Monday, October 28, 2013

ပြည်တွင်းစစ်မီး အပြီးသတ်ငြှိမ်း နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD ပါတီဥက္က္ကဋ္ဌ ပြောကြား

 Created on Monday, 28 October 2013


ဟင်္သာတမြို့တွင် ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲကို အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး)

ပြည်တွင်းစစ်မီး အပြီးသတ် ငြှိမ်းနိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း NLD ပါတီ ဧရာဝတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဟင်္သာတမြို့၊ ဟုန်စံစီ ခန်းမတွင် အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲနှင့် ပြည်သူ့သဘောထား ခံယူပွဲ၌ Eleven Media ၏ မေးမြန်းချက်အား ၎င်းက ထိုသို့ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"ပြည်တွင်းစစ်ရဲ့ အဓိကက သံသယပဲ။ အဲဒီ သံသယကို ချေဖျက်နိုင်အောင် ပွင့်လင်းမြင်သာမှုနဲ့ သဘောထားကြီးမှုတွေ လိုအပ်တယ်။ ဒါတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းရမယ်။ ပြည်တွင်းစစ်၊ အာဏာရှင် အုပ်ချုပ်ရေး ဒါတွေအကုန်လုံးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေခံပြီး ပေါ်လာတာပဲ။ ဒီအခြေခံ ပြဿနာကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက "ဒီမိုကရေစီကျင့်စဉ်၊ ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် လုပ်တဲ့အခါ အပြန်အလှန် ညှိနှိုင်းဆွေး နွေးရမယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဦးတည်ရမယ်။ အကြမ်းဖက်မှုကို မသုံးဘဲ တိုင်းပြည်တည်ငြိမ်ရေးကို ဦးတည်ရမယ်။ ဒီနည်းလမ်းတွေကိုသုံးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

အခမ်းအနားသို့ အခြေခံဥပဒေ ပြင်ဆင်ရေး ဗဟိုကော်မတီဝင်များနှင့် ဟင်္သာတ ခရိုင်အတွင်း မြို့နယ်များမှ NLD ပါတီဝင်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၅၀၀ ခန့်တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲရေးထက် ပြင်ဆင်ရေးကို ထောက်ခံခဲ့ကြသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...