Tuesday, October 15, 2013

“ ပရိုက်ဗိတ် ဟော်စပီတယ် ”





မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြဿနာ သိသိသာသာ ချာတူးလန်လာတာ “၁၉၈၈”
နောက်ပိုင်းလို့ပဲ အကြမ်းဖျဉ်းပြောရမလိုပဲ၊ လူတိုင်းသိနေတာပဲဥစ္စာ၊ ကြာလေချာလေပဲ၊ လက်ရှိ
နိုင်ငံတော်အစိုးရမင်းများကလဲ ဒမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စကြီးဇယားရှုတ်နေတော့ ဒီ
ကိစ္စတွေထည့်မတွက်အားရှာပါဘူး၊ သူတို့ခမျာလဲ လှည်းကျိုးကြီးထမ်းနေရတာ ညောင်းလှရော့
မယ်။


အဲတော့ ပြည်သူပြည်သားတွေဟာမမာ မကျန်းဖြစ်ပြီဟေ့ ဆိုတာနဲ့ ရှိတာလေး ပေါင်နှံရောင်းချ
ရောင်းစရာမရှိချေးငှားပြီး ခေတ်ပေါ် ပရိုက်ဗိတ် ဟော်စပီတယ် တွေ လစ်ကြရတာပဲ၊ နည်းနည်း
ဝက်ထောတဲ့သူတွေကတော့ ဘန်ကောက်တို့ အင်္ဂလန်တို့လစ်ပြီး ကုကြတာပဲ ဟိုမှာက ပိုသေ
ချာတယ်။


ကိုယ်က ကိုယ်တိုင်သာခုထိ ဆေးရုံမတက်ဖူးသေးတာ၊ (ဘယ်တော့တက်ရမယ်တော့မသိ ) ..
ညာတကာနင်းစ ဆွေမျိုးသားချင်း သင်္ဂဟမမာမကျန်းကိစ္စ သွားရင်းပြုရင်း မဟာရန်ကုန်ရွှေမြို့
တော်ကြီးတစ်ဝှမ်းကအနှီး ပရိုက်ဗိတ် ဟော်စပီတယ်တွေ အကုန် အစုံအစေ့ရောက်ဖူးတယ်။


ပရိုက်ဗိတ်ဟော်စပီတယ်ကြီးတွေဆိုတာကလဲ လည်လည်ဝယ်ဝယ်ဒေါက်တာကြီးတွေနဲ့ ဓနရှင်
တွေ ပေါင်းဖွင့်ထားကြတာကအများသားကလား၊ အချို့ဝန်ဆောင်မှု သာယာပေမယ့် အတော်ကို
ရှားပါတယ်၊ ထုံးစံအတိုင်းမိရိုးဖလာအကျင့်က အောက်ဖိ အထက်ဖား ဇယားကနွယ်နေသေးပြန်
တာတစ်ကြောင်းဖွဲ့စည်းပုံနဲ့အုပ်ချုပ်မှုညံ့ဖျင်းတာ တစ်မှောက်တို့ကြောင့် သိပ်တော့ စွံလှတယ် မ
ဟုတ်ဘူး၊ဒါက ဝန်ထမ်းတွေ အပိုင်း။


နောက်တစ်ပိုင်းကဒေါက်တာကြီးများ ဒေါက်တာမကြီးများ အပိုင်း၊ ရှိသမျှ ခေတ်ပေါ် ပရိုက်ဗိတ်
ဟော်စပီတယ်ကြီးတွေမှာကပ်ထားတဲ့ ဒေါက်တာစာရင်းတွေကြည့်လိုက်၊ ဒီ ဆရာဝန် ဆရာဝန်
မကြီးတွေချည့်ပဲ၊ပတ်လည် လှည့်ထိုင်နေကြတာ၊ ဟော်စပီတယ်၏ ကြီးမားခန့်ညားထည်ဝါ ပုံနဲ့
ဝန်ဆောင်မှုကွာခြားပုံကြောင့်သာ ဈေးနှုန်းကွာသွားမယ်၊ ဒီဆရာဝန်တွေချည့်ပဲ။


