Tuesday, November 19, 2013

တိုင်ဖွန်းမုန်တိုင်း အနိဌာရုံများကြောင့် ပတ်ကွီအို၏ အာရုံစူးစိုက်မှုလျော့သွားမည်ကို နည်းပြစိုးရိမ်နေ






အောင်မျိုး
လာမည့် နိုဝင်ဘာ(၂၃)ရက်နေ့တွင် တရုတ်နိုင်ငံ၊ မကာအို မြို့တွင် အမေရိကန်လက်ဝှေ့သမား ဘရန်ဒန်ရီးရော့စ်နှင့် ထိုးသတ်ရန်စီစဉ်ထားသော လစ်လပ်လျက်ရှိသည့် WBO လိုက်ဝယ်လ်တာ ၀ိတ်ချန်ပီယံဆုလုပွဲအတွက် ပြင်ဆင်လျက်ရှိသော ဖီလစ်ပိုင်လက်ဝှေ့ကျော်မန်နီ ပတ်ကွီအို မှာ မကြာခင်ကမှဖြစ်ပွားခဲ့သော တိုင်ဖွန်းမုန်တိုင်း၏ နောက်ဆက်တွဲအနိဌာရုံများကြောင့် လေ့ကျင့်မှုအပေါ် အာရုံစူးစိုက်မှုလျော့နည်းသွားနိုင်ကြောင်း ၄င်းအားတာဝန်ယူလေ့ကျင့်ပေးနေသည့် အမေရိကန်နည်းပြဖ ရက်ဒီရို့ခ်ျက စိုးရိမ်စကားပြောလာခဲ့သည်။

“ ဖြစ်သွားခဲ့တဲ့ ၀မ်းနည်းစရာကိစ္စကြီးအတွက် အားလုံးက အာ ရုံစိုက်မိနေကြပါတယ်။ မန်နီက ရေလွှမ်းမိုးခံလိုက်ရတဲ့နေရာတွေဆီ သွားချင်တယ်လို့ ကျွန်တော့ကိုခွင့်လာ တောင်းခဲ့ပါသေးတယ်။ ဒါပေမယ့် ပွဲကအရမ်းနီးနေပြီး ဘယ်လိုမှကိုချိန်ပေးလို့မရတော့ဘူး။ မန်နီက ဒီပွဲအ တွက် အာရုံ အပြည့်စိုက်ထားပေမယ့် လူတွေဒီလောက်ထိ သေခဲ့ရတာကြီးကို ခေါင်းထဲကဘယ်ထုတ်လို့ရပါ့ မလဲ။ ဒီပွဲက သူ့အတွက်မဖြစ်မနေ အနိုင်ထိုးရမယ့်ပွဲဆိုတာသိထားတယ်။ ဒီပွဲကို သူ့ရဲ့လက်ဝှေ့သမားဘ၀ အတွက်သာမက မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသူတွေအတွက်ပါ အနိုင်ထိုးချင်နေပါပြီ”ဟု ဖရက်ဒီရို့ခ်ျက ပြော ခဲ့သည်။

ဖရက်ဒီရို့ခ်ျက နိုဝင်ဘာ(၂၃)တွင် ထိုးသတ်မည့်ပွဲစဉ်တွင် ဘရန်ဒန်ရီးရော့စ်အား ရှုံးနိမ့်ခဲ့ပါက ပတ်ကွီအိုအား လက်ဝှေ့သမားဘ၀မှ အပြီးတိုင်အနားယူခိုင်းတော့မည်ဟု ပြောထားခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း ဘရန် ဒန်ရီးရော့စ်နှင့်ပွဲအား မဖြစ်မနေအနိုင်ယူထိုးသတ်နိုင်ရန်အတွက် အပြင်းအထန်ပင် လေ့ကျင့်ခန်းဆင်းနေခြင်း ဖြစ်သည်။
http://www.trend.com.mm/2013/11/17/boxing-653

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...