Tuesday, September 24, 2013

အိုက်တင်မှာ မြန်မာလူမျိုးတွေက မညံ့ပါဘူးဆိုတဲ့ အေးမြတ်သူ





အးမြတ်သူက ပြည်ပခရီး တွေသွားရင်းနဲ့ အနုပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို လေ့လာဖြစ်ခဲ့ သလို ပြည်ပနိုင်ငံတွေရဲ့ဆက်တင်ပစ္စည်း တွေနဲ့ပတ်သက်ပြီးလည်း လေ့ လာဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်း နိုင်ငံသွားရင်းနဲ့ အမှတ်မထင်ဘဲ ရိုက်ကွင်းတစ်ခု ကို တွေ့ကြုံခဲ့ပြီး လေ့လာဖြစ်ခဲ့ တယ်လို့ ဆိုလာတဲ့ အေးမြတ်သူက " ခရီးသွားရင်း နဲ့ ထိုင်းမှာ ရိုက်ကွင်း တစ်ခု ကြုံခဲ့ရတယ်။ အနီးကပ်ကို တွေ့ခဲ့ရတယ်။
သူတို့ဆီက အကနည်းပညာ ကောင်းတယ်။ သုံးတဲ့ပစ္စည်းကောင်းတယ်။ အိုက်တင်ပညာ အရပြောရရင် ကိုယ်တွေလည်း အဲဒီလောက် တော့ လုပ်တတ်ပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာက စက်ပစ္စည်း တွေ အရည်အသွေးကောင်း တာတစ်ခုပဲ ရှိပါတယ်။ တခြား အိုက်တင်ပိုင်း ကတော့ ဒီက သရုပ်ဆောင်တွေလည်း အိုက်တင်နဲ့ ပတ်သက်ပြီး သူတို့လိုပဲ လုပ်နိုင်ကြပါတယ်။ အိုက်တင် ပိုင်းတော့ မညံ့ကြပါဘူး။ ဒါပေ မဲ့ တစ်ခါတလေကျရင်တော့ ကိုယ်မွေးဖွား လာတဲ့ နေရာ ဒေသ၊ လူမျိုး၊ အကျင့်စရိုက် အလေ့အထနဲ့သာ အိုက်တင်တွေက ကွဲလွဲမှုတွေရှိနိုင်တယ်။ အိုက်တင်နဲ့ပတ်သက်ပြီး ဗမာလူမျိုးတွေက မညံ့ပါဘူး။ အကုန်လုပ်နိုင်ပါတယ်။ နေရာ ဒေသ အနှံ့ပြောင်းလဲသွားလို့ သာအိုက်တင်ပုံစံတွေကကွဲလွဲသွားတာပါ" လို့ ပြောပါတယ်။
ပရိသတ်တွေရဲ့ အားနဲ့ပဲကြိုးစား နေရပါတယ်လို့ပြောလာတဲ့ အေးမြတ်သူက " အမှန်အတိုင်းပြော ရရင် ပရိသတ် အားနဲ့ တက်ရတာပါပဲ။ ဒီနှစ်ပိုင်းတွေ ပြောရရင် ပရိသတ်တွေ ဆိုတာ ပြည်သူတွေပဲ။ လူအားလုံး ကျပ်တည်းပြီး ကိုယ့်အခက်အခဲနဲ့ ကိုယ်ဖြစ်နေကြတယ်။ အဲဒီ အတွက်လည်းကိုယ်နဲ့ တိုက်ရိုက်ကို သက်ရောက်မှု ရှိတယ်။ ပရိသတ်တွေ ပျော်နေမှ လုပ်ငန်းတွေ လည်းကောင်း နေမှ ကိုယ့်ရဲ့အနုပညာ အလုပ်က လည်းဝေဝေဆာဆာနဲ့ ပျော်ပျော်ရွှင် ရွှင်ရှိမှာပါ။ ပရိသတ်တွေ အဆင်မပြေ ဘူးစိတ်ညစ်နေတယ် ဆိုရင် ကိုယ် လည်းအဆင်မပြေသလို ခံစားရတယ်။ အဲဒီအတွက် ပရိသတ်ကို ပျော် နေစေချင်တယ်" လို့ ပြောပါတယ်။
လွင်လွင်ထွန်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...