Tuesday, October 8, 2013

Learning English - စကားလုံးတို့၏ ဇာတ်လမ်းများ






'Dutch Phrases' ဆိုသည်မှာ Holland (ဟော်လန်) နိုင်ငံသား Dutch လူမျိုး (သို့) ဘာသာ စကား နှင့် သက်ဆိုင်ခြင်းမရှိသော 'အမေရိကန် ဝေါဟာရဆန်းစကားလုံးစု' (သို့) 'ဖော်ပြချက်' များဖြစ် သည်။ Dutch စကားလုံးစုဖော်ပြချက်များကို အမေရိကန်နိုင်ငံ၏ စစ်အတွင်းကာလများ (သို့) ပြင်း ထန်သော အမျိုး သားရေးစိတ်ဓာတ်တက်ကြွလှုပ်ရှားနေသော အချိန်ကာလများ အတွင်း ပေါ်ထွက် လာခဲ့သည်။ ထိုစစ်ကာလ ကုန်လွန်ပြီးနောက် နှစ်ရာနှင့်ချီ၍ အမေရိကန်ဘာ သာစကား ၏ အစိတ်အပိုင်းအဖြစ် အချိန်အတော်ကြာ တည်ရှိနေခဲ့သည်။ Dutch စကားလုံးပါ စကားစုများစွာကို အမေရိကန်အင်္ဂလိပ် (American English) ၌ စ တင်အသုံးပြုခဲ့ပုံမှာ ဤသို့ဖြစ်သည်။ ၁၇ ရာစုအတွင် အင်္ဂလန်နှင့် ဟော်လန်နိုင်ငံတို့၏ ပြင်းထန်သောရေ တပ်အင်အား ယှဉ်ပြိုင်မှုကြီးအတွင်း၌ Dutch ဝေါဟာရစကားလုံးစု အများအပြား အသုံးပြုခဲ့ကြသည်။ ယခု အချိန်တွင် Bristish (ဗြိတိန်လူမျိုး) နှင့် Dutch လူမျိုးတို့မှာ မိတ်ဆွေကောင်းများဖြစ်နေကြသော်လည်း ရှေး အခါကမူ ဗြိတိန်လူမျိုးတို့သည် Dutch ဟူသော ဝေါဟာရကို'ဆိုးသော၊ မှားသော၊ မှားယွင်းသော' စသည့် မကောင်းသည့်အဓိပ္ပာယ်ဖြင့် သုံးစွဲခဲ့သည်။ 'Dutch bargain' ဟူသော စကားလုံးစုမှာ အရက်မူးနေစဉ် 'မူး မူးရူးရူးနှင့် သဘောတူခြင်း' (သို့) 'မူးရူးနေစဉ် သဘောတူခြင်း' ဟု ဆိုလိုသည်။ ထို့အတူ "Dutch Courage' ဟူသော စကားလုံးစုမှာလည်း 'အရက်မူးနေစဉ်ရှိသော သတ္တိ' (သို့) အမှားအမှန် မခွဲခြားနိုင် လောက်အောင် အရက်မူးနေစဉ် 'မူးမူးရူးရူးနှင့် ပြုလုပ်ရဲသောသတ္တ' ကို ဆိုလိုဟန်ရှိသည်။ မိမိတပ်စခန်းမှ ခွင့်ပြုချက်မရဘဲ တပ်မှထွက်ခွာသွားသော စစ်သားတစ်ဦး၏ ခွင့်မဲ့ပျက်ကွက်ခြင်းကို 'Dutch leave' ဟု ခေါ် သည်။
ရှေးက အသုံးပြုခဲ့သော Dutch စကားလုံးစုများသည် ယခုတိုင် အဓိပ္ပာယ် အနည်း ငယ်ကွဲလွဲစွာဖြင့် သုံးစွဲလျက်ရှိသည်။ Dutch treat ဆိုသည်မှာ ရှေးက ညစာစားပွဲတစ်ခုသို့ ဖိတ်ကြား ထားသော ဧည့်သည် များသည် မိမိတို့စားသောက်ကုန်ကျစရိတ်ကို အချိုးကျ ငွေပေး၍ စားသောက်ရသောပွဲမျိုးကို ခေါ်သည်။ ယ ခုခေတ်မှာမူ သူငယ်ချင်းတစ်စု ကိုယ့်ကုန်ကျစရိတ်ကိုယ် တာဝန်ယူသုံးစွဲ၍ စုပေါင်းအပျော်ထွက်ခြင်းကို Dutch treat ဟု ခေါ်သည်။ သူငယ်တစ်ဦးနှင့် သူငယ်မတစ်ဦးတို့သည် ကိုယ့်လက်မှတ်ကိုယ်ဝယ်၍ ရုပ်ရှင် အတူသွားကြည့်ခြင်းကို They agree to go Dutch ဟု ရေးသားသုံးနှုန်းသည်။ လွန်ခဲ့သော နှစ်အနည်း ငယ်ခန့်က လူသုံးများလှသည့် Dutch စကားလုံးစုမှာ in Dutch ဖြစ်သည်။ အဓိပ္ပာယ်မှာ 'ဒုက္ခရောက်သော' ဖြစ်သည်။ 'You were in Dutch' ဟု ရေးလျှင် 'You were in trouble' ဟု ဆိုလိုပြီး သင်၏ မိဘ၊ ဆရာသ မားကဲ့သို့သော လူကြီးသူမတစ်ဦးက သင့်ကို တစ်ခုခုကြောင့် စိတ်ဆိုးနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။
