Monday, December 9, 2013

သုံးနှစ်ထက်ကြာပြီး သန္စောတားဆေးမှီဝဲသည့် အမျိုးသမီးများ မျက်စိကွယ်နိုင်ခြေ နှစ်ဆခန့်မြင့်မား



သန္ဓေတားဆေးကို သုံးနှစ်ကျော်ကြာတဲ့အထိ မှီဝဲတဲ့ အမျိုးသမီးတွေအနေနဲ့အမြင်အာရုံဆုံးရှုံးနိုင် တဲ့ မျက်စိပြဿနာ ဖြစ်နိုင်ခြေ နှစ်ဆခန့်မြင့်မားတယ်လို့လေ့လာမှုအရ တွေ့ရှိထားပါတယ်။ သန္ဓေတားဆေးမှီဝဲတဲ့ အမျိုးသမီးတွေအနေနဲ့ မျက်စိရေတိမ်ရောဂါဖြစ်နိုင်ခြေ ပိုများတယ်လို့ သူတေသီတွေကတွေ့ရှိခဲ့ပါတယ်။ ရေတိမ်ရောဂါဟာ မျက်စိအတွင်းရေဆင်းတဲ့ ပိုက် ပတ်ဆို့မှု
ဖြစ်ခဲ့ရင် ရေစီးဆင်းမှု မရှိတော့တဲ့အတွက် မျက်လုံးအတွင်း ဖိအားများလာကာ မြင်လွှာမှ အာရုံကြောနဲ့ မျက်စိအာရုံကြော ပျက်စီးတာကြောင့် ဖြစ်တာပါ။

ဒီလေ့လာမှု အသစ်ဟာ ပါးစပ်မှ မှီဝဲရတဲ့ သန္ဓေတားဆေးကို အသုံးပြုတဲ့အမျိုးသမီးတွေ အနေနဲ့ ရေတိမ်ရောဂါဖြစ်နိုင်ခြေ များတာကို ပထမဆုံးတွေ့ရှိတာဖြစ်ပါတယ်။ ပါးစပ်မှ မှီဝဲရတဲ့ သန္ဓေတားဆေးဟာ ရေတိမ်ရောဂါဖြစ်ဖို့ တိုက်ရိုက်ဆက်သွယ် မှုမရှိပေမယ့် ဒီသန္ဓေတားဆေးကို ရေရှည်
အသုံးပြုပါက ရေတိမ်ရောဂါဖြစ်နိုင်ခြေ မြင့်မားတာကို ညွှန်ပြနေတယ်လို့သိရပါတယ်။ ရေတိမ်ရောဂါကို မျက်စဉ်းဆေးခတ်တာ၊ လေဆာကုထုံးအသုံးပြုတာ ဒါမှမဟုတ် ခွဲစိတ်နည်းလမ်း အသုံးပြုနိုင် ပါတယ်။ ရောဂါ ရှိမှန်းစောစောစီးစီးသိဖို့ အရေးကြီးပါတယ်။ မျက်လုံးတွင်းပျက်စီးမှု ဖြစ်လာရင်
ပြန်လည်ပြုပြင်လို့ မရနိုင်တာကြောင့်ပါ။ ရေတိမ်ရောဂါကို မကုသဘဲထားခဲ့ရင် အမြင်အာရုံဆုံး ရှုံးနိုင်ပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...