Monday, September 23, 2013

အသားစားကြူး၍ ဝက်ဖြစ်သွားသော ...





Monday, September 23, 2013

အသားစားကြူးရင် ဝက်ဖြစ်တတ်တယ်။

ဗီဒီယိုဇာတ်ကားတခုရဲ့အမည်မှာ အဲဒီလို တွေ့ရပါတယ်။

အသားစားကြူး၍ ဝက်ဖြစ်သွားသော မကြင်သန်း (ပညာပေးဇာတ်လမ်း)
ဇာတ်ညွှန်း နေဒေါင်း
ဇာတ်လမ်း နဲ့ ဒါရိုက်တာ မဟာ (M.Sc)
စသဖြင့် စသဖြင့် ရေးထားတဲ့ ဗီဒီယိုကြော်ငြာတခုကို ရန်ကုန်မြို့လယ် ၃၅ လမ်း ဗီဒီယိုထုတ်လုပ်ရေးရပ်ကွက်မှာ ဟိုတလောက တွေ့လို့ ရိုက်ထားတဲ့
ဓာတ်ပုံ ဖြစ်ပါတယ်။

ဇာတ်ကားနာမည်နဲ့ အယူအဆကတော့ အငြင်းပွားစရာလို့လည်း ယူဆနိုင်
ပါတယ်။
အသားစားကြူးရင် ဝက်ဖြစ်မယ်၊
အသီးအရွက်စားတာများလွန်းရင်ရော သစ်ပင်ဖြစ်သွားမလား ဆိုပြီး
ငေါ့တော့တော့ ပြောလာတာတွေလည်း ရှိလာနိုင်ပါတယ်။

ဇာတ်ကားထဲမှာ အဲဒီသရုပ်ဆောင်က ဘယ်လောက်တောင် အစားကြူး
သလဲ၊ ဘယ်လိုစားသလဲ ဆိုတာကတော့ အဲဒီဗီဒီယိုကြည့်မှပဲ သိနိုင်ပါ
လိမ့်မယ်။

ပိုစတာကတော့ အင်မတန် ဆွဲဆောင်မှု ရှိတာကို တွေ့ရမှာပါ။
ဗီဒီယိုဈေးကွက်မှာ အောင်မြင်မယ့်ဇာတ်ကားလို့ ယူဆရပါတယ်။

ဧရာဝတီ





0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...