American English ၌ တွေ့ရသော အချို့ Dutch စကားလုံးစုများသည် ယခု ကျွန်ုပ်တို့ သိကြ သော Dutch လူမျိုးတို့နှင့် သက်ဆိုင်မှုမရှိပါ။ သက္ကရာဇ် (၁၇၀၀) ကျော် နှစ်များအတွင်း အမေရိကတိုက်သို့ ဝင်ရောက်လာခဲ့သော German (ဂျာမန်လူမျိုး) များကို Dutch ဟု ခေါ်ခဲ့ကြသည်။ ဂျာမန်စကားလုံး 'Deutsch' ကို မှားယွင်းစွာဖြင့် 'Dutch' ဟု ခေါ်ခြင်းဖြစ်သည်။ ထို ဂျာမန်လူမျိုးတို့မှ ဆင်းသက်လာသော မိ သားစုများမှာ ယခုတိုင် အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းတွင် နေထိုင်လျက်ရှိသည်။ ထိုသူတို့ကို 'Pennsylvania Dutch' (ပင်ဆယ်လ်ဗေးနီးယားဒတ်ခ်ျ) ဟု သိကြသည်။
အမေရိကန်ပြည်တွင်းစစ်အတွင်း အလယ်ပိုင်း Missousi ပြည်နယ်မှ မြောက်ပိုင်းသားများဘက်ကို ထောက်ခံကြသူများကိုလည်း Dutch ဟု ခေါ်ကြသည်။ ဤကဲ့သို့ခေါ်ရခြင်းမှာ ၎င်းတို့အများစုသည် ဂျာမန် အခြေချနေထိုင်သူများ ဖြစ်သောကြောင့်ဖြစ်သည်။ ကာလီဖိုးနီးယားပြည်နယ်၌ 'ရွှေကို သဲသဲမဲမဲရှာဖွေနေ သောအချိန်' (Gold rush) အတွင်းက ဂျာမန်များ၊ စကင်ဒီနေးဗီးယန်းများ၊ ဟော်လန်နိုင်ငံသားများကိုလည်း Dutch ဟုပင် ခေါ်ခဲ့ကြသည်။
ယခုတိုင် အသုံးများလျက်ရှိသော စကားလုံးစုမှာ Dutch uncle ဖြစ်သည်။ ၎င်း၏ အဓိပ္ပာယ်မှာ 'တင်းကြပ်ခိုင်မာသော၊ ခက်ထန်တင်းမာသော' ဟူ၍ ဖြစ်သည်။ Dutch လူမျိုးတို့သည် မိမိတို့သားသမီးများ ကို ပြုစုပျိုးထောင်ရာတွင် အလွန်စည်းကမ်းတင်းကြပ်သည်ဟု အသိအမှတ်ပြုခံရသည်။ Dutch ဦးကြီး၊ ဦး လေးများသည်လည်း ပြောဆိုဆုံးမရာတွင် 'နှုတ်၊ လျှာ' ခက်ထန် တင်းမာကြောင်း ထင်ရှားကြသည်။ ထို့ ကြောင့် Someone spoke to you like a Dutch uncle ဟု ရေးသားသုံးနှုန်းလျှင် သင့်ကိုတစ်စုံတစ်ဦးက 'တင်းမာခက်ထန်စွာ' အလေးအနက်ပြောသည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။

(2002, July လထုတ် American Mosaic, Words and Their Stories အခန်းမှ Dutch Phrases ကို ဘာသာပြန်ပါသည်။)

WORDS AND THEIR STORIES
စကားလုံးတို့၏ ဇာတ်လမ်းများ - နွယ်နွယ်
Dutch Phrases - ဒတ်ခ်ျစကားလုံးစုများ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...