Tuesday, October 8, 2013

ငြိမ်းချမ်းရေးအတွက် UNFC ဘာလုပ်မလဲ





UNFC ဆိုတာ United Nationalities Federal Council ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီပါ။ ဒီအဖွဲ့ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၁) ဖွဲ့ဖြင့် ဖွဲ့စည်းထားတာပါ။ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုပေမဲ့အဆိုပါအဖွဲ့ကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကအယုံအကြည်မရှိကြပါဘူး။

ဒါဆိုဘာလို့ ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့တာလဲ။ ဒီအဖွဲ့မှာ ဘယ်လိုလူမျိုးတွေပါကြသလဲ။ စိတ်ဝင်စားစရာပါ။တကယ်တော့ UNFC မှာ လက်နက်ကိုင်အဖွဲ့အစည်းထဲက မယ်မယ်ရရ ဘယ်သူမှ မပါကြပါဘူး။

ပါတဲ့ လူတွေကလည်း လက်နက်ကိုင်အဖွဲ့မှာ နေရာမရသူတွေနဲ့ အစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့လူတွေမဟုတ်တဲ့ နိုင်ငံရေးသမားအများစု ပါဝင်ဖွဲ့စည်းထားတာပါ။ တကယ့်ကို တိုက်ပွဲတွေ မှာပါဝင်တိုက်ခိုက်ခဲ့ရတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် ပိုင်းတွေမပါဝင်တဲ့ အတွက်UNFC ဟာ ငြိမ်းချမ်းရေးကို တကယ်လိုလားရဲ့လားဆိုတာ စဉ်းစား စရာဖြစ်လာပါတယ်။

ဘာလို့ဒီလိုပြောရသလဲဆိုတော့ UNFC ဟာ လက်ရှိဦးအောင်မင်းဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်တွေကိုပျက်ပြားအောင်နှောင့်ယှက်နေခဲ့တာကြောင့်ပါ။ဦးအောင်မင်းရဲ့အစိုးရငြိမ်းချမ်းရေး အဖွဲ့က လည်းUNFC နဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ အစဉ်တစိုက်ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့ UNFCရဲ့ ဆွေးနွေးပွဲတွေကိုကြားနိုင်ငံတနိုင်ငံမှာလုပ်ဖို့စတဲ့တောင်းဆိုမှုတွေနဲ့အစိုးရအပေါ်အယုံအကြည်မရှိတဲ့ပုံစံတွေဟာငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

UNFC အနေနဲ့ တိုင်းရင်းသားအဖွဲ့တွေကို ကိုယ်စားပြု တယ်လို့ မိမိကိုယ်ကိုသတ်မှတ်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့နဲ့ နိုင်ငံေ ရးတွေ့ ဆုံဆွေးနွေးရေးကိစ္စတွေကို UNFC တစ်ဖွဲ့ထဲကပဲဦးဆောင် သွားမည်ဆိုပြီး ကြေညာချက်တွေကို မိမိသဘောနဲ့ မိမိထုတ်ခဲ့ပါတယ်။ဒါပေမယ့် UNFC ကပဲ တိုင်းရင်း သားအဖွဲ့တွေကို ဦးဆောင်မယ်ဆိုတဲ့ အချက်ကို သဘော မတူကြောင်း KNUအထွေထွေ အတွင်းရေးမှူး ဖဒို ကွယ်ထူးဝန်းမှ ပြန်လည်ပြောကြားခဲ့မှုကြောင့်တိုင်းရင်းသားတွေကို UNFC က ကိုယ်စား မပြုကြော င်းပေါ်လွင်ခဲ့ပါတယ်။

မကြာမီပြုလုပ်တော့မည့်ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲကြီးသည် ပြည်သူအများမျှော်လင့်နေသည့်ငြိမ်းချမ်းရေးဖြစ်ယုံသာမကတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အမှန်တကယ်လိုအပ်သည့်တပြည်လုံးငြိမ်းချမ်းရေးကြီးဖြစ်သည့်အတွက်အစိုးရ၏ငြိမ်းချမ်းရေးကြိုးပမ်းချက်အပေါ်UNFCအနေဖြင့်မည်ကဲ့သို့ တုန့်ပြန်မှုများရှိလာမလဲ ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးချိုးငှက်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...