Monday, October 28, 2013

၁၅၀၀ တန် မိုဘိုင်းဆင်းကတ်များ အပါအ၀င် မိုဘိုင်းဆင်းကတ် စုစုပေါင်း ၅ ဒသမ ၉၂ သန်းကျော် ရောင်းချပေးခဲ့ပြီး အိမ်ထောင်စု ၁ ဒသမ ၄၆ စုလျှင် မိုဘိုင်းဖုန်းတစ်လုံး ရရှိနိုင်မည်

 Created on Monday, 28 October 2013


လှိုင်မြို့နယ်အတွင်း ၁၅၀၀ တန် မိုဘိုင်းဖုန်း ဆင်းကတ်များ မဲနှိုက်နေစဉ်

ယခင်ရောင်းချထားသည့် ၁၅ သိန်းတန် မိုဘိုင်းဆင်းကတ်များ၊ ငါးသိန်းတန် မိုဘိုင်းဆင်းကတ်များ နှစ်သိန်းတန် မိုဘိုင်းဆင်းကတ်များနှင့် တန်ဖိုးနည်း ၁၅၀၀ တန် မိုဘိုင်းဆင်းကတ် အပါအ၀င် ကတ်စုစုပေါင်း မိုဘိုင်းဆင်းကတ် အရေအတွက် ၅ ဒသမ ၉၂ သန်းကျော် ရောင်းချပြီး တစ်နိုင်ငံလုံးတွင် ဖြန့်ဖြူးရောင်းချ ပေးခဲ့သည့် မိုဘိုင်းဖုန်း အရေအတွက်ပေါင်းနှင့် နိုင်ငံရှိ အိမ်ထောင်စုပေါင်း ၈ ဒသမ ၇ သန်းကျော်အား အချိုးကျ တွက်ကြည့်လျှင် အိမ်ထောင်စု ၁ ဒသမ ၄၆ စုလျှင် မိုဘိုင်းဖုန်းတစ်လုံး ကိုင်ဆောင်နိုင်မည် ဖြစ်သော်လည်း ယခုလက်ရှိတွင် အိမ်ထာင်စုတိုင်း မိုဘိုင်းဖုန်း သုံးစွဲရန် လိုအပ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ တန်ဖိုးနည်း ၁၅၀၀ တန် မိုဘိုင်းဆင်းကတ်များကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ ငွေကျပ် ၁၅၀၀ ဖြင့် ၂၀၁၃ ခုနှစ် ဧပြီ ၂၄ ရက်မှ စတင်ကာ CDMA မိုဘိုင်းဆင်းကတ်များကို ရောင်းချပေးခဲ့ပြီး နောက်ပိုင်းတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဂျီအက်အမ် မိုဘိုင်းဆင်းကတ်များနှင့် WCDMA မိုဘိုင်းဆင်းကတ်များကို ဆက်လက်ရောင်းချ ပေးခဲ့သည်။

"မိုဘိုင်းဆင်းကတ်တွေကို အိမ်ထောင်စုအားလုံး ကိုင်ဆောင်နိုင်အောင် ဆောင်ရွက်နေပါတယ်။ လက်ရှိအနေအထားမှာတော့ အိမ်ထောင်စုတိုင်းတော့ ဖုန်းမကိုင်နိုင်သေးပါဘူး။ နောက်ပိုင်းမှာတော့ လူတိုင်းမိုဘိုင်းဖုန်း ကိုင်ဆောင်နိုင်အောင် တိုးချဲ့ဆောင်ရွက် ပေးသွားမှာပါ" ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တန်ဖိုးနည်း ၁၅၀၀ တန် မိုဘိုင်းဆင်းကတ်များကို လတိုင်းမိုဘိုင်းဆင်းကတ် အရေအတွက် ၃၆၀၀၀၀ ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ အချိုးကျ ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်းများကို ဆက်လက်ဖြန့်ဖြူး ရောင်းချပေးသွားရန် စီစဉ်ရာတွင် လက်ရှိတပ်ဆင်ထားသော လိုင်းအင်အားနှင့် အမှန်တကယ် သုံးစွဲနေသော အခြေအနေများအရ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ အချိုးကျ ခွဲတမ်းစနစ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...