Tuesday, November 19, 2013

အီးမေးလ်ပေးပို့ ရာတွင် သိထားသင့်သော အချက် ၁၀ ချက်






၁။ အချိန်ကိုလေးစားပါ။အချိန်ကိုလေးစားရန်မှာ အခြေခံအချက်တစ်ခုဖြစပါတယ်။ Message ပို့သူအနေဖြင့်သင်၏ email ကို အချိန်အနည်းငယ်တွင် ပေးပို့ရန်မှာ သင်၏တာဝန်ပင်ဖြစ်ပါတယ်။

၂။ စာပြန်နောက်ကျခြင်းနှင့် နည်းပါးခြင်းသည် ရိုင်းပြခြင်းမဟုတ်ပါ။အီးမေးလ် ပို့နေစဉ် တခြားတဖက်မှ စာပြန်မှု နှေးကွေးသော်လျှင်လည်းကောင်း၊ သင်၏ မေးခွန်းကို ပြည့်ပြည့်စုံစုံ မဖြေကြားပေးသော်လျှင်လည်းကောင်း လက်ခံပေးလိုက်ပါ။ ရိုင်းပြသော တုံ့ပြန်မှုကိုမှု မည်သူကမှမလိုလားပါ။ ထို့ကြောင့် တုံ့ပြန်မှုတိုင်းကို အကောင်းမြင်လက်ခံပေးပါ။



၃။ အမြင်ရှင်းလင်းစွာ ရေးသားပါ။ခေါင်းစဉ် Subject Line ကို ရှင်းလင်းစွာရေးသားရန်မှာ အလွန်အရေးကြီးပါတယ်။ရှပ်ထွေးသောစာကြောင်းများကို မရေးသားသင့်ပါ။ ထို အီးမေးလ်တွင် စာကြောင်း ၅ ကြောင်းထက်ပိုပါက အစပိုင်းတွင် စာပိုဒ်၏ အဓိက အကြောင်းအရာများကို ဖော်ပြသင့်သည်။ ထူးဆန်းသော font နှင့် အရောင်များဖြင့် ရေးသားခြင်းကို ရှောင်ကြဉ်ပါ။

၎။ လိုရင်းတိုရှင်းမေးပါ။အီးမေးလ်ဖြင့် မေးခွန်းများမေးလိုလျှင် အတတ်နိုင်ဆုံး ရှင်းလင်းပြီး ဖြေဆိုရန်လွယ်ကူသော မေးခွန်းများဖြစ်ရန် လိုအပ်ပါသည်။

၅။ Cc နေရာတွင် မေးလ် များများစားစားမထည့်ပါနှင့်။Ccတွင် recipient များများထည့်သွင်းလေ၊ ပေးပို့ရန်အချိန်ကြာနှောင်းလေ ဖြစ်တတ်ပါတယ်။ ထို့ကြောင့် recipient များများရှိလျှင် အလွယ်တကူဖြင့် “Reply All” မလုပ်သင့်ပါ။ လိုအပ်သော လူအရေအတွက်ကိုသာလျှင် cc’s နေရာတွင် ထည့်သွင်းသင့်ပါတယ်။

၆။ Thread များကို လျှော့ချပါ။အချို့ အီးမေးလ် များကို thread ဖြင့်ဖော်ပြလေ့ရှိသော်လည်း အီးမေးလ် ၃ စောင်ထက် ပိုပါက thread ဖြင့် ဖော်ပြလေ့မရှိပါ။ ထို့ကြောင့် အီးမေးလ် ပို့ရာတွင် သက်ဆိုင်မှုမရှိသော အကြောင်းအရာများကို ထည့်သွင်းရေးသားခြင်းမပြုသင့်ပါ။

၇။ မလိုအပ်သော attachment များကို ဖယ်ချန်ထားပါ။Logo သို့မဟုတ် signature များကို graphic files တို့ တွင် attachment မလုပ်ထားသင့်ပါ။ အချိန်ကို ပို၍ကြာနှောင်းစေနိုင်ပါတယ်။ စာပေးပို့လျှင်လည်း attachment လုပ်မည့်အစား အီးမေးလ်ထဲတွင် တခါတည်း ထည့်သွင်းရေးသားသင့်ပါတယ်။

၈။ EOM နှင့် NNTR ထည့်ရေးသားရန်။သင်ပေးပို့ မည့် အီးမေးလ်၏ စာအဆုံးတွင် _____________ EOM (End Of Message) ကိုဖော်ပြထားသင့်ပါတယ်။
NNTR (No Need To Respond) (စာပြန်ရန်မလိုအပ်ပါ။) ဖြင့်အဆုံးသတ်ခြင်းသည် အလွန်အသုံးဝင်ပါတယ်။ အတိုကောက် စာလုံးအများစုက ရှပ်ထွေးတတ်သော်လည်း ထို ၂ ခုမှာသည် တန်ဖိုးရှိသဖြင့် မှတ်သားထားသင်ပါတယ်။

၉။ မလိုအပ်လျှင် လျစ်လျှူရှုထားပါ။အီးမေးလ် တိုင်းကို စာပြန်ရန်မလိုပါ။( ဥပမာ- ကြောငြာ အီးမေးလ် )

၁၀။ Disconnect!ရေမြေခြားနေတဲ့ ဆွေမျိုးမိတ်သဟာတွေနဲ့ အဆက်အသွယ်ရှိဖို့ က အီးမေးလ်လိုအပ်ပါတယ်။ ဒါကြောင့်မလို့ အီးမေးလ်အသုံးပြုခြင်းကိုရပ်တန့် ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် online လောကနဲ့ အဆက်အသွယ်ပြတ်သွားနိုင်ပါတယ်။
http://www.emailcharter.org/ မှဘာသာပြန်တင်ဆက်ထားပါသည်။ “Email email email” © 1st June 2010 Keith Ramsey, used under a Creative Commons Attribution-ShareAlike license:http://creativecommons.org/licenses/by/2.0/deed.en

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...