မြန်မာပြည် တနံတလျားရိုးရာနတ်ကန္နား ၃၇ မင်း က ခုန် ပွဲများလိုပဲ၊ ဟိုကန္နားလဲ ကိုကြီးကျော်
မမနှဲ ဒီကန္နားမလဲ ကိုကြီးကျော် မမနှဲ လိပ်ပြာပူးကပ်နေသလိုပဲ၊ ဆရာဝန်ကြီးတွေ ရှိသမျှပရိုက်
ဗိတ် ဟော်စပီတယ် အကုန်ပတ် မွှေနေတော့တာ ။


သမားတော်ကြီးတွေခမျာတော့နိပွန်မာစတာအကျကားကြီးကားခန့်တွေနဲ့ မဟာရန်ကုန်မြို့ ကား
အပိတ်အညှပ်တွေကြားထဲဟော်စပီတယ်ပတ်နေရရှာတာ လွယ်တော့မလွယ်ရှာဘူး။


လူနာတစ်ဦးလျှင် အလွန့်အလွန်ဆုံး မိနစ်သုံးဆယ်လောက်ပဲ စမ်းသပ်နိုင်ရှာတယ်၊ တစ်ချို့ကျွမ်း
ကျင် ပါးရည်နှပ်ရည်ရှိတဲ့ဒေါက်တာကြီးတွေ ကတော့ ဘယ်လောက် ရောဂါ ထူထူ ဆယ်မိနစ်ပဲ၊
စေတနာအလွန်ပါတဲ့ဆရာဝန်ကြီးတွေရှိသလို အနာတခြား ဆေးတခြား ရောဂါဝါးတားတားတွေ
မျိုးလဲ ရှိသေးးးဟေးး ဟေးး၊ သြော် ဆရာဝန်လဲ လူပဲ ရောဂါ အဖြေရှာတာ သူတစ်ယောက်ထဲမှ
ရှာမရတာ၊ဆီးစစ်၊ သွေးစစ်၊ ဓါတ်မှန်ရိုက်၊ အာထရာဆောင်းဖတ် နဲ့ အနှီး ရီဇတ်တွ တက်လာမှ
ဘောပင်လေးတစ်ချောင်းနဲ့တောင်ခြစ်မြောက်ခြစ်တွက်ချက် အဖြေထုတ်ရတာ၊ ရီဇတ်တွေက မ
တော်လို့များယွင်းနေရင် ဆရာဝန်လဲ လည်ထွက်သွားတာပဲ၊ပေးရှန့်ကတော့ ငွေကုန် အချိန်ကုန်
ပေါ့၊ မှတ်မှတ်ရရအပေါင်းအသင်းထဲက ၃ ဦးတိတိရဲ့ အတွေ့အကြုံ ကိုယ်တွေ့ တွေ့ဖူးတယ် ...
ဗမာ သမားတော်ပါရဂူကြီးတွေက ရောဂါအဖြေရှာပေးပြီး ပြည်ပမှာသွားကုရင် ပိုကောင်းမယ်ဆို
ပြီး ရောဂါမှတ်ချက်တွေဖိုင်တွဲပေးလိုက်တယ်၊နီးနီးနားနား ထိုင်းမှာ သွားကုတော့ ကိုယ်ရွှေကိုယ်
မျိုးသမားတော်ကြီးတွေ ဆုံးဖြတ်ပေးလိုက်တဲ့ ရောဂါမဟုတ်ပဲ အခြားရောဂါဖြစ်နေတာမျိုး တစ်
သက်တာအလွဲတွေလဲ အံ့သြလောက်စွာ ကြုံဖူးရပါသေး။


ရှိပါတယ်ဗမာပြေမယ် .. ဆရာဝန်ကြီး “ဦးရဲမရ” တို့လို ပုဂ္ဂိုလ်ထူးကြီးတွေ၊ ဖြစ်နိုင်ရင် ဘုရားစင်
အောက်ခပ်နိမ့်နိမ့်မယ်ဆရာဝန်ကြီး ရုပ်ထု ထု ဂါရဝပြုထားသင့်တဲ့ သူမျိုးကြီးတွေ။


