးတွေ၊ မျှော်လင့်ချက် တွေရှိခဲ့ ကြမယ် ထင် ပါတယ်။ တချို့ လည်း ကိုယ်ဖြစ် ချင် တဲ့ စိတ်ကူး အတိုင်း ဖြစ်ခဲ့ တာရှိ သလို၊ တချို့ လည်း စိတ် ကူး နဲ့ ထပ်တူ မကျ တဲ့ လက်တွေ့ ဘဝ ကို ရောက်နေ ကြရတာ တွေရှိ ပါတယ်။ ဆယ်ကျော် သက် အရွယ် တုန်း က ဖြစ်ချင် ခဲ့ တာ ဘယ် လို.. ဆိုပြီး ပရိသတ် စိတ်ဝင် စား မယ့် အနု ပညာရှင် များရဲ့ဆယ်ကျော် သက် ဘဝက စိတ်ကူးတွေ အကြောင်း ကို တင်ဆက်ပေး လိုက် ပါ တယ်။

ဆယ်ကျော် သက် တုန်း က အဆိုတော် မင်းသမီး ဖြစ်ချင် ခဲ့တာ

ဆယ်ကျော် သက် တုန်း က အ ဆိုတော် လည်း ဖြစ်ချင် တယ်။ မင်း သမီး လည်းဖြစ် ချင်တယ် ။ နှစ် ခု စ လုံး အရမ်းဖြစ် ချင် ခဲ့တာ။ ငယ်ငယ် လေး ကတည်း က အ ဆိုတော်မင်း သမီးပဲဖြစ် ချင် ခဲ့ တယ်။ ဆယ် ကျော်သက် ကအိပ်မက်တွေ နဲ့ လက် ရှိ ဘဝက ထပ်တူကျ တယ်။ ကိုယ်ဖြစ် ချင် တဲ့ လမ်းကြောင်းပေါ်ရောက် လာ တဲ့ အတွက် ဖြစ်ချင်တဲ့ အတိုင်းဖြစ် ပါ တယ်။

ဆယ်ကျော် သက် တုန်းက အိပ်မက်တွေ ကို လက်တွေ့ ဘဝ မှာ အကောင် အထည် မဖော်နိုင် တဲ့ သူတွေကို အကြံပေး စကား

လောကကြီး မှာ တစ်ခါ တလေ ဖြစ်ချင်တာ ထက် ဖြစ်သင့် တာ ကို ဦး စားပေး ပြီး လုပ်ရ တယ်။ ကိုယ် ကဖြစ် ချင် တာကို မလုပ်ရ ဘဲ ဖြစ်သင့် တာ ကို လုပ်ရတဲ့ အတွက် တစ်ခါတလေ စိတ်ညစ် မယ်။ ဒီ အလုပ် ကို ကိုယ်က မလုပ် ချင်တော့ နည်းနည်းလေး ဒီ အလုပ် မှာ ပြဿနာ တစ်ခုခုဖြစ် လိုက် တာနဲ့ ဒီ အလုပ် က ငါနဲ့မှ အဆင် မပြေ တာ။ ဒါကြောင့် ဟို အလုပ် ကို လုပ်ချင် တာ။ အဲဒီ လို မျိုးတွေဖြစ် တာပေါ့။ ဘယ် အလုပ် မဆို အခက် အခဲ ရှိ တာပဲ။ ကိုယ် ဝါသနာ ပါလို့ အ ခက် အခဲ မရှိတာ မဟုတ်ဘူး။ ဝါသ နာ ပါတဲ့ အလုပ် ပဲဖြစ်ဖြစ်၊ ကိုယ်ဝါ သနာ မပါတဲ့ အလုပ် ပဲဖြစ်ဖြစ် အ ခက်အခဲ ဆိုတာ အမြဲတမ်း ရှိတယ်။ ကိုယ် ဝါသနာ မပါပေ မယ့် အခုလုပ် နေတဲ့ အလုပ်ထဲ မှာ စိတ်နှစ် ထားလိုက် ပါ။ စိတ်ဓာတ် မကျပါနဲ့။ ဘာဖြစ် လို့လဲ ဆိုတော့ ဒီအလုပ် က ကိုယ်နဲ့ သင့်ေ တာ် လို့၊ ကိုယ့် ကံကြမ္မာ ပါလာ လို့ လုပ်ရတဲ့ အတွက် အလုပ် ကို စိတ် နှစ် လိုက် ရင် အကုန်လုံး က အဆင် ပြေ သွား မှာပါ။

