Thursday, September 19, 2013

ရုရှားနိုင်ငံက Zapad - 2013 ပူးတွဲစစ်ရေး လေ့ကျင့်ခန်း အတွက် ပြည်တွင်း လုံခြုံရေးတပ်ဖွဲ့ဝင်၂ဝ,ဝဝဝ ကျော်အား တပ်လှန့်မှု ပြုလုပ်


၁၉-၉-၂၀၁၃

ရုရှားနိုင်ငံ နှင့် ဘယ်လာရုစ် နှစ်နိုင်ငံ အကြား စက်တင်ဘာ၂ဝ ရက်မှ ၂၆ ရက်အထိ ပြုလုပ်မည့် Zapad - 2013 ( West - 2013 ) ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း အတွက် ကြိုတင် ပြင်ဆင်မှု ပြုလုပ်ထားရေး ရုရှား ပြည်ထဲရေး ဝန်ကြီးဌာန ၏ ပြည်တွင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၂ဝ,ဝဝဝ ကျော်အား တပ်လှန့်မှု တစ်ရပ် ပြုလုပ် ခဲ့ကြောင်း ရုရှား ဒုတိယ ပြည်ထဲရေး ဝန်ကြီးနှင့် ပြည်တွင်း လုံခြုံရေး တပ်ဖွဲ့ဆိုင်ရာ အကြီးအကဲ Nikolai Rogozhkin က စက်တင်ဘာ ၁၇ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ လုံခြုံရေး တပ်ဖွဲ့ဝင် များသည် စစ်ရေး လေ့ကျင့်ခန်း အကြိုအဖြစ် ရုရှားနိုင်ငံ၏ နေရာ အနှံ့အပြားတွင် အကြမ်းဖက်မှု ကာကွယ်ရေး စစ်ရေး လေ့ကျင့်ခန်း များ ပြုလုပ် သွားမည် ဖြစ်သည်။

ယခုပြုလုပ်မည့် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တွင် စစ်ဘက် တပ်ဖွဲ့ဝင်များ အပြင် ပြည်ထဲရေး ဝန်ကြီးဌာန ၏ ပြည်တွင်း လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် အရပ်ဘက် အဖွဲ့အစည်း များဖြစ်သည့် သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ စွမ်းအင် ဝန်ကြီးဌာန နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များပါ ပါဝင် လေ့ကျင့် သွားရေး ညွှန်ကြားချက် တစ်ရပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန် ခဲ့သည်။

Zapad - 2013 ပူးတွဲစစ်ရေး လေ့ကျင့်ခန်း သည် ရုရှားနှင့် ဘယ်လာရုစ် နှစ်နိုင်ငံ အကြား မဟာ ဗျူဟာမြောက် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း ဖြစ်ကြောင်း ၊ လေ့ကျင့်ခန်း တွင် စုပေါင်း လုံခြုံရေး စာချုပ်အဖွဲ့ (SCTO) ၏ အဖွဲ့ဝင် ဆိုဗီယက် ပြည်ထောင်စု ဝင်ဟောင်း နိုင်ငံ ၇ နိုင်ငံဖြစ်သည့် ဘယ်လာရုစ် ၊ အာမေးနီးယား ၊ ရုရှား ၊ ကာဇက်စတန် ၊ ကာဂျစ်စတန် ၊ တာဂျစ်ကစ္စတန် နှင့် ဥဇဘက်ကစ္စတန် တို့မှ တပ်ဖွဲ့ဝင်များ ပါဝင် လေ့ကျင့် သွားမည် ဖြစ်ကြောင်း သိရသည်။

ဘယ်လာရုစ် နိုင်ငံအနေဖြင့် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း တွင်ပါဝင် လေ့ကျင့်ရန် လေယာဉ်နှင့် ရဟတ်ယာဉ် အစင်း ၆ဝ ၊ တိုက်ခိုက်ရေး ယာဉ်အစီး ၂၅ဝ ကျော် အပါအဝင် တပ်ဖွဲ့ဝင် ၁ဝ,၄ဝဝ တို့ကို  စေလွှတ် သွားမည် ဖြစ်ကြောင်း ရုရှား စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ ရုရှား နှင့် ဘယ်လာရုစ် နှစ်နိုင်ငံ တို့သည် ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ကလည်း အလားတူ အကြီးစား စစ်ရေး လေ့ကျင့်ခန်း များ ပြုလုပ် ခဲ့ကြောင်း လည်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...