ပြီးခဲ့တဲ့၃ လခန့်က အိမ်က တပ်ချုပ်ကြီး ဝမ်းချုပ်တာ တစ်လ၊ တစ်နေ့ နည်းနည်း နည်းနည်း စီပဲ
သွားတော့ထုံးစံအတိုင်းရှိတာလေး ထုခွဲပြီး ပရိုက်ဗိတ်ဟော်စပီတယ်က စူပါသမားတော်ကြီးနဲ့ပြ
ပေါ့၊ ဟော ..ဆရာဝန်ကြီးက ငါးမိနစ်လောက် ဗိုက်ကို ဟိုနှိပ်ဒီစမ်းလုပ်ပြီး၊ အူမှာ အကျိတ်ဖြစ်နေ
တယ်၊ ကင်ဆာအကျိတ်လဲဖြစ်နိုင်တယ်၊ဆီးစစ်၊သွေးစစ်၊ ဝမ်းစစ်၊ အာထာရာစစ်၊ ဓါတ်မှန်စစ် အ
ကုန်ရှိသမျှစစ်ပြီး၊ခွဲရမယ်၊ ခွဲရမယ်၊ ခွဲရမယ် တဲ့ ၊ ဒီက ကောင်ကလဲပြာလို့ခါလို့ပေါ့၊ ဒီမယားလေး
တစ်ယောက်ရှိတာ အဖြစ်တော့မခံဘူး .. သေချာရင်တော့ခွဲပေါ့ဆရာရယ်၊ ပိုသေချာအောင် ထပ်
စစ်ဖို့ နည်းလမ်းလေးညွှန်းပါအုန်းဆိုတော့ဖင်ထဲ မှန်ပြောင်းထည့်ပြီး အူလမ်းကြောင်း သွားကြည့်
ချေဆိုလို့၊ မှန်ပြောင်းပါရဂူဆရာမကြီးဆီ ထပ်ပြေးပေါ့၊ အစာ ၂ ရက်အငတ်ထားပြီး ၊ သတ်မှတ်
ထားတဲ့ အချိန်ကျတော့မှန်ပြောင်းထိုးထည့် စကုပ်တော့ မှန်ပြောင်းဆရာမကြီး မှတ်ချက်က အူ
လမ်းကြောင်းမှာဘာအကျိတ်မှ မရှိ နထ္တိတဲ့၊ ဒါနဲ့ ထိုဆရာဝန်ကြီးဆီပြန်သွား မှတ်ချက်ပြတော့
အင်း …..….မီးယပ်နဲ့သားဖွား ပါရဂူဆီ ထပ်ပြကြည့်ပါအုန်းတဲ့ ဟေးးးး ဟေးးးး ပူဇော်ခကတော့
ဘယ်နှစ်ပုံးမှန်းမသိမြောက်သွားတယ်။


