Thursday, September 19, 2013

ငွေကျပ်သန်းပေါင်း ၇ဝဝ ကျော်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ


တာချီလိတ် ၊ ၁၉-၉-၂ဝ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ၊ ပါခုတ် စစ်ဆေးရေး ဂိတ် ကွင်းရှောင်သော လမ်းတွင် စက်တင်ဘာ ၁၆ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်က ကျပ် ၇၇၉.၂ သန်း ဖိုးခန့်ရှိ စိတ်ကြွ ရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ် မူးယစ် (အထူး) အဖွဲ့မှ ရဲအုပ် လှလွင်ဦးစီး  ပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၁၆ ရက် ည ၇ နာရီခွဲ အချိန်ခန့် တွင် သတင်းအရ ပါခုတ် စစ်ဆေးရေး ဂိတ် ကွင်းရှောင်သော လမ်းတွင် ပိတ်ဆို့ ရှာဖွေ စစ်ဆေး နေစဉ် ဝမ်ပုံဘက်မှ တာချီလိတ် ဘက်သို့ မောင်းနှင် လာသော Pajero အမျိုးအစား အစိမ်း - ခဲရောင် မော်တော်ယာဉ် ၄ဂ/၃၅၃၆ မှာ စစ်ဆေး ခံယူခြင်း မပြုဘဲ နောက်ဘက် သို့ ပြန်လှည့် မောင်းနှင် သွားသဖြင့် ပူးပေါင်း အဖွဲ့မှ မော်တော်ယာဉ် ဖြင့် လိုက်လံ ပိတ်ဆို့ တားဆီးစဉ် အမည်မသိ ယာဉ်မောင်း ဖြစ်သူနှင့် အမျိုးသား တစ်ဦးတို့မှာ ယာဉ်အား ရပ်တန့်ပြီး အနီးရှိ ရော်ဘာတော အတွင်းသို့ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။

အဆိုပါ ပူးပေါင်း အဖွဲ့သည် သက်သေများ နှင့်အတူ ၄င်း မော်တော်ယာဉ် အား စစ်ဆေး ရှာဖွေခဲ့ရာ ကားအတွင်း ရှိ မြွေရေခွံ အိတ် နှစ် အိတ်အတွင်းမှ အနီရောင် ရွှေငါးတံဆိပ် ပါ ပလပ်စတစ် အိတ်ဖြင့် ထုပ်ထားသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား တစ်ထုပ်လျှင် ၁ဝဝဝဝ ပြားစီပါ ၃၈ ထုပ် ၊ ၉၆ဝဝ ပြားပါ တစ်ထုပ် ၊ ပေါင်းဆေးပြား ၃၈၉၆ဝဝ ပြား ၊ အလေးချိန် ၃၈.၉၆ ကီလို ၊ ကာလ တန်ဖိုး ဆေးပြား တစ်ပြားလျှင် ၂ဝဝဝ ကျပ်နှုန်းဖြင့် ကျပ် သန်းပေါင်း ၇၇၉.၂ သန်းအား တွေ့ရှိသဖြင့် ရဲအုပ် လှလွင်မှ သက်သေများ ရှေ့တွင် ရှာဖွေပုံစံ ဖြင့် သိမ်းဆည်း ခဲ့သည်။ ယင်းဖြစ်စဉ်မှ တရားခံ နှစ်ဦး အား ဖမ်းဆီး ရမိရေး အတွက် ပူးပေါင်း စုံစမ်းလျက် ရှိပြီး တာချီလိတ် ရဲစခန်းတွင် မယ(ပ) ၁၁၆/၁၃ ၊ မူး-စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် ထားရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...