ကိုယ်မျှော်လင့် ထား တဲ့ နေရာ ကို ရောက် ဖို့ စိတ်တိုင်း မကျသေး ဘူး

အခု လက်ရှိ အနေ အထား ကို မကျေ နပ်သေး ပါဘူး။ ကိုယ်မျှော် လင့် ထားတဲ့နေရာ တစ်နေရာ၊ ကိုယ် မျှော်လင့် ထားတာ တစ်ခု ရှိတယ်။ အဲဒီမျှော်လင့် ထားတဲ့နေရာ ကို ရောက်ဖို့ အတွက် စိတ် တိုင်း မကျ သေး ဘူး။

ဆယ်ကျော် သက် တုန်းက ထိန်းချုပ် ခံရ တာတော့ မရှိဘူး

ဆယ်ကျော် သက် တုန်း က မိဘ တွေ ထိန်းချုပ် တာ မခံ ခဲ့ရ ပါဘူး။ ဒါ ပေမဲ့ တစ်ချိန် လုံး လည်း ရိုက်နေ ရ တာပဲ။ တစ်ခါတလေ ကန်တော် ကြီး မှာ သူငယ်ချင်းတွေ နဲ့ သီချင်း ဆို တယ်။ သီ ချင်းေ တွ ရေး တယ်။ မိန်း ကလေးကျောင်း တက်တာ ဆိုတော့ ဖြူပေါင်း တဲ့ သူငယ်ချင်းတွေ က ယောက်ျား လျာတွေလေ။ယောက်ျား လျာ ဆိုတော့ သူတို့က ဂစ်တာတီး တတ် တယ်။ အဲဒီလို ဆိုတော့ ကျောင်း ဆိုရင် လည်းပြေး လိုက် တယ်။ သီချင်းတွေ သွား ဆို ကြတော့ အမေ ကပြန်လာ ရင် ရိုက်တာတော့ ရှိ တယ်။ ဟို မသွားရ၊ ဒီ မသွားရ ဆို ပြီးတော့ မ ရှိဘူး။ ငယ်ငယ် က ဆိုရင် စိုင်း စိုင်း ခမ်းလှိုင်ရှိုး ဆို ဆယ်တန်းဖြေ ခါနီး အထိ သွားတယ်။

ဆိုးသွမ်းနေ တယ် ဆိုရင်တော့ ဘယ်မိဘက လွတ်လပ်ခွင့်ပေး မှာလဲ

မိဘတွေ က သားသမီး ဘာ ဖြစ်ချင်လဲ ဆိုတာ ကြည့်ဖို့ လိုသလို၊ သားသမီးတွေ ကလည်း မိဘေ တွ ငါ့ကို ဘယ်လို အတိုင်းအတာ ထိဖြစ် စေချင် တာလဲ ဆိုတာ ကို လည်း သိဖို့ လိုတယ်။ မိဘ စကား ကို လည်းနား ထောင် ရမယ်။ ကိုယ် က အရမ်းဆိုး သွမ်းနေ တယ် ဆိုရင်တော့ ဘယ်မိ ဘ က လွတ်လပ် ခွင့်ပေး မှာလဲ။ မိဘ တွေ လည်းအမြင် ကြည် ရမယ်။ ကိုယ် လုပ်ချင်တာ ကို ကိုယ် လုပ် လို့ ရအောင် လို့ နေတတ်၊ ထိုင်တတ် မယ် ဆိုရင် ဘယ် မိဘ ကမှ ခွင့်မပြု တာ မရှိပါဘူး။

အမှား သိမှ အမှန်ပြင်နိုင် မှာ ဆိုတော့ လွှတ်ပေး သင့်တဲ့ ကိစ္စ ကို လွှတ်ပေးပါ

မိဘတွေ ကတော့ သူတို့ အရင် က ကြုံတွေ့ လာရတဲ့ အခက် အခဲတွေ ကို သိနေတော့ ကိုယ့် သား သမီး ကို အခက် အခဲတွေ မကြုံတွေ့စေ ချင်ဘူး ပေါ့။ သူတို့ ကတော့ ကြိုမြင် တာပေါ့။ ဒါပေ မဲ့ လည်း လူငယ်တွေ က အဲဒီ အခက်အခဲ ကို သိတော့ မှပဲ တစ်ခါ တလေ အမှား သိမှ အမှန်ပြ င်နိုင် တဲ့ လူတွေ ရှိတယ်။ အရမ်း ကြီး တဲ့အ မှားတော့ မဟုတ်ပေ မယ့် မိဘက ဒီ အမှားလေးတွေ လုပ်ဖို့ လွှတ်ပေး လိုက် မယ် ဆိုရင် မှားတာ သိမှ အမှန် ပြင်လို့ ရမှာလေ။ မိဘတွေ က လွှတ် ပေး သင့်တဲ့ ကိစ္စ ကျရင် လွှတ်ပေး ရ တယ်။ မိဘနဲ့ သားသမီး အလျော့ အတင်း ပုံစံမျိုးလေး နဲ့ သွား သင့် ပါ တယ် လို့အ ကြံပေး ချင် ပါတယ်။

8 Days

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...