ဆရာဝန်ကြီးများ အကြောင်းတစ်စေ့တစ်စောင်းပြီးတော့ ဟော်စပီတယ်တွေရဲ့ ဝန်ဆောင်မှု အ
ပိုင်း -အထက်က ဆိုပြီးခဲ့သလို ဆရာဝန် သမားတော်ကြီးတွေ ဘဝဟာ ၃၇မင်းနတ်တွေလိုဖြစ်
ပြီး ပရိုက်ဗိတ် ဟော်စပီတယ်ဖေါင်ဒါတွေကတော့ ကန္နားစီးတွေနဲ့တူတယ်၊ ဘယ်ကန္နားပဲ ဝင်ပူး
ပူး ကြက်ကျော်အရက်နဲ့ ဘဲဥပြုတ်ပဲ ဆက်တာ၊ ကန္နားစီးတွေကသာ အထုတ်ပိုက်သွားကြတာ၊
အချို့ ဟော်စပီတယ်တွေ ကသေသေသပ်သပ်လေးနဲ့ ဝန်ထမ်းမလေးတွေကအစ ချစ်စရာလေး
တွေရွေးခန့်ထားတယ်၊ဖေါ်ရွေကြတယ်၊ အချို့တိုင်းရင်သူလေးတွေဆို စေတနာပါ ပါကြတယ်၊
သို့သော်ရှားတယ်၊အချို့ဟော်စပီတယ်က ဝန်ထမ်းမလေးတွေကျတော့ မျက်နှာအဆီပြန် အပူ
သယ်မလေးတွေလိုပဲ၊အမြဲတမ်းရွှင်ရွင်ပြပြမရှိဘူး၊ သူတို့မြင်ရတာ ရောဂါပိုဆိုးလာနိုင်တယ်၊ အ
လုပ်ထဲစိတ်ထည့်ထားပုံမရဘူး၊ဟော်စပီတယ် အနံအသက်တွေလဲမကောင်းဘူး၊ အဲသလိုကွဲခြား
တာတွေရှိပေမယ့်မဟာရန်ကုန်ရွှေမြို့တော်ကြီးရဲ့ ပရိုက်ဗိတ်ဟော်စပီတယ်တွေမှာချွတ်စွတ်တူ
တဲ့ အထာ တစ်ခုရှိတယ်၊အဆောက်အဦး ဖွဲ့စည်းပုံတွေမှာ ဆရာဝန်မျှော်ရတဲ့ လူနာတွေ စောင့်
စားရတဲ့ ထိုင်ခုံတွေအခန်းတွေ အဆင်မပြေဘူး၊ ကိုယ်က ရောဂါလာပြခါမှ တခြားသူေ ရာဂါ ပါ
ကိုယ့်ဆီကူးမယ့်အပေါက်အချိုး၊ မထသ လိုင်းကားထိုင်ခုံထက်နည်းနည်းသာတာ၊ အသား ချင်း
မထိတာပဲကွာတယ်၊နောက် ကားပတ်ကင်၊ ကားပတ်ကင် ကျယ်ကျယ်ဝန်းဝန်းဆေးရုံကြီးတော့
၂ရုံပဲတွေ့ဖူးတယ်၊ဈေးလဲကြီးတာကိုး၊ ကားရပ်စရာရှားရတဲ့ကြား ... ဆရာဝန်ကြီးများသာဆိုတဲ့
ဆိုင်ဘုတ်နီတာတွေးတွေကအနှံ့ ၊ ဆရာဝန်ကြီးများ ကြွချီလာပဟေ့ ဆိုတာနဲ့ ထီးတော်မိုး၊ကား
တံခါးတော်ဖွင့်၊ဆရာဝန်ကြီးထိုင်မယ့်ထိုင်ခုံအထိ ယို့ယို့လေးလိုက်လံပို့ဆောင်ပေးမယ့်ဝန်ဆောင်
မှုမျိုးကတော့ဆေးရုံတိုင်းမှာ ဖေါ်မြူလာလိုပဲ၊ လူနာ လာပဟေ့ဆို အာရကေလေး ငမ်းရှာ မျှော်
လင့်ရှာတဲ့ မျက်လုံးတွေနဲ့ ၊ လူနာ နဲ့ ဆရာဝန် ဘယ်ဒင်း ပိုအရေးကြီးသတုန်းဗျာ၊ ကမ္ဘာ့ ရှားပါး
အထူးအဆန်းထွေလာတွေချည့်ပဲ။


မည်သို့ပင်ဖြစ်စေကာမူလက်ရှိဗမာပြေရဲ့ ကျန်းမာရေး မမာရေး ချူချာရေးကိစ္စတွေမှာ ဒီလိုပရိုက်
ဗိတ်ဟော်စပီတယ်တွေရှိတာ အားကိုးအားထားစရာပါပဲ၊ ရောဂါဘယ ဆိုတာလဲ ငယ်ငယ်ကစိမ်
ပြေးတမ်းဆော့သလိုခဏနေအုန်း “ ဘုတ်တေး ” ခေါ်ထားလို့မှ မရတာ ၊ ဖြစ်ရင်ကုရာမှာပဲ။


ပရိုက်ဗိတ်ဟော်စပီတယ်တွေအနေနဲ့တစ်နေ့ထက်တစ်နေ့တစ်လထက်တစ်လ တစ်နှစ်ထက်တစ်
နှစ် ပိုပိုအဆင်ပြေအောင်လူနာတွေနေသာထိုင်သာအောင် ဝန်ဆောင်မှုတွေ တိုးတိုးဆောင်ရွက်
သင့်သလိုလိုအပ်ထာတွေ ဘေးကအကြံပြုတာတွေကိုလဲ ဂရုစိုက်ပြုပြင်သင့်ပါတယ်၊ လက်ဆက်
ကြေး ရသမျှဆိုင်းသမားတောင် မဝေပဲအိပ်ထဲ ထည့် လောဘဇောတိုက်နေသရွေ့တော့ ကိုယ့် သ
မိုင်းလှကြမှာမဟုတ်ပါဘူးလို့ကန္နားစီး ဟော်စပီတယ် ပိုင်ရှင်ကြီးများ အမြဲမပြတ် သတိချပ်စေချင်
ပါကြောင်း :D


မင်းသိုက်
အောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၃။
ရန်ကုန်မြို့တော်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...