Tuesday, October 15, 2013

ဆစ်ဒနီအိုလံပစ်ပန်းခြံမီးလောင် ကားအစီး၈ဝခန့် ပျက်စီး




[ ဆစ်ဒနီ ၊ အောက်တိုဘာ ၁၅ ၊ Ref-AFP ]

ဩစတြေးလျနိုင်ငံ ဆစ်ဒနီ မြို့ရှိ ဆစ်ဒနီအိုလံပစ်ပန်းခြံအ တွင်း လွန်ခဲ့သောတနင်္ဂနွေနေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ မော်တော် ယာဉ်အစီး ၈ဝခန့် မီးလောင်ပျက် စီးခဲ့သည်ဟု သိရသည်။မီးသတ်ဌာနအကြီးအကဲ ဖြစ်သူ ဂရက်မူလင်၏ ပြောကြား ချက်အရ မီးလောင်ကျွမ်းမှုသည် ဆေးလိပ်တို သို့မဟုတ် ကားအိတ် ဇော မီးပွင့်ရာမှ စတင်လောင်ကျွမ်း ခြင်းဖြစ်ဖွယ်ရှိသည်ဟုသိရသည်။ ဆေးလိပ်တို သို့မဟုတ် ကားအိတ် ဇောမီးပွင့်ရာမှ မြက်ခင်းခြောက်မှ တစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ဖွယ်ရှိသော အဆိုပါမီးလောင် ကျွမ်းမှုကြောင့် Aquatic စင်တာ မှ လူပေါင်း ၅၀ဝခန့်ကို ပြောင်း ရွှေ့ပေးခဲ့ရသည်ဟု သိရသည်။

အရေးပေါ်ကယ်ဆယ်ရေး နှင့် မီးသတ်ဌာနအရာရှိဖြစ်သူ အိုယန်ခရမ်မာက တနင်္လာနေ့ တွင်ပြောကြားရာ၌ ကား၃၃စီး မှာလုံးဝပျက်စီးသွားခဲ့ပြီး ကား၎ရ စီးမှာလည်း ပျက်စီးမှုတချို့ရှိခဲ့ သည်ဟုသိရသည်။ မီးသတ်ဌာန အကြီးအကဲမူလင်က ဆေးလိပ် သောက်သုံးသူများကို အာဏာ ပိုင်များအနေဖြင့် မီးသတိပေးညွှန် ကြားချက်များ ထုတ်ပြန်ခဲ့ပြီးဖြစ် သကဲ့သို့ ယခုကဲ့သို့ပူပြင်းသော ရာသီမျိုးတွင် အပူရှိန်ကြောင့် မြက်ခြောက်များမှာ မီးလောင် မှုဖြစ်ပွားတတ်ပြီး ကားအိတ်ဇော ၏အပူရှိန်ကြောင့်လည်း မီးလောင် မှုဖြစ်ပွားတတ်သည်ဟု အေဘီ စီသတင်းဌာနသို့ ပြောကြားခဲ့ သည်။
ထို့အပြင် ၎င်းတာဝန်ထမ်း ဆောင်ခဲ့သော ၄၂နှစ်တာကာလ အတွင်း ယင်းကဲ့သို့ကြီးမားသော မီးလောင်ကျွမ်းမှုမျိုး မတွေ့ကြုံ ဖူးခဲ့ဟု ပြောကြားခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...